Sunday, November 7, 2010

မြ၀တီမြို့အား သိမ်းပိုက်ရန် ကြိုးပမ်းနေဟု ဒီကေဘီအေပြော


မြ၀တီမြို့အား သိမ်းပိုက်ရန် ကြိုးပမ်းနေဟု ဒီကေဘီအေပြော

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ
Sunday, 07 November 2010 15:34 နိုင်ငံတကာမြန်မာသတင်း
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) က တပ်မဟာ ၅ တပ်ဖွဲ့များက နယ်စပ် မြ၀တီမြို့အတွင်းသို့ ၀င်ရောက်ပြီး အစိုးရရုံးများကို သိမ်းပိုက်ထားပြီး မြို့ကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေသည်ဟု ပြောသည်။
 သူတို့က ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေး တံတားတွင်လည်း နေရာယူထားသည်ဟု ပြောသော်လည်း သူတို့ ပြန်လည် ဆုတ်ခွာမှု ရှိမရှိကို ကွဲပြားသော သတင်းများ ရရှိနေသည်။

 
သို့သော်လည်း မြ၀တီရှိ အဆင့်မြင့် ရဲအရာရှိကြီး တစ်ဦးက ဒီကေဘီအေ တပ်ဖွဲ့များ အစိုးရရုံးများ သိမ်းပိုက်ထားသည်ဆိုသည်မှာ မမှန်ကန်ကြောင်း ပြောသည်။

 
တချိန်တည်းမှာပင် ကရင်ပြည်နယ်အတွင်း ဗုံးပေါက်ကွဲသော သတင်းများလည်း ထွက်ပေါ်လာနေသည်။ မြန်မာစံတော်ချိန် မနက် ၁၁ နာရီတွင် ကော့ကရိတ်မြို့တွင် ဗုံး ၄ လုံး ပေါက်ကွဲခဲ့ပြီး မနက်စောစောပိုင်းက မြ၀တီတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်။

ယခင် အပတ်အတွင်းက ကော့ကရိတ်တွင် ဒီကေဘီအေ တပ်မဟာ ၅ တပ်ဖွဲ့များနှင့် မြန်မာစစ်တပ်များ ရက်အနည်းငယ်ကြာသည်အထိ ထိပ်တိုက်တွေ့ကာ အပြန်အလှန် ၀ိုင်းထားခဲ့သည်။

 
ဒီကေဘီအေ အဖွဲ့ဟာ အပစ်ရပ်အဖွဲ့ဖြစ်ခဲ့ပြီး တပ်မဟာ ၅ အဖွဲ့ဟာ နယ်ခြား စောင့်တပ်ဖွဲ့စည်းရေးကို လက်မခံပဲ ခွဲထွက်ခဲ့သည့် အဖွဲ့ဖြစ်သည်။ ဒီကေဘီအေ အဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် ကရင့်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) မှ ခွဲထွက်ခဲ့သည်။ 
===============================================
Latest News :http://www.news-eleven.com/
စမ်ချောင်းမြို့နယ် ရှမ်းကုန်းလမ်းရှိ မဲရုံ ၁ မဲရေတွက်မှုမှာ ပြည်သူလူထုသက်သေ ၁၀ ဦးကို စောင့်ကြည့်ခွင့် မပြုသဖြင့် အဆိုပါ မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးစိုးဝင်း(NDF)က မဲရေတွက်မှုအား ကန့်ကွက်ထား၊ လောလောဆယ်တွင် အဆိုပါ မဲရုံ၌ မဲရေတွက်ခြင်းအား ရပ်ဆိုင်းထားကြောင်းသိရ။
-----------------------------------------------------------------------------------------------
Latest News :http://www.narinjara.com/burmese.asp
စစ်တွေ အခြေစိုက် ခမရ ၃၅၄ တွင် နံနက် ၉ နာရီတွင် မဲရုံပိတ်။ မဲများရေတွက်ရာ မဲပြား ၃၂၆ စလုံးက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို ပေးကြောင်းနှင့် ကြံ့ဖွတ် အနိုင်ရကြောင်း ကျေညာ။ (၃ နာရီ ၃၀ မိနစ်)


တောင်ကုတ်မြို့နယ်တွင် မဲစာရင်းပါသူများသာ မဲပေးရမည် ဖြစ်ကြောင်း ယမန်နေ့ ညနေက အသံချဲ့စက်ဖြင့်ကျေညာ။ မဲစာရင်း မပါသူ အများအပြားရှိ။ ထိုသူများမှာ ကြံ့ဖွံ့ကို မထောက်ခံသူများဖြစ်။ တောင်ကုတ်တွင် ကြံ့ဖွတ်ကို တစည ရှုံးဖွယ်ရှိ။

မာန်အောင်မြို့တွင် ပြည်သူများ မဲရုံသို့ မသွားကြသဖြင့် မဲဆန္ဒရှင် ပြည်သူများကို ကြံ့ခိုင်ရေး ပါတီ တာဝန်ရှိသူများက လိုက်လံ ခေါ်ယူနေသည်။
မြေပုံမြို့ပေါ်တွင် နေ့လည် ၁၂ နာရီ ထိ မဲရုံများသို့ သွားသူ မရှိသလောက်နည်းပါး။ မဲပေးသူ ၁ ယောက် ၂ ယောက်စသာ တွေ့မြင်ရကြောင်း မျက်မြင်များကပြော။ စစ်အစိုးရမှ လေဘေးကို မျက်ကွယ် ပြုမူကို မကျေနပ်သူများနေသလို မုန်တိုင်းကြောင့် အားလုံးက ကိုယ်ဒုက္ခနဲ့ ကိုယ် ဖြစ်နေသဖြင့် မဲကို စိတ်ဝင်စားသူ နည်းပါး။
ကျောက်တော်မြို့နယ်တွင် မဲစာရွက် တခုတွင် အမှတ်အသား ၆ ခုပါရှိပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ) ကို မဲထည့်သူ များနေကြောင်း သိရှိရ။ တပ်မိသားစုများလည်း ရတပကို မဲထည့်ဟု လူငယ် တစ်ဦးက ပြော။
ပုဏ္ဍားကျွန်း မြို့နယ် ယိုးတရုတ်ကျေးရွာတွင်လည်း မဲပေးသူအများစုက ရတပ ပါတီကို မဲပေး။ ကြိုတင်မဲပေး ကောက်ခြင်းနှင့် ကြံ့ဖွတ်ကို မဲပေးရမည်ဟု အားနှင့် လုပ်ခြင်း မရှိဟု သိရှိရ။ ( ၂ နာရီ ၁၅ မိနစ်)
ရသေ့တောင်မြို့ပေါ်ရပ်ကွက်များတွင် မဲရုံ (၇) ရံရှိပြီး ချောင်းဝ ရပ်ကွက်တွင် မဲပေးမည့်သူ အရေတွက် ၆၀၈ ဦးရှိပြီး ကြိုတင်မဲ ၁၈၀ ကို ကြံ့ဖွတ်မှ ကောက်ယူထား။ အများစုက ရတပ ပါတီကို မဲပေးသဖြင့် မဲလိမ်မူ မပြုလုပ်ပါက ရတပ ပါတီနိုင်မည်ဟု မဲထည့်သူများက ပြောကြား။ ( နေ့လည် ၁ နာရီခွဲ သတင်း)
"သိရတဲ့နေရာတွေမှာတော့ ၉၀ ရာခိုင်နှုန်းလောက် ရပါတယ်၊ ချင်းအမျိုးသားပါတီက ဝင်ပြိုင်တဲ့မြို့နယ်တွေမှာ အခြေအနေကောင်းနေပါတယ်"ဟု ချင်းအမျိုးသားပါတီမှ ပါမောက္ခဒေါက်တာ ကန်ကျင်ဒါးလ်က ညနေ ၄နာရီ၂၀မိနစ်တွင် ပြောကြား
==================================================
Myanmar's elections  Breaking News Videos from CNN
 
====================================================
မြ၀တီကို DKBA သိမ်းပြီ
ဧရာဝတီ ယနေ့ ရွေးကောက်ပွဲ ကျင်းပနေစဉ်မှာပင် ကရင်ပြည်နယ် မြ၀တီမြို့ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့က နေ့လယ်ပိုင်းတွင် သိမ်းလိုက်ကြောင်း သိရ သည်။ မြ၀တီ ရဲ စခန်း အပါအ၀င် အချက်အချာ ကျသည့် နေရာများကို DKBA တပ်မဟာ ၉၉၉ နှင့် တပ်ရင်း ၉၀၇ တို့က သိမ်းလိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်နှုတ်ခမ်းမွေး ခေါ် စောလားပွယ် က ပြောသည်။ ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့သည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်သည့် အဖွဲ့ ဖြစ်သည်။ မြ၀တီမြို့ခံ တဦးကလည်း“ မြ၀တီမှာ အခြေအနေ မကောင်းဘူး၊ တချို့တွေကတော့ မဲဆောက် ဘက် ရှောင်သွားနေကြပြီ”ဟု ဆိုသည်။
 copy from  ဧရာဝတီ