Tuesday, November 16, 2010

ပြခန်း

ပြခန်း
(မြတ်သစ်_dawn)
ဒီနေရာမှာ

စုတ်ချက်ကြမ်းကြမ်းနဲ့ 
ရေးချယ်ထားတဲ့
တော်လှန်စစ်ရဲ့ 
ရသစုံပန်းချီကားတွေရှိတယ်။

ဝင်ကြေးလား
သတ်မှတ်ချက်မရှိ
ဘ၀ အသက်
ခြေ လက်
စေတနာကြေး။

အဲဒီမှာ
ရှယ်ရွန်စတုံးနဲ့  ဒယ်မီမိုးမရှိဘူး
ဟဲဗီးမယ်ဒယ်နဲ့  မော်ဒယ်လ်ဂဲလ်တွေမရှိဘူး။

သံမဏိဘောင်ခတ်ထားတဲ့ယုံကြည်ချက်တွေရှိတယ်
နာကြည်းမှူပုံတူတွေရှိတယ်
တော်လှန်ရေးတခုရဲ့ ဆွဲလက်စပန်းချီကားတွေရှိတယ်။

စိတ်ပါရင်
ဝင်ခံစားလို့ ရတယ်
ကိုယ်တိုင်ဝင်ရေးချယ်လို့ လည်းရတယ်
ကဲ ဘယ်လိုလည်းသူငယ်ချင်း။