Wednesday, November 24, 2010

ပစ်ကွင်း

ပစ်ကွင်း

(ဆက်မျိုးဦး)
ရဲဘော်
ပစ်မှတ်တစ်ခု ပစ်လိုက်တဲ့အခါ
ပစ်ကွင်းကျော်လွှား ကျည်ဆံများ
ပစ်ကွင်းမရောက် ကျည်ဆံအား
အသိအမှတ်မပြု အလကာ့း့ ၊
ရဲဘော်
စစ်ရေးနဲ့ နိုင်ငံရေး
ဘယ်ဟာအဓိက ဘယ်ဟာသာမည
စကားစစ်ခင်းမင်းငြင်းမနေနဲ့ ၊
ရဲဘော်
စစ်ရေးဟာ
သွေးထွက်တဲ့နိုင်ငံရေး
နိုင်ရေးဟာ
သွေးမထွက်တဲ့စစ်ရေး
မင်းလည်းလာခဲ့
ငါလည်းပါမယ်
ဟောဒီမှာပစ်ကွင်းရှိတယ့့် ။ ။