Saturday, November 13, 2010

အရှေ့ဆီမှာရောင်နီတွေသန်းလို့လာပြီ


အရှေ့ဆီမှာရောင်နီတွေသန်းလို့လာပြီ

အမေ့သား(ဒိန်းမတ်)

သြဘာသံတွေပြည့်လျှံ
ဟော....ဟိုရှေ့နားက လူအုပ်စုရဲ့အသံ
We love ဒေါ်အောင်ဆန်းစုကြည်
ဒေါ်စုကျမ္မာပါစေ ချမ်းသာပါစေ
အန်တီစု သက်တော်ရာကျော် ရှည်ပါစေ
ကျမလည်း ပြည်သူကိုချစ်ပါတယ်
ဒေါ်စုနဲ့ ပြည်သူ
ရင်တွင်းဖြစ်စကားတွေ အပြန်အလှန်ဆိုကြနေလေ...ရဲ့။
ယုံမကြည်နိုင်လောက်အောင်ပါပဲ
မလွတ်ခင်ကလည်းကြို
လွှတ်ပြီးတော့လည်း ပိုလာတာဟာ
သူမရဲ့ မေတ္တာအစွမ်း
ကမ္ဘာကိုလွှမ်းတာ ပြသလိုက်သလိုပါပဲ။
တချို့.....ကင်မရာတွေ တကိုင်ကိုင်နဲ့
မီဒီယာတွေနဲ့ စကားတွေဆို
တချို့.....ဝမ်းသာလွန်းတော့ စကားမဆိုနိုင်
တချို့.....ပါးပြင်ထက်မှာ မျက်ရည်တွေစို
ဒီလူတွေနဲ့ ဒေါ်စုရဲ့ချစ်ခြင်း
ဘယ်သူခွဲခွဲ ကွဲရိုးတဲ့လား။
မိခင်တယောက်လို အားကိုး
ဖခင်နေရာမှာ အစားထိုးခံခဲ့ရတဲ့ ဒေါ်စု
အောင်ဆန်းရဲ့လမ်းစဉ် ဗိုလ်ချုပ်ရဲ့ခွန်အားတွေ
သူမဆီမှာ အပြည့်ရှိတယ်။
ဟော....ဟိုရှေ့ဆီမှာ
ရောင်နီတွေ သန်းလို့လာပြီ
ငါတို့အားလုံး စိတ်သစ်အားမာန်နဲ့
အမေ့ကိုလက်တွဲ NLD ကိုဝိုင်းရံပြီ
ပန်းတိုင်ဆီကို မရောက်အရောက်လျှောက်လှမ်းကြပါ...စို့။
ကဗျာပေးပို့လာသောမိတ်ဆွေကြီးကိုမလှိုင်အားကျေးဇူးတင်ရှိပါသည်
===================================================
ယုံကြည်ချက်ကိုယုံကြည်လျက်
ကဗျာပေးပို့လာသောဆရာမောင်မောင်လှကြိုင်အားကျေးဇူးတင်ရှိပါသည်
 
====================================================
ကျနော်တို့  မြို့က မဗေဒါ
(မြတ်သစ်-dawn)

လေရူးသုန်မှုန် ရေဆုန်ရေဆန်
ဘယ်လောက်ထန်ထန်
သူ့ ခေါင်းမှာတော့ပန်းပနှ်လျက်။
သူ့ အပြုံးပန်း မေတ္တာစွမ်းက
ညှိုးးနွမ်းဝမ်းနည်း ပြည့်ငရဲကျ
စစ်နွံတွင်းက ပြည်သူ့ ဘဝ
ဒဏ်ရာအနာတရတွေ
တခဏအတွင်းပြောက်စေလျက်။
အိုဘယ့်ဗေဒါ မဗေဒါမှာ
မြစ်ဧရာတွင်း ဆန်ဆုန်တင်းလျက်၊
အိုဘယ့်ဗေဒါ မဗေဒါမှာ
လေဆုန်လေဆန် ကြံ့ ကြံ့ ခံလျက်၊
အိုဘယ့်ဗေဒါ မဗေဒါမှာ
တရာဘဲအုပ် ထိုးနှက်သုတ်လည်း
သူ့ ခေါင်းမှာတော့ပန်းပန်လျက်။

၁၃-၁၁-၂၀၁၀ ၊ဒေါ်စုအတွက်အမှတ်တရ
ကဗျာပေးပို့လာသောရဲဘော်ကြီးကိုမြတ်သစ်အားကျေးဇူးတင်ရှိပါသည်
=================================================
အန်အယ်လ်ဒီရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော (ရုပ်သံ)
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း
ဒီနေ့ နိုဝင်ဘာ ၁၄ ရက်၊ NLD ရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ မိန့်ခွန်း

=========================================


သူမချစ်သောသောင်းပေါင်းများစွာ သောပြည်သူလူထုကြီးအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စကားပြောကြား
================================================
ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ကောက်နုတ်ချက်များ
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု၏ မျှော်လင့်ချက်နှင့် ပတ်သက်၍ ပြည်သူလူထုက မျှော်လင့်ချက်နှင့် အားပေးနေသည်ကို သိကြောင်း၊ ပြည်သူလူထု စိတ်ထဲတွင်ရှိသည့် ဆန္ဒကို ထုတ်ဖော်ပြောစေလိုကြောင်း၊ တာဝန်ကို မကြောက်၊ တာဝန်မကျေမှာကိုသာ ကြောက်ကြောင်း၊ သူတဦးတယောက်တည်း မဟုတ်ဘဲ ပြည်သူလူထုနှင့် လက်တွဲ၍ လုပ်ဆောင်ဖြစ်ကြောင်း ပြောသည်။

နိုင်ငံရေးဆိုသည်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ဟောပြောသည့်နေရာတွင် လာထောက်ခံမှသာ နိုင်ငံရေးမဟုတ်ကြောင်း၊ အိမ်မှ ထမင်းချက်ပေးခြင်းသည်လည်း နိုင်ငံရေး၊ သားသမီး ကျောင်းပို့ခြင်းသည်လည်း နိုင်ငံရေး ဖြစ်ကြောင်း၊ နိုင်ငံရေးတွင် မပါချင်ဟု ပြောသူများသည် နိုင်ငံရေးကို နားမလည်၍သာ ဖြစ်ကြောင်း ပြောသည်။

အစိုးရနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က လူနည်းစုဖြစ်သော အုပ်ချုပ်သူများကို ပြည်သူက ထိန်းသိမ်းနိုင်ရမည်ဟု ပြောသွားသည်။ သူအကျယ်ချုပ်ကျနေစဉ် လုံခြုံရေး ဝန်ထမ်းများက ကောင်းမွန်စွာ ဆက်ဆံသလို ပြည်သူကို ကောင်းမွန်စွာ ဆက်ဆံစေလိုကြောင်း၊ သို့သော် သူ့ကဲ့သို့ ပြည်သူကို အကျယ်ချုပ် မကျစေလိုကြောင်း ပြောသွားသည်။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အလုပ်တွဲလုပ်၍ မရဟု မရှိစေရကြောင်း ပြောသည်။ ဒီမိုကရေစီ အစုအဖွဲ့များ အားလုံးနှင့်လည်း လက်တွဲဆောင်ရွက်မည်ဟု ပြောဆိုသွားသည်။
=========================================
ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ကောက်နုတ်ချက်များ ၂

လူထု၏ ဆန္ဒသဘောထားကို အရင်နားထောင်မည်
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု၏ မျှော်လင့်ချက်နှင့် ပတ်သက်၍ ပြည်သူလူထုက မျှော်လင့်ချက်နှင့် အားပေးနေသည်ကို သိကြောင်း၊ ပြည်သူလူထု စိတ်ထဲတွင်ရှိသည့် ဆန္ဒကို ထုတ်ဖော်ပြောစေလိုကြောင်း၊ တာဝန်ကို မကြောက်၊ တာဝန်မကျေမှာကိုသာ ကြောက်ကြောင်း၊ သူတဦးတယောက်တည်း မဟုတ်ဘဲ ပြည်သူလူထုနှင့် လက်တွဲ၍ လုပ်ဆောင်ဖြစ်ကြောင်း ပြောသည်။

အားလုံးသည် နိုင်ငံရေးဟု ဒေါ်အောင်ဆန်းစုကြည် ပြော
နိုင်ငံရေးဆိုသည်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ဟောပြောသည့်နေရာတွင် လာထောက်ခံမှသာ နိုင်ငံရေးမဟုတ်ကြောင်း၊ အိမ်မှ ထမင်းချက်ပေးခြင်းသည်လည်း နိုင်ငံရေး၊ သားသမီး ကျောင်းပို့ခြင်းသည်လည်း နိုင်ငံရေး ဖြစ်ကြောင်း၊ နိုင်ငံရေးတွင် မပါချင်ဟု ပြောသူများသည် နိုင်ငံရေးကို နားမလည်၍သာ ဖြစ်ကြောင်း ပြောသည်။

ပြည်သူက အစိုးရကို ထိန်းရမည်
အစိုးရနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က လူနည်းစုဖြစ်သော အုပ်ချုပ်သူများကို ပြည်သူက ထိန်းသိမ်းနိုင်ရမည်ဟု ပြောသွားသည်။ သူအကျယ်ချုပ်ကျနေစဉ် လုံခြုံရေး ဝန်ထမ်းများက ကောင်းမွန်စွာ ဆက်ဆံသလို ပြည်သူကို ကောင်းမွန်စွာ ဆက်ဆံစေလိုကြောင်း၊ သို့သော် သူ့ကဲ့သို့ ပြည်သူကို အကျယ်ချုပ် မကျစေလိုကြောင်း ပြောသွားသည်။

ဒီမိုကရေစီ အင်အားစုများနှင့် လက်တွဲမည်
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အလုပ်တွဲလုပ်၍ မရဟု မရှိစေရကြောင်း ပြောသည်။ ဒီမိုကရေစီ အစုအဖွဲ့များ အားလုံးနှင့်လည်း လက်တွဲဆောင်ရွက်မည်ဟု ပြောဆိုသွားသည်။
http://www.irrawaddyblog.com/ မှကူးယူဖော်ပြပါသည်
===========================================
Newly freed Suu Kyi met with 'screams of delight'
BBC NEWS-  ရုပ်သံမြင်ကွင်း -အပြည့်အစုံသို့

===============================================
============================================
Aung San Suu Kyi walked free from the lakeside home that has been her prison for most of the past two decades [AFP]
=====================================================

===========================================
CNN NEWS