Wednesday, April 28, 2010

ပါရမီတက္ကစီ ယာဉ်များအား ဗုံးသတိပေးချက်ထုတ်ပြန်

ပါရမီတက္ကစီ ယာဉ်များအား ငှားစီး၍ယာဉ်၏ နောက်ဖုံးအတွင်း(သို့မဟုတ်) ကားထိုင်ခုံအောက်တွင် ဗုံးဖောက်ခွဲရန် စီစဉ်နေကြောင်း သတင်းရရှိထားသည်ဟု သတိပေးချက်ထုတ်ပြန်


ပါရမီတက္ကစီယာဉ်မောင်းများ ယာဉ် အတွင်းလုံခြုံရေး အထူးဂရုပြုရှာဖွေစစ်ဆေး ဆောင်ရွက်မှုများပြုလုပ်လာကြောင်း ပါရမီတက္ကစီယာဉ်မောင်းများထံမှသိရှိရသည်။
 ယင်းမှာ ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက် လက်အောက်ရှိ ပါရမီတက္ကစီယာဉ်ဂိတ် တွင် ပါရမီတက္ကစီယာဉ်များ အားလုံး လုံခြုံရေးသတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရှိရသည်။ ထုတ်ပြန်ထားသော လုံခြုံရေးသတိပေးချက်များတွင် ပြည်သူ့ပျောက်ကျား တပ်ဦးအဖွဲ့မှ ဖောက်ခွဲရေးသမားများသည် ပါရမီတက္ကစီယာဉ်များအား ငှားစီး၍ ယာဉ်၏နောက်ဖုံး အတွင်း(သို့မဟုတ်)ကားထိုင်ခုံအောက်တွင် 'ဗုံး'ဖောက်ခွဲရန် စီစဉ်နေကြောင်း စစ်ဆေးဖော်ထုတ်သတင်း ရရှိထားသဖြင့် လုံခြုံရေးအထူးဂရုပြု၍ ယာဉ်အားရှာဖွေစစ်ဆေးကြရန်နှင့် ခရီးသည်ဆင်းတိုင်း ယာဉ်အတွင်း/အပြင်စစ်ဆေးရန်၊ ခရီးသည် မှတ်တမ်းထားရှိရန် စသည့်အချက် များပါရှိကြောင်း သိရသည်။

အဆိုပါ လုံခြုံရေးသတိပေး ချက်နှင့်ပတ်သက်၍ ပါရမီတက္ကစီယာဉ် မောင်းတစ်ဦးက''အခုလုံခြုံရေးအခြေ အနေအရ ကိုယ့်ကားကို ငှားတဲ့ခရီး သည်တွေမှာ အပိုပစ္စည်းတွေအိတ် တွေ ပါလာတယ် မပါလာဘူး ဆိုတာ အမြဲတမ်းသတိထားပြီး စောင့်ကြည့်ရပါတယ်။ အကယ်၍ အပို ပစ္စည်းတွေ ပါလာရင်လည်း ခရီး သည်ဆင်းသွားတဲ့အခါမှာ သူတို့ပစ္စည်းတွေ စုံမစုံကို စောင့်ကြည့်ရပါတယ်။ အခုအချိန်မှာက ဘယ်သူ့ကိုမှမယုံကြည်ရဘူး။ အဲဒါကြောင့် မို့လို့ ခရီးသည်အားလုံးကို ဂရုစိုက် ပြီးစောင့်ကြည့်နေရတာပါ''ဟုပြောကြားခဲ့သည်။
မူရင်းသတင်း http://www.first-11.com/ 
ဆက်ဖတ်ရန်အောက်သို့
======================================================
မြန်မာနိုင်ငံတွင် သဘာဝရေအရင်းမြစ် ဆုံးရှုံးမှုများပြားနေပြီး သောက်ရေသုံးရေအခက်အခဲကို ပိုမိုရင်ဆိုင်လာရဖွယ်ရှိ
မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် သောက်သုံးရေရရှိရေးအတွက် ရေခပ်သွားသူအချို့အပြည့်အစုံသို့

=================================================
ကာတွန်းဟန်လေးကို HRW အဖွဲ့ ဂုဏ်ပြု

နယူးယောက် အခြေစိုက် လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ (HRW) က ချီးမြှင့်သည့် ယခုနှစ်အတွက် ဂုဏ်ပြုဆုရရှိသူ စာပေ အနုပညာရှင် များထဲတွင် ကာတွန်းဆရာ ဟန်လေး ပါဝင်သည်ဟု သိရသည်။
Hellman/Hammett အမည်ရှိသော ဆုအတွက် ဆုရွေးချယ်ရေး ကော်မတီက ကာတွန်းဆရာ ဟန်လေးနှင့် ပတ်သက်ပြီး စဉ်းစား ကြရာတွင် များစွာ ဆွေးနွေးစရာ မလိုဘဲ သဘောတူခဲ့ ကြကြောင်း ကော်မတီဝင် တဦးဖြစ်သူ Marcia Allina က ဧရာဝတီသို့ ပြောသည်။

“အစိုးရ ဖိနှိပ်မှုအကြောင်းတွေ ဖွင့်ချတဲ့အတွက် ပစ်မှတ်ထား ခံရသူကို ပြပါဆိုရင် ကာတွန်း ဟန်လေးကို ပြရမှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

Hellman/Hammett ဆုသည် လူ့အခွင့်အရေး မြှင့်တင်ရန် အတွက် တက်ကြွစွာ ပါဝင် လှုပ်ရှားသူများကို နှစ်စဉ် ချီးမြှင့်သော ဆုဖြစ်သည်။ လွတ်လပ်စွာ ထုတ်ဖော်နိုင်ခွင့်ကို အလေးထားသည့် စာရေးဆရာ၊ အယ်ဒီတာများ ပါဝင်သော ကော်မတီက ၎င်းတို့ထံ ရောက်ရှိလာသည့် အဆိုပြုလွှာများကို လေ့လာဆွေးနွေးပြီး ဂုဏ်ပြုဆုရှင်များကို ရွေးချယ်ခြင်းဖြစ်သည်။
ထိုဆုသည် အမေရိကန် ပြဇာတ်ရေးဆရာမတဦးဖြစ်သူ LillianHellman ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။ ယုံကြည်ချက် အမြင်များကို ဖော်ထုတ်သည့် စာပေအနုပညာရှင်များကို ကူညီရေးအတွက် သူ၏ ပိုင်ဆိုင်မှုများကို အသုံးပြုရန် ပြဇာတ်ရေးဆရာမက သေတမ်းစာ ရေးသား မှာကြားခဲ့သည်။ ဆုပေးသည့် အစီအစဉ်ကို ၁၉၈၉ ခုနှစ်တွင် အစပြုခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အတွက် ဆုရသူ ကာတွန်းဆရာက သူ၏ ကာတွန်းများက လူ့အခွင့်အရေး လှုပ်ရှားမှုကို တဘက်တလမ်းက အထောက်ကူပြုကြောင်း အသိအမှတ်ပြုခံရသည့် အတွက် ဂုဏ်ယူမိသည်ဟု ပြောပြသည်။

“မြန်မာပြည်သူတွေက လူ့အခွင့်အရေး ဆုံးရှုံးနေကြတာပါ။ လူတိုင်းမှာ မွေးရာပါ အခွင့်အရေး ရှိပါတယ်။ အဲဒီ အခွင့်အရေးတွေကို လူတိုင်း အမြန်ဆုံးရ စေချင်ပါတယ်” ဟု ကာတွန်းဟန်လေးက ပြောသည်။

ယခုကဲ့သို့ နိုင်ငံတကာက အသိအမှတ် ပြုသောဆု ချီးမြှင့်ခံရခြင်းမှာ ပထဆုံး အကြိမ် ဖြစ်ကြောင်း ကာတွန်းဟန်လေးက ပြောသည်။ ဂုဏ်ပြုဆုနှင့် အတူ ငွေသားဆု အမေရိကန် ဒေါ်လာ ၁၀၀၀ ပါဝင်မည်ဟု ဆိုသည်။

ကာတွန်း ဟန်လေးသည် ၁၉၈၈ နောက်ပိုင်းမှ စတင်ပြီး ပြည်ပရှိ စာနယ်ဇင်းများအတွက် ကာတွန်းများ ရေးဆွဲခဲ့သည်။ ယခုအခါ ဧရာဝတီ မဂ္ဂဇင်းတွင် ပင်တိုင် ကာတွန်း ဆရာ အဖြစ် မြန်မာပြည်ဆိုင်ရာ နိုင်ငံရေး ကာတွန်းများ၊ သရုပ်ဖော်ပုံများ ရေးဆွဲလျက်ရှိသည်။

Hellman/Mammett ဆုရှင် ကာတွန်းဟန်လေးသည် ပန်းချီပညာကို ၁၉၈၂ ခုနှစ်က ရန်ကုန် ပန်းချီ ပန်းပု အနုပညာကျောင်းတွင် တက်ရောက် သင်ကြားခဲ့သည်။ လက်ဦးဆရာများမှာ ပန်းချီ ဦးသုခ၊ ဦးဘလုံလေး၊ ဦးဘကြည်၊ ဦးတင်အေးတို့ ဖြစ်သည်။

ယခင်နှစ်ကHellman/Mammett ဆု ရရှိသူများထဲတွင် အကျဉ်းကျနေသူ ကဗျာဆရာစောဝေလည်း ပါဝင်သည်။

ထို့ပြင် ကွယ်လွန်သူ ကဗျာဆရာကြီး တင်မိုး၊ ဇာဂနာ၊ နိုင်ငံရေး အကျဉ်းသားများအရေး ဆောင်ရွက်သူ ကိုဘိုကြည်၊ ဘလော့ဂါ နေဘုန်းလတ် စသည့် မြန်မာပြည်သားများလည်း ယခင်နှစ်များက Hellman/Mammett ဆုကို ရရှိခဲ့ကြသည်။
မူရင်းသတင်း http://www.irrawaddymedia.com/bur/