Saturday, April 10, 2010

လူထုတိုက်ပွဲ ကော်မတီသို့ ဝေဖန်အကြံပြုစာ၊

ခင်ဗျားတို့ ဖွဲ့ စည်းထားတဲ့ လူုထုတိုက်ပွဲကော်မတီ စတင်ဖွဲ့ စည်းစဉ်အချိန်တုန်းက လူထုဦးဆောင်ပါ တီဖြစ်ခဲ့တဲ့ NLD ကအမှန်တရားပေါ်မှာ ရဲရင့်ပြတ်သားစွာ ရပ်တည်ခဲ့မှုအပေါ်မှာ နိုင်ငံတကာရောက် နိုင်ငံရေးကိုစိတ်ဝင်စားသူများ စုပေါင်းပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဆောင်ပါ တီ NLD ကို ပြည်တွင်းလူထုတိုက်ပွဲသဏ္ဍန်ကို ဖန်တီးပြီး တစုံတရာ တတ်နိုင်တဲ့ဘက်က ပံ့ပိုးကူညီ ဘို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ဒီအဖွဲ့ အစည်းကိုဖွဲ့ စည်းခဲ့တယ်လို့  ကျနော်နားလည်ခဲ့ပါတယ်။ ဒါ့ကြောင့် အဖွဲ့ အစည်းနံမည်တတ်မှုကိုမကြိုက်ပေမဲ့ တိုင်းပြည်အတွက်တစုံတရာ အကျိုးပြုမဲ့အဖွဲ့ အစည်းဘဲ လို့ ထင်လို့ ဝေဖန်ကန့် ကွက်ခြင်း လုံးဝမလုပ်ခဲ့ပါ။

အခုတော့ခင်ဗျားတို့ ဆွေးနွေးတဲ့အသံဖိုင်များ၊ အင်တာဗျူးများ၊ ထုတ်ပြန်ချက်များကို နားထောင်ဖတ် ကြည့်တဲ့အခါ၊ ခင်ဗျားတို့ ဖွဲ့ တဲ့နံမည်နဲ့  ခင်ဗျားတို့ ဆွေးနွေးလုပ်ဆောင်နေတာတွေဟာ၊ ရည်ရွယ်ချက် နဲ့ လုပ်ရပ်တခြားစီဖြစ်နေတာကိုတွေ့ ရလို့ အခုလို ဝေဖန်ထောက်ပြလိုက်တာဖြစ်ပါတယ်။

ခင်ဗျားတို့ အဖွဲ့ အစည်းနံမည်တတ်ထားတဲ့ ကိစ္စနှင့်ပတ်သက်ပြီး ဝေဖန်ပါရစေ။

လူထုတိုက်ပွဲကော်မတီဆိုတာ ပြည်တွင်းမှာဖွဲ့ ရမဲ့အဖွဲ့ ပါ။ ပြည်ပကဖွဲ့ ရင်အဓ္ဓပါယ်မရှိဘူးလို့ ယူဆတယ်။

ခင်ဗျားတို့ ဒီနာမည်နဲ့ ဖွဲ့ လိုက်တဲ့အတွက် ပြည်တွင်းကလူထုတွေဟာ လက်ရှိနိုင်ငံရေးအရဖြစ်စေ၊ ဘ၀ပြဿ နာကြောင့် စစ်အစိုးရကိုအကျေနပ် လို့ ဆန္ဒပြတိုက်ပွဲဝင်သည်ဖြစ်စေ ခင်ဗျားတို့ အဖွဲ့ အစည်းနာမည်အောက်မှာ အလိုလိုရောက်သွားရောက်သွားမဲ့သဘောဆောင်တယ်၊ နောက်ပြီးခင်ဗျားတို့ လုပ်လို့ ဒီအဖွဲ့ အစည်းဟာဖြစ်ရ တယ်ဆိုတဲ့ စီးစီးပိုးပိုးစကားကိုသုံးဖို့ အတွက် ကြိုတင်လက်ဦးမှုယူပြီး ဒီအဖွဲ့ အစည်းကို ဖွဲ့  တာဖြစ်တယ်ဆိုတဲ့ သဘောသက်ရောက်မှုရှိတယ်လို့ ကျနော်ယူဆတယ်။ ပြည်တွင့်မှာလူထုတိုက်ပွဲကို တကယ်ဖန်တီးကြမဲ့ ခေါင်းဆောင်တွေက ခင်ဗျားတို့ ရဲ့ အဖွဲ့ အမည်ကို လုံးဝလက်ခံမှာမဟုတ်ဘူးလို့ ကျနော်ထင်တယ်။ ခင်ဗျားတို့  အနေနဲ့ ဖြစ်သင့်တာက လူထုတိုက်ပွဲဖြစ်မြောက်ရေး အထောက်အကူပြုကော်မတီ (ပြည်ပ) ဆိုရင် အင်မတန် သင့်တော်မဲ့ အမည်ဖြစ်သလို ဘယ်သူမှကန့် ကွက်လို့ မရတဲ့ အဖွဲ့ ဖြစ်သွားမှာအမှန်ပါ။

နောက်တချက်က ခင်ဗျားတို့ အဖွဲ့ အစည်းသဘောအရဆိုရင် အစည်းအဝေးတိုင်း၊ ဆွေးနွေးပွဲတိုင်းမှာ လူထု တိုက်ပွဲဖြစ်ပေါ်လာဘို့ အတွက် ဘယ်လိုမဟာဗျူဟာကိုချမှတ်ပြီး ဘယ်လိုနည်းဗျူဟာကို သုံးကာ လူထုတိုက် ပွဲကိုဖန်တီးရမယ်။ ပြည်တွင်းကလူထုတိုက်ပွဲကိုဖေါ်ဆောင်ကြမဲ့ခေါင်းဆောင်များကို ဘယ်လိုကူညီထောက်ပံ့ရ မယ်ဆိုတာကိုသာအဓိကထားဆွေးနွေးသင့်တယ်လို့  ကျနော်ထင်တယ်။

အခုခင်ဗျားတို့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်၊ အသံဖိုင်အင်တာဗျူးတွေ ကိုဖတ်ရကြားရတာကတော့ တိုင်းပြည်ရဲ့  အနာဂတ်ကို ပြုပြင်ပြောင်းလဲပေးနိုင်တဲ့ လူထုခေါင်းဆောင်နဲ့ ဦးဆောင်ပါတီ NLD ကို ဟိုဟာလုပ်လိုက်၊ ဒီ ဟာလုပ်လိုက်နှင့် ညွှန်ကြားချက်အမိန့် တွေ ဖိအားတွေပေးနေတာကိုဘဲတွေ့ နေ ရတယ်။ ဒီလိုဆိုရင် တော့ ခင်ဗျားတို့ အဖွဲ့ ဟာ လူထုတိုက်ပွဲကို မဖန်တီးဘဲနဲ့  သန်းရွှေဦးဆောင်တဲ့ နေပြည်တော်က အမိန့် တွေ၊ ဖိအားတွေထုတ်ပြန်တဲ့ အဖွဲ့ လိုဖြစ်နေပြီဆိုတာကို ကျနော်သတိပေးချင်တယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် ဦးဆောင်တဲ့ NLD ခေါင်းဆောင် များကို ခင်ဗျားတို့ လောက်မတော်ဘူး၊ မသိဘူးလို့ ထင်ရင် ခင်ဗျားတို့ အမှားကြီးမှားလိမ့်မယ်။ ခင်ဗျားတို့ ရဲ့ အလုပ်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ တို့ ရဲ့ ဖြတ်သန်းမှု၊ ရင်းနှီးမှု၊ ရဲရင့်မှု၊ ပြတ်သားမှု၊ ရပ်တည်ချက်ခိုင်မာမှု၊ အသက်အရွယ် နဲ့ ပညာသဘာကို စော်ကားရာရောက် တယ်၊ မယုံကြည်ရာရောက်တယ်လို့  ကျနော်ထင်တယ်။ တကယ်တော့ခင်ဗျားတို့ လုပ်ရမှာက လူထု ယုံကြည်တဲ့ သူတို့ ရဲ့ ဦးဆောင်မှုနောက်ကို တည့်တည့်မတ်မတ်လိုက်ဘို့  သာလိုဘာတယ်။ သူတို့ ရဲ့  လမ်းညွှန်ချက်နဲ့ လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းရမဲ့ တာဝန်ဘဲ ခင်ဗျားတို့ မှာရှိတယ် ဆိုတာနား လည်ပါ။ နိုင်ငံရေးမှာထောက်ခံသလိုလိုနဲ့  နောက်ကအချွန်နဲ့ ထိုးတဲ့ ဟာမျိုးမလုပ်မိကြဘို့ အထူးသတိ ပေးချင်ဘာတယ်။

နောက်တချက်က အဖွဲ့ အစည်းတခုမှာအစည်းအဝေး ဆွေးနွေးပွဲတွေကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေဟာသူတို့ မှန်တယ်ထင်တဲ့ အယူအဆ၊ အတွေးအခေါ်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာရှိတယ်။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူတို့ မှာအပြစ်မရှိပါ။ သူတို့ ရဲ့  ဆွေးနွေး ချက်တွေကို အသံဖိုင်လုပ်ပြီးတင်ပြတာကို တွေ့ ရတယ်။ တကယ်တော့ ဆွေးနွေးတဲ့သူတိုင်းကိုအသံ ဖိုင်လုပ်ပြီးတင်တာလဲမဟုတ်ဘူး၊ တချို့  ပုဂ္ဂိုလ်များရဲ့ အသံဖိုင်ကိုဘဲတင်ထားတာတွေ့ ရပါတယ်။ ဒါဟာမျှ တမှုမရှိတဲ့အပြင် မှန်ကန်တယ်လို့ လဲကျနော်မထင်ဘူး။ ကျနော့ဘ၀မှာ အစည်းအဝေးပေါင်းများစွာကို ဖြတ် သန်းခဲ့တဲ့အတွေ့ အကြုံအရ ခင်ဗျားတို့ အဖွဲ့ အစည်းမျိုးလို တဦးချင်းဆွေးနွေးမှုတွေကို ထုတ်ပြန်ကြေငြာတယ် ဆိုတာ တခါမှမတွေ့ ကြုံဘူးပါ။ ဒီလိုလုပ်တယ်ဆိုတာ ပုဂ္ဂိုလ်တဦးချင်း ထင်ပေါ်ကျော်ကြားမှုကိုလိုချင်လို့ လုပ် တယ်လို့ ယုဆစရာဖြစ်ပါတယ်။ အဖွဲ့  အစည်းသဘောနှင့်လုံးဝ ဆန့် ကျင်ဘက်ဖြစ်တယ်ဆိုတာ ထောက်ပြချင် ပါတယ်။ ပြုပြင်သင့်တယ်လို့ ကျနော်ထင်ဘာတယ်။

ခင်ဗျားတို့ ဟာတိုင်းပြည်ချစ်တဲ့စိတ်ဓါတ်၊ ဒီမိုကရေစီမြတ်နိုးတဲ့စိတ်ဓါတ်၊ အပြည့်အ၀ရှိကြတယ်ဆိုတာကို ကျနော် အကြွင့်မဲ့ယုံကြည်ပါတယ်။ ဒီစိတ်ဓါတ်ကိုကျနော်လေးစားပါတယ်။ ကျနော်ဝေဖန်ထောက်ပြချက်ကို လေးလေးနက်နက် စဉ်းစားကြပြီးတော့ ပြုပြင်ပြောင်းလဲပြီး တိုင်းပြည်ရဲ့  အကျိုးဖြစ်တဲ့ ဒီမိုကရေစီပန်းတိုင်သို့  အရောက်ချီတက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်းဖြင့်

ဒီမိုကရေစီပန်းတိုင်သို့ မျှော်မှန်းချီတက်လျှက်
သန်းဝင်း
၎. ၇. ၁၀