Friday, January 25, 2013

ပန်းတိုင် (The Goal)


ပန်းတိုင် (The Goal)
 
**ကျားကိုရှိခိုး -
နတ်ဆိုးပသ
ပါးစပ်ဟောင်းလောင်း
...အကြောင်းကြောင်း ကြောင့်
မိကျောင်းရဲရာ
အခွင့်မသာလျှင်
ကြမ္မာကိုယိုး
ဒီပံုမ်ၽိးနဲ ့
ဆူးၿခံ ုတိုးလို ့
ၿဖစ္ဖို ့လား????..၊
**မိုးမှောင်ကျပြီ -
လေပြင်းချွေလို့ 
ကမ်းခြေမမြင်
ပင်လယ်ပြင်ထဲ
လှိုင်းကြားဝဲမှာ
ရမ်းရော်လှော်ရင်း
နတ်သိကြားမ
ဘုရားတတယ်.....
လှော်တက်ကိုတင်
ရွက်မပြင်တော့-
လှေရှင်ကမ်းနဲ့ ဝေးနေဆဲ...၊
**ဘ၀သမုဒ် -
ဝဲမစုပ်ခင်
ရွက်တင်လှော်ခတ်
ကျော်ဖြတ်လှိုင်းလေ
ကမ်းခြေမမြင် တက်မတင်နဲ့ 
ကမ်းစပ်မရောက် တက်မမြောက်နဲ့ 
မသေအသက် ဇွဲမပျက်နဲ့ 
တစ်ရက်ကမ်းခြေတွေ့ လိမ့်မည်..။ ။


ဆူးနှင်း (၁၀၁/၁၀၂)
ဘုရားသုံးဆူ စစ်ဒေသ ။