Saturday, January 26, 2013

စစ်အာဏာရှင်တွေကပဲဖြစ်ဖြစ် ခရိုနီတွေကပဲဖြစ်ဖြစ် ၎င်းတို့ဆီမှရရှိတဲ့ငွေများနှင့်ပတ်သက်ပြီး အသုံးချတတ်ဖို့လို

စစ်အာဏာရှင်တွေကပဲဖြစ်ဖြစ် ခရိုနီတွေကပဲဖြစ်ဖြစ် ၎င်းတို့ဆီမှရရှိတဲ့ငွေများနှင့်ပတ်သက်ပြီး အသုံးချတတ်ဖို့လို
by Ko Balai Aung Soe on Saturday, 26 January 2013 at 10:55 ·
 

အခုတလောခရိုနီငွေတွေနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခရိုနီတွေဆီက ပညာရေးအလှူငွေများကို
ရယူလက်ခံခြင်းအပေါ် ယူသင့်မယူသင့်- လက်ခံသင့်မသင့်ကိုအချင်ပွါးငြင်းခုံမှုတွေပြုနေတာကြားသိနေရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော့်အမြင်ကိုအနည်းငယ်တင်ပြလိုပါတယ်။

နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဆိုးအောက်မှာကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေနဲ့ အလွမ်းသင့်ခဲ့တဲ့
ခရိုနီတွေဟာ ပြည်သူ့အကျိုးသယ်ပိုးပြီး စီးပွါးရေးလုပ်မှာမဟုတ်တာတော့ကျိန်းသေတယ်။ ဒီလူတွေဟာ စစ်အာဏာရှင်
ရဲ့ အကောင်းဆုံးဒေါက်တိုင်များဖြစ်ခဲ့သလို၊ ဒီလူတွေဟာ စစ်အာဏာရှင်တွေရဲ့ အကျိုးကိုပဲ ထမ်းရွက်တမှုပြုကြမှာပါ။ စစ်အာဏာရှင်တွေနဲ့ ပနာရခဲ့တဲ့ ခရိုနီတွေရဲ့ မြောက်များစွာချမ်းသာကြွယ်ဝမှုတွေဟာလည်းဘယ်ကရလာတာလဲ
ဆိုတာကိုလည်း မေးစရာတောင်လိုမည်မထင်ပါ။ ဘာကြောင့်မေးစရာမလိုသလဲဆိုတော့ ဒီငွေတွေဟာမတရားသော
နည်းလမ်းများဖြင့်ရှာဖွေရရှိလာတဲ့ငွေတွေဆိုတာ လူတိုင်းအသိပင်ဖြစ်သည်။
ဒီနေရာမှာကျနော်ပြောလိုတာက တချိန်က ကျနော်တို့ပြည်သူတွေဆီမှ နည်းလမ်းပေါင်းစုံဖြင့်မတရားရယူသွားတဲ့
ငွေတွေကို ကျနော်တို့ပြန်လည်ရယူတတ်ဖို့လိုပါတယ်။ ကျနော်တို့ငွေကို ဘယ်လိုနည်းနဲ့ဖြင့်ဖြင့် ကျနော်တို့ပြန်လည်
ရယူတာဟာ တရားတယ်။ ဒါပေမယ့် ခရိုနီတွေက ပြန်လည်ရယူတဲ့ငွေတွေကို အကျိုးရှိစွာအသုံးချတတ်ဖို့ပဲလိုပါတယ်။ ဥပမာ။ ။ သူတို့လှူဒါန်းတာပဲဖြစ်ဖြစ်၊ ပေးကမ်းတာပဲဖြစ်ဖြစ် ရယူရာမှာ လက်သိပ့်ထိုးပြီးမယူဖို့နဲ့ ခရိုနီတွေဆီကရယူ
ထားတဲ့ငွေတွေကို ကိုယ်ကျိုးအတွက်အသုံးမပြုဖို့ပဲလိုပါတယ်။ ခရိုနီတွေမှ လှူဒါန်းတာပဲဖြစ်ဖြစ်၊ ပေးကမ်းတာပဲဖြစ်ဖြစ် အဲဒီငွေတွေကို ပညာရေး၊ ကျမ္မာရေး၊ လူမှုရေး၊ ဒုက္ခဘေးအမျိုးမျိုးကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုတတ်ဖို့လို
ပါတယ်။ ဒါဟာလည်း ကျနော်တို့ပြည်သူတွေဆီက မတရားရယူသွားတဲ့ငွေတွေကို အကျိုးရှိရှိ အသုံးချသွားတာပဲဖြစ်
တယ်။ ခရိုနီတွေမှရရှိသည့်ငွေများကို ပါတီအရေး၊ နိုင်ငံရေးလုပ်ငန်းများတွင် အသုံးမချဖို့ပဲလိုပါတယ်။ ဒီနေရာမှာ
ပြောလိုတာက ခရိုနီပဲဖြစ်ဖြစ်၊ အာဏာရှင်တွေကပဲဖြစ်ဖြစ် အကယ်၍ သူတို့ဆီကရရှိလာတဲ့ငွေတွေကို ဘယ်လိုနေရာ
မှာအသုံးပြုမလဲဆိုတာကို ထင်သာမြင်သာရှိဖို့နဲ့ ပြည်သူအများသိစေရန်ချပြဖို့လိုအပ်ပါတယ်။ ရရှိတဲ့ငွေတွေအပေါ်
ထင်သာမြင်သာမှုမရှိပဲ ပြည်သူအများကို အသိမပေးပဲလျှို့ဝှက်ထားလျှင် ရိုးသားပွင့်လင်းမှုမရှိခြင်းကိုပြသသည့်အပြင်၊
အဖွဲ့စည်းပဲဖြစ်ဖြစ်၊ လူတဦးတယောက်ချင်းစီပဲဖြစ်ဖြစ် အကြီးလေးတဲ့အပြစ်ရှိပါတယ်။
တချိန်က စစ်အာဏာရှင်တွေနဲ့ ဆက်နွယ်ပတ်သက်ခဲ့တဲ့ခရိုနီတွေကို ဒီနေရာမှာအသိပေးလိုတာက ငါ့တို့ဆီမှာငွေရှိ
တယ်။ ငါတို့လုပ်ချင်သလိုလုပ်ရင် ရသေးတယ်ဆိုတဲ့ လူမိုက်ဆန်တဲ့ အောက်တန်းခပ်ကျကျအတွေးခေါ်တွေကို
မြေမြှပ်သဂြိုလ်သင့်ဖို့လိုပါတယ်။ အခုဖြတ်သန်းနေတဲ့ နိုင်ငံရေးကာလဟာ အားလုံးပြန်လည်သင့်မြတ်ရေးကို ဦးတည်
ဆောင်ရွက်အကောင်ထည်ဖော်နေတဲ့ ကာလဆိုတာကို သူသူငါငါမေ့မထားကြဖို့လိုပါတယ်။ စစ်အာဏာရှင်စနစ်ဆိုးကို
အပြီးတိုင် တိုက်ထုတ်နိုင်ခဲ့ခြင်းမရှိသေးတဲ့အတွက် နိုင်ငံကောင်းကျိုးကို အတူတကွထမ်းရွက်တဲ့အခါ အပျက်သဘော
နှင့် အပစ်သံတွေနှောပြီးရှေ့ဆက်လို့မရသေးပါ။ အပြုသဘောဘောင်အတွင်းကနေတဆင့် ငြိမ်းချမ်းစွာဆွေးနွေးတိုင်
ပင်ညှိ့နှိုင်းအဖြေရှာသွားကြမှသာ လိုရာခရီးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရောက်ရှိမှာဖြစ်ပါတယ်။ ထို့အပြင် လက်ရှိနိုင်ငံရေး
ကာလဟာ အာဏာရယူရေးကို အသဲအသန်လုံးပန်းရမယ့်ကာလလည်းမဟုတ်သေးပါ။ ဥပမာ။ ။ ၂၀၁၅ မှာဘယ်ပါတီ
ပဲတက်တက် ပူးပေါင်းဆောင်ရွက်ညှိ့နှိုင်းတိုင်ပင်အဖြေရှာသွားပြီး တိုင်းပြည်ကိုပြန်လည်တည်ဆောက်ကြရမယ့် ကာ
လဆိုတာကို အထူးသတိချပ်ဖို့လည်းလိုပါသည်။
နောက်ဆုံးအနေနဲ့ ကျနော်ရေးသားလိုတာက စစ်အာဏာရှင်တွေပဲဖြစ်ဖြစ်၊ စစ်အာဏာရှင်တွေနဲ့ အလျှင်းသင့်ပြီးဆက်
နွယ်ပတ်သက်ခဲ့တဲ့ခရိုနီတွေပဲဖြစ်ဖြစ်၊ ကျနော်တို့ပြည်သူတွေဆီက မတရားရယူသွားတဲ့ငွေတွေကို လှုဒါန်းတာပဲဖြစ်
ဖြစ်၊ ပေးကမ်းတာပဲဖြစ်ဖြစ် နှောင်ကြိုးမဲ့လက်ခံခြင်းသည် တနည်းအားဖြင့် ကျနော်တို့ငွေကို ကျနော်တို သွယ်ဝိုက်
သောနည်းလမ်းဖြင့် ပြန်လည်ရယူခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီငွေတွေနှင့်ပတ်သက်ပြီး ခိုချောင်ခိုးဝှက်မလုပ်ပဲ၊ ၎င်းတို့
ဆီမှရရှိသောငွေများကို ကျမ္မာရေး၊ ပညာရေး၊ လူမှုရေး၊ ဘေးဒုက္ခအမျိုးမျိုးကယ်ဆည်ရေးလုပ်ငန်းများတွင် အသုံးချ
တတ်ဖို့ပဲလိုကြောင်း အများပြည်သူသိအောင် အကြံပြုရေးသာတင်ပြလိုက်ပါသည်။
( ကိုဗလိုင် )
စာကြွင်း။ ။ အလှူငွေတို့ အကူငွေတို့ဆိုတာ ဓါးမြတိုက်ထားတာတို့ ခိုးဝှက်လာတာတို့ဆိုပြီး မလှူရဘူး၊ မပေးကမ်းရဘူးဆို
တာမျိုးကန့်သတ်ထားတာမရှိပါဘူး။ ချွတ်ယွင်းချက်အနေနဲ့ကတော့ ရဟန်းသံဃာတော်တွေ ကံဆောင်ထားမှသာလျှင် လှူဖွယ်ပစ္စည်းများကို လက်မခံတာပဲရှိပါတယ်။ ဒါကလည်း ရဟန်းသံဃာတွေအပေါ် ပြစ်မှားခဲ့ကြတဲ့ ဆိုးမိုက်တဲ့လူတွေ
အပေါ် ကောင်းစေချင်တဲ့ဆန္ဒနဲ့ ကံဆောင်ခြင်းပဲဖြစ်ပါတယ်။