Friday, January 4, 2013


 
နှစ်သစ်သို့ကြေးနန်းစာ
 
 
သူငယ်ချင်းရေ
မင်းပြောပြောနေတဲ့ ဒါဏ်ရာတွေနဲ့ ဒိုင်ရာရီမြို့ပြ
နှစ်ဆယ့်တစ်ရာစု ဂလိုဘယ်လိုက်ဇေးရှင်းခေတ်
ဒုတိယပင်လုံ စစ်စစ်နဲ့ ဝေးကြရတော့မှာလား။
 
 
ပြည်တော်ပြန်
မိုးတိမ်ဝတ် လျှက်စီးတွေ ရွှေ့လျှားလင်းလက်
ထက်ချုန်းသံပေး ပြေးထွက်သွားခဲ့ပုံများ
ဘောင်းဘီလက်ရှည် ဦးထုပ်လက်ပြတ်များနဲ့
မြွေတွေလိုတွားယားသွား
ညခင်းကြောင်တောင် လရောင်အောက်
ခြေရာတွေက
မိုးစွေသလိုစွေလို့။
 
 
မာယာပြက္ဒိန်အလိုအရ
၂၀၁၂ ဒီဇင်ဘာ၂၁ ရက်နေ့ဟာကမ္ဘာပျက်မယ်တဲ့
မေတ္တာတရားတွေမွှေးပျံ့နေတဲ့ ကမ္ဘာမြေ
ကမ္ဘာမပျက်ခဲ့ပါဘူး … … …၊
 
 
ဒါပေမဲ့ တို့(ဒို့)သွေးချင်း
ကချင်တို့(ဒို့)ရဲ့မနောမြေ
အုပ်အုပ်ကြွက်ကြွက် မေခနဲ့မလိခ က မ္ဘာပျက်ခဲ့ရပြီ။
 
 
ခေတ်အဆက်ဆက်
ဖိုးဘွား၊ဘီ၊ဘင်ပိုင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်
သမိုင်းအရိုးစုတွေထိုးထိုးထောင်ထောင်ထနေတဲ့
လောကပါလတရားတွေထွန်းကားရာ ရခိုင်တို့(ဒို့)ဌာနေ
သွေးပင်လယ်ဝေ လှပတဲ့ ဘ၀တွေကြွေခဲ့ရပြီ။
 
မြန်မာ့ဂုဏ်ဆောင် 
အထင်ကရသာသနာ့အကျော်အမော်
လယ်တီဆရာတော်ဘုရားကြီးရဲ့ဓမ္မနယ်မြေ
ခရိုနီနေတွေလက်ထဲ လက်ပံတောင်းတောင်ရင်အုံကွဲ
အပြစ်မဲ့ ကျေးလက်က မြေဇာပင်တွေနင်းခြေခံခဲ့ရပြီ။
 
 
စစ်ပွဲတွေမပြီးသေးတဲ့
မြို့သစ်ကြီးထဲ
ခေတ်အဆက်ဆက် အဖိနှိပ်ခံများ
နာကျည်းပေါက်ကွဲသံတွေက
တောမီးရိုင်းပမာ
မျည်ဟီးတောက်လောင်လာနေပေါ့။
 
 
 
အရိမေတ္တယဘုရားလောင်းလျှာပွင့်လာတဲ့အခါ
ကမ္ဘာမြေကြီးဟာငိုကြွေးရဦးမယ်တဲ့။
 
 
အမိမြန်မာမြေကြီးဟာလည်း
နှစ်ဆယ့်တစ်ရာစု
ဒုတိယပင်လုံနဲ့ဝေးကွာခဲ့ရင်
အမိမြေကြီးရဲ့မိခင်များစွာဟာလည်း
ပုစဉ်းရင်ကွဲတစ်ကောင်ရဲ့အော်ညီးသံလို
ငိုကြွေကြရဦးမယ်။

ဆွေနိုင်