Monday, January 28, 2013

အမေ့ခံ ကျောင်းတော်ပြန်တို့၏ စကားသံ (ကျောင်းတော်ပြန်တို့ စကားဝိုင်း)


အမေ့ခံ ကျောင်းတော်ပြန်တို့၏ စကားသံ
(ကျောင်းတော်ပြန်တို့ စကားဝိုင်း)
တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ်တွင် ကားအစီးပေါင်းများစွာ
ဖြတ်သန်း သွားလာနေကြသည်။ အရောင်အဆင်းလွင့်ပျယ်နေ
... သော ခိုထီးအနက်ရောက်လေးကို ကိုင်ဆောင်ကာ အသက်
၅၀ ခန့် အရွယ်ရှိ လူတစ်ဦး ၁၅၄ လမ်းရှိ အခန်းကျဉ်းလေး
ဆီသို့ ဦးတည်လျှောက်လှမ်းလာသည်။ ထိုအခန်းကျဉ်းလေး
သည် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPs) ၏ အခန်း
ပင် ဖြစ်သည်။
 


အခန်းတွင်းတွင် လူ ၂၀ ခန့် စကားတီးတိုး ပြောဆိုနေကြသည်။
နံရံတွင် ကျောင်းတော်ပြန်တို့ စကားဝိုင်းဟု အဖြူရောင်စာလုံးဖြင့်
နောက်ခံအပြာပေါ်တွင် ရေးသားထားသော ပိုစတာကို ချိတ်ဆွဲ
ထားပြီး အောက်ရှိ အဖြူရောင်ဘုတ်ပြားပေါ်တွင် အင်္ဂလိပ်စာ
ဖြင့် Finding Problems & Feeling ဟု ရေးသားထားသည်ကို
တွေ့ရသည်။

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်
၈ ကြိမ် ပြုလုပ်ခဲ့ပြီး နိုင်ငံတကာမှ မြန်မာနိုင်ငံတွင် နိုင်ငံရေး
အကျဉ်းသား ၂၀၀၀ ကျော်ရှိသည်ဆိုသော စွပ်စွဲချက်ကို ဖြေ
လျော့ခဲ့သည်။ ယခုအချိန်တွင် နိုင်ငံရေး အကျဉ်းသားပေါင်း
၂၆၆ ဦး ကျန်ရှိနေသေးသည်ဟု နိုင်ငံရေး အင်အားစုများက
ဝေဖန်လျက်ရှိနေသေးသည်။

အကျဉ်းထောင်မှ လွတ်မြောက်လာသော်လည်း နိုင်ငံရေး
အကျဉ်းသားအများစုသည် ကျန်းမာရေး ချို့တဲ့နေကြခြင်းနှင့်
မိသားစု၏ စီးပွားရေးကျပ်တည်းနေကြခြင်း တို့ကြောင့် စိတ်ဖိ
စီးသည့် ဓါတ်များခံစားနေရသည်ဟု နိုင်ငံရေး အကျဉ်းသား
ဟောင်းဖြစ်သူ ဦးမြဟန်က သူ၏ ခေါက်ထီးလေးကို အိပ်ထဲ
ထည့်ကာ ပြောပြသည်။

သူသည် ၁၉၉၁ ခုနှစ်တွင် နိုင်ငံတော် ပုန်ကုန်မှုဖြင့် သေဒဏ်
ကျခဲ့ရသူဖြစ်ပြီး ၂၀၁၁ ခုနှစ် သီတင်းကျွတ်တွင် ပြန်လည်
လွတ်မြောက်လာကြောင်းကို "ထောင်ထဲမှာ ၂၁ နှစ်နီးပါးနေ
ခဲ့ရတယ်"ဟု သူ၏ ထောင်တွင်းနေထိုင်ခဲ့သည်များကို ပြန်ပြောင်း
ပြောကြားသည်။

"ထောင်ထဲမှာ ပြန်နေရင် ကောင်းမယ်ဆိုတဲ့ စိတ်က အများစု
ဆီမှာရှိနေတယ်။ အဲဒါကြီးက သိပ်ကောင်းတဲ့ အလားအလာ
တစ်ခု မဟုတ်ဘူးဗျ။ အပြင်လောကကို စိတ်ကုန်တဲ့သဘောပဲ" ဟု
နိုင်ကျဉ်းအများစု ခံစားနေရသည့်စိတ်ဝေဒနာများအား ရှင်းပြသည်။

နှစ်ပေါင်းများစွာ အကျဉ်းထောင်များအတွင်း နေထိုင်လာခဲ့ကြ
သော နိုင်ငံရေးအကျဉ်းသားများသည် အတတ်ပညာပိုင်းဆိုင်
ရာများတွင် အားနည်းမှုများရှိပြီး မိသားစုများ၏ စီးပွားရေးကျပ်
တည်းမှုများကို မဖြေရှင်းနိုင်သဖြင့် စိတ်ဖိစီးမှုများစွာ ရှိနေကြ
သည်။

နိုင်ငံရေးအကျဉ်းသားများ၏ စိတ်တွင်းခံစားချက်များနှင့် ပက်
သက်ပြီး "သူတို့တွေမှာ လူငယ်တွေက လွဲပြီး လူကြီးတွေမှာက
လက်တစ်လော ဝင်ငွေရဖို့ ကြိုးစားနေကြတယ် ဘာလို့လဲဆိုရင်
သူတို့မှာ ရပ်တည်ရေးအတွက် ခက်ခဲနေကြတယ်" ဟု နိုင်ငံရေး
အကျဉ်းသားဟောင်းများအဖွဲ့(FPPs)မှ ကိုရဲအောင်က သူကြုံ
တွေ့ရပုံကို ပြောကြားသည်။

နံမည်ရ နိုင်ငံရေးသမားများနှင့် သူတို့၏ နိုင်ငံရေး ဖြတ်သန်းမှု
များသည် တူညီသည်ဟု ဆိုရသော်လည်း ယခုအချိန်တွင်
ကွဲပြားခြားနားမှု ရှိနေပြီဟု အကျဉ်းသားဟောင်းတစ်ဦးဖြစ်သ
ဦးကိုအောင်က သူ၏ခံစားချက်ကို ပြောပြသည်။

"တက်နိုင်သလောက် ပြည်သူတွေ လွတ်လပ်ခွင့်လေးတွေ
ရအောင် လုပ်နိုင်သမျှလုပ်ပေးခဲ့တယ်။ အခုတော့ ကျွန်တော်တို့
ကိုယ့်ဘဝကို ပြန်ထူထောင်ဖို့ ကြိုးစားနေရတယ်" ဟု သူက
ဆိုသည်။

"နာမည်ရလာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အနေနဲ့
သူတို့ဘာလုပ်သင့်တယ်ဆိုတာ ကျွန်တော်တို့ ပြောမှဆိုရင်
ထောင်စကားအရပြောရရင် ပြောမှ လုပ်ပေးမယ်ဆိုရင်
ပြောမနေတော့ဘူး။ သူတို့ ဘာလုပ်သင့်တယ်ဆိုတာ သူတို့
ဘာသာ ဆုံးဖြတ်ပါလိမ့်မယ်" ဟု ဦးကိုအောင်၏ ပြောဆိုမှု
ကို ဦးမြဟန်က ထောက်ခံလိုက်သည်။

ယခုအချိန်တွင် ပြန်လည်လွတ်မြောက်လာသော နံမည်မရှိ
သည့် နိုင်ငံရေး အကျဉ်းသားများ အနေဖြင့် ပါတီ၊အဖွဲ့အ
စည်းတွေဆီမှာ လုပ်ကိုင်လိုစိတ်မရှိတော့ဘူးဟု ဦးမြဟန်က
ညည်းတွား ပြောဆိုသည်။

"အဲလိုမျိုးကြီး ယုံကြည်ဖို့ ကျွန်တော်တို့ အတွေ့အကြုံက
အားမပေးဘူး။ အမြဲတမ်းပြောင်းလဲနေတတ်တယ်လို့ ယုံကြည်
ထားတယ်" သူက ပြောပြသည်။

နိုင်ငံရေး အကျဉ်းသားများအတွက် ကူညီစောင့်ရှောက်ရေး
အဖွဲ့အစည်းများရှိကြသော်လည်း သူတို့အနေဖြင့် ကူညီ
စောင့်ရှောက်မှုများတွင် စီပွားရေး လုပ်ငန်းရှင်တို့၏ နိုင်ငံရေး
အပေါ် ပါဝင်ပတ်သက်လာမှုကို စိုးရိမ်နေကြသည်။

"ပိုက်ဆံလိုချင်ရင် ၈၈ လောက်ကတည်းက အစိုးရနဲ့ ညှိပြီး
ယူလိုက်လို့ရတယ်။ ကျွန်တော်ဆို လက်နက်တွေ အများကြီး
နဲ့ ဆင်းလာခဲ့တာ။ အဲဒီလက်နက်တွေ သူတို့ကို အပ်လိုက်
ရင် သူဌေးဖြစ်ပြီ။ ဒါက ပိုက်ဆံရှာနည်းပေါ့။ နိုင်ငံရေးမှာ
ပိုက်ဆံရှာနည်းတွေ အများကြီးရှိပါတယ်။ အဲလိုနိုင်ငံရေး
ပိုက်ဆံရှာနည်းတွေနဲ့ ပိုက်ဆံကို ကျွန်တော်မလိုချင်ဘူးဗျ"ဟု
ဦးမြဟန်က ပွင့်လင်းစွာ ပြောဆိုသည်။

ပြည်ပကအကူအညီများနှင့် ပြည်တွင်း အကူအညီပေးမှုများ
သည် ကွာခြားချက်များရှိကြသည်။ ပြည်ပမှ အကူအညီများပေး
အပ်မှုတွင် ပြည်တွင်းနိုင်ငံရေး အရှုပ်အရှင်းများ မသမာမှုများ
ကြောင့် ယခုလက်တစ်လောတွင် ပြည်ပအဖွဲ့အစည်းများပြည်
တွင်းသို့ တိုက်ရိုက် ဝင်ရောက် အကူအညီပေးတော့မည် ဖြစ်
သည်။

"ကျွန်မတို့ကို ပိုက်ဆံတွေ အများကြီးပေးတာထက် လုပ်ငန်း
တွေ ပေးတာ ပိုကောင်းတယ်။ နိုင်ငံရေး အကျဉ်းသားတွေ
အတွက် ဘာလုပ်ငန်းတွေဆိုပြီး။ ပိုက်ဆံက ဘာပဲဖြစ်ဖြစ်
ပိုက်ဆံပေးထားတဲ့ လူနဲ့ ပက်သက်ပြီး ဥပမော တော်ဝင်နဲ့
ပက်သက်ပြီး ပြသနာတက်နေတယ်။ တော်ဝင်မိသားစုက
လာပြီး ကျွန်မတို့ကို ပိုက်ဆံပေးထားရတော့ သူကိစ္စနဲ့
ပက်သက်ပြီး ကျွန်တော်တို့က ပြောမလားမပြောဘူးလားပေါ့
သူက အလှူရှင် ဖြစ်လာပြီလေ အဲဒါတွေက အစ ကျွန်မ
တို့က ချိန်နေရတယ်" ဟု ဦးကိုအောင်၏ ဇနီးသည်က
သူမ၏ဘဝတွင် အခက်အခဲများစွာရှိသော်လည်း လိုအပ်မှု
ဘဝထက် ပိုမို မလိုခြင်းကြောင်း ပြောကြားသည်။

"ထောက်ပံ့မှုတွေ အများကြီးယူထားတာက စိတ်ပဲဗျ။ ဘယ်
လောက်များများစားရလဲ ဘယ်လောက်ခံရဲလဲပေါ့။
စားပြီး နည်းနည်းပဲ ပြန်အန်တဲ့ အခါ ရှင်သန်ထမြောက်သွား
တဲ့သူ တစ်ချို့ လောက်ပဲရှိသလို။ အသက်ပါသွားတဲ့ သူတွေ
လည်းရှိတယ်ဗျ" ဟု ဦးကိုအောင်ကလည်း သူ့ဇနီးသည်၏
ပြောဆိုမှုကို ထောက်ခံဆွေးနွေးသည်။

"ဒီလိုမျိုး နိုင်ငံရေးသမားတွေ အပေါ် စီးပွားရေးသမားတွေ
လွှမ်းမိုးမှုဟာ ရေရှည်အတွက် ပြသနာ တစ်ခုပါပဲ" ဟုလည်း
ဦးရဲအောင်က ဝင်ရောက် ပြောဆိုသည်။

ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်သည့် အမေရိကန်ကဲ့သို့ နိုင်ငံတွင်
လည်း ငွေကြေးရှင်များ၏ ကူညီပံ့ပိုးမှုအပေါ်တွင် နိုင်ငံရေး
လောကတွင်းသို့ ဝင်ရောက်လာခဲ့မှုများ ရှိနေသည်။

ရှောင်လွှဲ၍ မရနိုင်သည့် ကိစ္စဖြစ်သော်လည်း စစ်မှန်ခိုင်မာသည့်
ဥပဒေ တစ်ရပ်ရှိနေပါက စီးပွားရေးသမားများ၏ စွတ်ဖက်မှု
သည် နိုင်ငံအတွက် အကျိုးရှိသော ပါဝင်မှုသာ ဖြစ်လာမည်
ဖြစ်သည်။

"အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီက နှစ်ပေါင်း ၂၀၀ ကျော်သွား
ပြီလေ။ ဒါပေမယ့် စစ်မှန်တဲ့ ဥပဒေတွေဖြစ်တဲ့အတွက် စီးပွားရေး
သမားတွေရဲ့ ဆွတ်ဖက်မှု အားနည်းခဲ့ပါတယ်" ဟု ဦးရဲအောင်က
ပြောပြသည်။

အချိန်သည် လင့်လာပြီဖြစ်သည်။ စကားဝိုင်း၏ ရလဒ်သည်
သူတို့၏ ရပ်တည်မှုအတွက် လက်တစ်လော ပေးစွမ်းနိုင်ခြင်း
မရှိသော်လည်း ရင်တွင်းခံစားချက်များကို ရဲဘော်ရဲဘက်များသို့
ပြောပြနိုင်သဖြင့် ပျောရွှင်စွာဖြင့် အလျှိုလျှို ပြန်ကုန်ကျသည်။

"ဒီလိုဆုံလာလို့ရှိရင် ငါတို့ရင်ထဲမှာ ငါတစ်ယောက်ထဲ ဒီဒုက္ခတွေ
ခံစားနေရတာ မဟုတ်ဘူး။ ငါ့လို ရဲဘော်ရဲဘက်တွေလည်း
ခံစားနေကြရတယ်။ မှန်မှာပြန်ကြည့်မိရင် မင်းတစ်ယောက်ထဲ
မဟုတ်ဘူးလို့ခံစားရတယ်" ဟု သူ၏လွယ်အိတ်ဟောင်းလေးထဲက
နှင်းဆီဖက်ကြမ်းကို ထုတ်ယူကာ ရဲနေအောင် ရှိုက်ဖွာလျက် ဦးမြဟန်က
ပြောကြားသည်။

လွယ်အိပ်ထဲက ခေါက်ထီးသည် ညနေစောင်းနေပြီဖြစ်သဖြင့်
သူ့အတွက် အသုံးမလိုသော်လည်း သူ၏ သံချက်ရာများဖြင့်
ပြည့်နေသည့် ကတ္တီပါ ဖိနပ်လေးကို ကြည့်ရင်း "ဘဝဆိုတာ
တစ်ချိုးတစ်ကွေးမှာ သာယာမှာပါ" ဟုညည်းတွားကာ ဗညား
ဒလလမ်းမကြီးပေါ်သို့ ပြုံးရွှင်စွာထွက်ခွါသွားခဲ့သည်။

စူးရှ
copy from https://www.facebook.com/photo.php?fbid=572179012811250&set=a.546585605370591.137586.531356690226816&type=1