Saturday, January 19, 2013

မိမိကိုယ်သာ.....

**သူသူငါငါ ဖြစ်လိုရာကို
ဘယ်နတ်ဒေoါ မ,နိုင်မှာလဲ။

ရောဂါအဖြာဖြာ ဖြစ်တတ်ရာကို
ဘယ်ပျောက်စေဆရာ ကုနိုင်မှာလဲ။

စုံစီနဖာ ပြဿနာကို
ဘယ်မေခလာ ကယ်နိုင်မှာလဲ။
...
**ဘယ်လမ်းဘယ်ပန်း ဘယ်ခရီးဘယ်ထီး
ဆင်ခြင်ပြီးကာ မိမိဘာသာ
သွားလာသတိ ဥာဏ်အသိနဲ့ 
ပေါင်းညှိလိုက်နာ ဘယ်ဟာမလို
ဘာဆိုမသင့် ဘာဖြင့်မကောင်း
အကြောင်းအကျိုး အဆိုးအပြစ်
စိစစ်ရွေးကာ ရွက်ဆောင်ပါမှ
အတ္တာဟိအတ္တနော သဘောအစစ်
အမှန်ဖြစ်မှာ လွန်သေချာ၏ ။ ။
ဆူးနှင်း