Wednesday, January 23, 2013

အမေက မမတို့ကို အားကိုးစရာမလိုပါဘူး ဆိုလာတဲ့ ချစ်သုဝေ

MMA ။ ။ လက်ရှိအနုပညာလှုပ်ရှားမှုကို ပြောပါအုံး။
...

MMA ။ ။ လက်ရှိအနုပညာလှုပ်ရှားမှုကို ပြောပါအုံး။
...
CTW ။ ။ ဒါရိုက်တာမိုက်တီး၊ ဇာတ်ညွှန်း ဂေါက်ကြီး
ရိုက်ကူးတဲ့ တိုင်ပတ်တယ် ဇာတ်ကားကို ပြေတီဦးနဲ့
ရိုက်နေပါတယ်။ ရိုးရိုးဖန်စီကားလေးပါ။ မမ ရိုက်တဲ့ကားတွေက ပေါ့ပေါ့ပါးပါးလေး တွေပါပဲ။

MMA ။ ။ ပွင့်လင်းလာတဲ့အပေါ်မှာ အစ်မ အနေနဲ့ ဘယ်လို ကာရိုက်တာမျိုးတွေ ရိုက်ချင်လဲ။

CTW ။ ။ ဆင်ဆာတွေ လျော့ပေါ့လာတော့ မမတို့ လုပ်နိုင်ခွင့်၊ လုပ်နိုင်တာတွေ များလာတယ်။ အဓိကတော့ ပေးတဲ့ အခွင့်ရေးပေါ်မှာ ပိုပိုသာသာ မယူမိဖို့ အရေးကြီးတာပါပဲ။ လွတ်လပ်ပွင့်လင်းလာတဲ့ အပေါ်မှာ မရိုက်သင့် မရိုက်ထိုက်တဲ့ ကာရိုက်တာလေးတွေ၊ အရင်လို ဆင်ဆာမရတဲ့ ဟာလေးတွေတို့၊ သွေးထွက်သံယို အရမ်းများတာ မရတာတို့ အဲလိုလေးတွေမှာတော့ ရရှိလာတဲ့ အခွင့်အရေးလေးတွေ ရှိလာတာပေါ့။ ဒီအပေါ်မှာမှ ကိုယ်ရိုက်ချင်တဲ့ ကာရိုက်တာ ဆိုတာတွေ ထွေထွေထူးထူး မရှိပါဘူး။

MMA ။ ။ အစ်မအနေနဲ့ ကာရိုက်တာ အစုံ သရုပ်ဆောင်ဖူးပြီလား။

CTW ။ ။ မမ သက်တမ်းက နုပါသေးတယ်။ ကာရိုက်တာ
အစုံတော့ သရုပ်မဆောင် ရသေးပါဘူး။ ခုတော့ နည်းနည်းလေး
စုံလာတဲ့ သဘောတော့ ရှိတဲ့ အဆင့်လောက်ပါပဲ။

MMA ။ ။ လက်ရှိ အနုပညာလောကကိုရော အစ်မအနေနဲ့ ဘယ်လိုမြင်လဲ။

CTW ။ ။ လောကတိုင်းမှာ ဖြစ်ပျက်နေသလိုပဲ အနုပညာလောကမှာလည်း ဖြစ်ပျက်နေတယ်။ ဒီလိုပဲ အကောင်းတွေ၊ အဆိုးတွေ ဒွန်တွဲနေတယ်။ လူကောင်းတွေ ရှိသလို၊ လူဆိုးတွေလည်း ရှိတယ်။ ဒွန်တွဲနေတာပဲ။ ဒါဘယ်လောကမဆို ယေဘုအားအမြင်ပဲ
မြင်တတ်တယ်။ ကိုယ်လည်း အရမ်းသိ၊ အရမ်းတတ်၊
အရမ်းတော်နေတာ မဟုတ်တော့ လောကကြီး တစ်ခုလုံးကို
ဝေဖန်ရအောင် မမ မဝေဖန်တတ်ဘူး။

MMA ။ ။ အခုဆို ဒေါ်အောင်ဆန်းစုကြည် ပွဲတွေမှာ အစ်မကို တွေ့နေရတယ်။ ဘယ်လို ရည်ရွယ်ချက်နဲ့ ပါဝင်ကူညီ
ဖြစ်တာလဲ။

CTW ။ ။ မမတို့က ပွင့်လင်းလာတဲ့ အချိန်ကတည်းက
မဟုတ်ဘူး။ ဟိုး မပွင့်လင်းခင်၊ မဲမရွေးခင် အချိန်ကတည်းက၊
Do or Die အချိန်ကတည်းက စိတ်ဓာတ်ရှိလို့ မမတို့ လုပ်ခဲ့ကြတာ။ ဘယ်လိုရည်ရွယ်ချက်ကြောင့်မှ မဟုတ်ဘူး။ အမေ့ကို ဦးနှောက်ရော၊ နှလုံးသားရော လက်ခံလို့ ရတယ်၊ ချစ်တယ်။
အဲဒီ အတွက် ကိုယ်လုပ်လို့ ရတဲ့အရာလေးတွေ ကိုယ်လုပ်ပေးတယ်။ အနုပညာအားဆို အနုပညာအား အရာအားလုံးပေါ့။ ကိုယ်ယုံကြည်လို့ ရတဲ့သူ၊ ကိုယ်ချစ်တဲ့သူမို့ ကိုယ်လုပ်ချင်လို့ကို ဝင်လုပ်ပေးတာ။ ဒီကိစ္စမှ မဟုတ်ဘူး၊ မမက ဘယ်ကိစ္စမဆို ရည်ရွယ်ချက်နဲ့ မရှင်သန်တတ်ဘူး။ ကိုယ့်စိတ်ပါ၊ ကိုယ်စေတနာရှိရင် ကိုယ်လုပ်ချင်မှ ထလုပ်လိုက်တဲ့
အရာတွေ များတယ်။ ဒီအလုပ်တစ်ခုကို ကိုယ်လုပ်လိုက်လို့
ဘယ်အရာတွေ ကိုယ်ပြန်ရမလဲ image ပြန်ရတာတို့၊ ပိုက်ဆံ
ပြန်ရတို့၊ အရာရာပေါ့လေ ဘယ်ကိစ္စမဆို ပြောတာနော်။ တစ်ခုခု
ပြန်ရလို့ လုပ်တယ်ဆိုတာ တော်တော်ကို မသန့်စင်တဲ့ ကိစ္စပဲ။ ကိုယ့်ကိုယ်ကို လိပ်ပြာမလုံတဲ့ ကိစ္စပဲ။ အဲလို ကိစ္စနဲ့ မမဘယ်အလုပ်မှ မလုပ်ဘူး။ လူမှုရေးလည်း မလုပ်ဘူး၊ စီးပွားရေးလည်း မလုပ်ဘူး၊ မမ အနုပညာ အလုပ် လည်း မလုပ်ဘူး။ ဥပမာ ကျောင်းပွဲတစ်ခုမှာ ပိုက်ဆံမရဘူး။ မမဆိုချင်ရင် သွားဆိုမှာပဲ။ မမစိတ်၊ မမသဘောနဲ့ ပဲဆိုင်တယ်။ တစ်ခုခု ပြန်ရမှဆိုတာကို မမ မကြိုက်ဘူး။ ရိုးရှင်းသော လက်ဆောင်ပေးမှု ကိစ္စလေးမှာ မမချစ်ရင် မမလက်ဆောင်ပေး
လိုက်တယ်။ ဒီလက်ဆောင် ပေးလိုက်လို့ သူ့ဆီက ဘာပြန်ရမယ်ဆိုတဲ့ စိတ်မျိုးရှိရင် စေတနာသည်လည်း မသန့်တော့ဘူး။ စိတ်သည်လည်း မသန့်တော့ဘူး။ အရာအားလုံးက မသန့်စင်တော့ဘူး။ မမက အဲလို ရှင်သန်လို့ ရတဲ့ထဲမှာ မပါဘူး။ အဲလို လုပ်နေ၊ ကိုင်နေကြတဲ့ အပေါ်မှာလည်း ဘေးကနေ ကြည်ရင် ရှက်မိတယ်။ ကိုယ်ကိုတိုင် လုပ်မိရင် သေသွားမလား မသိဘူး။ ဥပမာ အနေနဲ့ ပြောပြတာနော်။ အမေစုရဲ့ ပွဲတွေမှာ ဘာလို့ လုပ်ရတာလည်းဆိုရင် မပွင့်လင်းခင်
အချိန်ကတည်းက ချစ်လို့ လုပ်တာ ဒါပဲ။ ဦးနှောက်ကလည်း ချစ်တယ်၊ နှလုံးသားကလည်း ချစ်တယ်။ အဲဒီအတွက် လုပ်တာဒါပဲ။ ဘာရည်ရွယ်ချက်မှ မပါဘူး။

MMA ။ ။ နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာမှာ Celebrity အနေနဲ့ ဘယ်လောက်ထိ ပါဝင်ပံ့ပိုးမှု ပါလာနိုင်သလဲ။ ဘယ်လောက်ထိ လိုအပ်လဲ။

CTW ။ ။ Celebrity မှမဟုတ်ဘူး။ နိုင်ငံတစ်နိုင်ငံ တည်ဆောက်တဲ့ အခါမှာ ပြည်သူတွေ အားလုံးလိုတယ်။ ပြည်သူတွေမှာ စီးပွားရေး လုပ်ငန်းရှင် ပါမယ်၊ အနုပညာရှင်တွေ ပါမယ်၊ ကျောင်းသူ၊ ကျောင်းသားတွေ ပါမယ်။ အခန်းကဏ္ဍစုံ ရှိတယ်။ ကဏ္ဍစုံ အားလုံးက တတ်ညီလက်ညီ လှုပ်ရှားမှ နိုင်ငံတစ်နိုင်ငံ တည်ဆောက်လို့ရမယ်။ တည်ဆောက်တဲ့ အခါမှာ တည်ဆောက်ပြီး အကူညီဖြစ်သွားပြီ ဒါကို အတည်ပြုမယ် ထိုးဖောက်မယ့် အချိန်ကျမျိုးကျတော့ အတတ်ပညာက အရေးကြီးတယ်။ ဥပမာ ပြောရရင် ကိုးရီးယား အတတ်ပညာနဲ့ ဝင်လာတယ်၊ အတတ်ပညာနဲ့ ထိုးဖောက်တယ်။ အဲဒီမှာ စီးပွားရေးလုပ်ငန်းက နောက်ကလိုက်လာတယ်။ ကိုယ့်နိုင်ငံ imageကတတ်လာတယ်။ ကမ္ကာက သိလာတယ် ဒါမျိုးပေါ့။ ဒါကို ပြုပြင်မွန်းမံ လိုက်တယ်။ တည်ဆောက်လိုက်တဲ့အခါ ကဏ္ဍအစုံက လိုအပ်တယ်။ ကဏ္ဍအစုံက ပညာတွေတတ်နေဖို့ လိုတယ်။

MMA ။ ။ အခုဆို ဒေါ်အောင်ဆန်းစုကြည်က အနုပညာရှင်တွေကို အားကိုးလာတယ်၊ အားကိုးလာတဲ့ အပေါ်မှာရော အနုပညာရှင်တွေဘက်က ဘာတွေလိုအပ်လိမ့်မယ်လို့ ထင်လဲ။

CTW ။ ။ အိုး..အမေက မမတို့ကို အားကိုးစရာ မလိုပါဘူး။ အားလည်းမကိုးပါဘူး။ အဲဒီ စကား မှားနေပြီ ထင်တယ်။ မမတို့တွေကိုက ပျော်လို့လုပ်ပေးတာလေ။ မမ အမြင်သီးသန့် ကိုပြောတာနော်။

MMA ။ ။ လာမယ့် ဖေဖော်ဝါရီ(၁၄)မှာ ဘာလုပ်ဖို့ အစီစဉ်ရှိလဲ။

CTW ။ ။ ဖေဖဝါရီလက မမကားရိုက်နားတယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ စတိတ်ရှိုးလေးတွေ များနေတယ်။ ပြီးတော့ မမရဲ့
အခွေလေးကို စတည်ချင်တယ်။ စတိတ်ရှိုးများတော့ ကြားရက်တွေမှာ ဘယ်လိုမှ တည်ဖို့ အဆင်မပြေဘူး။ ကားရိုက်ကို ခဏနားထားမယ်။ စတိတ်ရှိုး ဆိုမယ်။ မမရဲ့ မီးအိမ်ကဗျာ VCDကို အပြတ်ဖြတ်မယ်။

MMA ။ ။ အစ်မ ပရိသတ်ကို ပြောချင်တဲ့ စကားလေးရှိရင်
ပြောပါအုံး။

CTW ။ ။ မမက လူတွေကို ချစ်တယ်။ ကိုယ့်အပေါ်
မေတ္တာထားတဲ့ သူတွေရော ချစ်တယ်။ မေတ္တာမထားတဲ့
သူတွေကိုရော မေတ္တာထားနိုင်အောင်၊ ချစ်နိုင်အောင် အမြဲထားတယ်။
လူသားအားလုံး မမရဲ့ ပရိသတ်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် စိတ်ချမ်းသာပါစေ၊ ကိုယ်ချမ်းသာပါစေ၊ အဓိပ္ပာယ်ရှိကြတဲ့ လူသားတွေ ဖြစ်ကြပါစေလို့ ၊ ကျွန်မတို့ အတူတူ ကြိုးစားကြအောင်လို့ ဒီလိုနည်းနဲ့ပဲ ကမ္မာကြီးကို ရန်နည်းသော၊ လှပသော ကမ္မာကြီး ဖြစ်အောင် တည်ဆောက်နိုင်မယ်လေ။
 

copy from https://www.facebook.com/#!/pages/The-Myanma-Age/531356690226816 မှ