Thursday, June 30, 2011

မြန်မာပြည်သား.. လုပ်ငန်းရှင်ကြီးများ.. နေ့ စဉ်ဖြတ်သန်းနေရပုံပါ ....

မြန်မာပြည်သား.. လုပ်ငန်းရှင်ကြီးများ.. နေ့ စဉ်ဖြတ်သန်းနေရပုံပါ....။ အမှတ်တမဲ့ ကြည့်တော့ စီးပွားရေးပေါ့ဗျာ...။သေချာ ကြည့်တော့ လူမျိုးရေး က ပါလာရော..။ ဒါပေမယ့် (၂) ခုလုံးက အမျိုးသားရေး ဆိုတာ မမေ့လျော့စေချင်ပါဘူး..။ စီးပွားရေး ကိုလိုနီ ဖြစ်နေတာ ဘယ်သူမှ မငြင...်းရဲပါဘူး။ သိန်းထောင်ချီတန် ဈေးပေါက်တဲ့ လမ်းဆုံပိုင်း တစ်နေရာမှာ သုံးထပ်တိုက်ဆောက်ပြီး ရှမ်းခေါက်ဆွဲလေး ရောင်းချနေရ ရှာတဲ့ နေရောင်မခ တဲ့ ဖြူဖြူ အသားနဲ့ လက်လုပ် လက်စားလေး တွေ မန္တလေးမှာ အများကြီးပါ။ မန္တလေး ဟာ ခုတော့ အဖြူရောင် နယ်မြေ ဖြစ်နေပါပြီ..၊ တရုတ် တွေချည်းပါဘဲ... ဈေးချိုနားကတော့ ....နည်းနည်း အမဲရောင် ကျန်သေးတယ်... ၊ ဟိုး........ မြို့တော် အပြင်ဘက်.......ကတော့ .... အညိုရောင် နယ်မြေပေါ့..............မြန်မာတွေ နေတယ်လေ..။ ( မြေမြို ၍ လူမျိုးမပျောက်၊ လူမြို မှ လူမျိုးပျောက်မည် )....တဲ့။ ဟုတ်ကဲ့....... လဝက က အရာရှိများ ကို မေးလိုပါသည်။ မျက်စိ မမြင်ရတော့ဘဲ တာဝန် ထမ်းဆောင်နေတာလား..၊ (ဒါမှမဟုတ်) စာမတတ် ပဲ တာဝန် ထမ်းဆောင်နေတာလား..။ အလွန်သိချင်ပါတယ်... ။ ဘယ်..လ.ဝ.က ရုံးထဲ ဝင်ဝင်.... ဒီစာကြီးကို.. အပြာရောင်ပေါ် အဖြူနဲ့ ရေးထားတာ...ကို လ.ဝ.က ဝန်ထမ်းတွေ .....က မမြင်တာလား.. ၊ မဖတ် တတ်တာလား ..၊ ဆိုတာပါ..။ သူတို့ မပါဘဲ မြန်မာတိုင်းရင်းသား မဟုတ်တဲ့သူတွေ မှတ်ပုံတင် မရနိုင်၊ အခြေ မချနိုင်ပါဘူး..။ ကျွန်တော် တို့  ငွေ ကြေးသက်သက်နဲ့ အားမတန် မာန်လျော့ပေးလိုက်ရတဲ့ စီးပွားရေး..။ ကျွန်တော် တို့  ငွေ ကြေးသက်သက်နဲ့  ရလိုမှု အတွက် အလိုလိုက် လိုက်ရတဲ့ လူမျိုးရေး..။ သေသေ ချာချာ စဉ်းစားဖို့  ..လိုနေပါပြီ...။ မျိုးချစ်စိတ်ဆိုတာ ရောင်းစား ..ရတဲ့ အရာ.. မဟုတ်ဘူးဆိုတာ... သက်ဆိုင်သူ( လိပ်ပြာ မလုံနိုင်သူ) တွေ သိစေချင်ပါတယ်။ ကိုဝိုင်ဝိုင်ကေ 28.06.11.
Ref:http://www.facebook.com/#!/skylessbird

Wednesday, June 29, 2011

Tuesday, June 28, 2011

အာရပ်ကမ္ဘာနဲ့ မြန်မာ ဒေါ်အောင်ဆန်းစုကြည် နှိုင်းယှဉ်ပြောကြား

ဒီမိုကရေစီရေး လှုပ်ရှားမှု အရေးမှာ အာရပ် နိုင်ငံတွေ နဲ့ မြန်မာ နိုင်ငံကြား တူညီတာတွေ ရှိသလို ကွဲပြား ခြားနားချက်တွေလည်း ရှိနေကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။


ဗြိတိန် နိုင်ငံ ဘီဘီစီ လိုင်းအမှတ် (၄) က ဒီကနေ့ အင်္ဂါနေ့မှာ ထုတ်လွှင့်တဲ့ Reith Lectures ခေါ် ဟောပြောချက် အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်ခြင်း ဆိုင်ရာ အကြောင်းးနဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု အကြောင်း ဟောပြောခဲ့ပါတယ်။ "လွတ်လပ်မှု ဆိုတာကို ကျမတို့ ဘယ်လိုနားလည်သလဲဆိုတာ ကြိုးစားပြီးတော့ ရှင်းပြတာပါ။ နောက်ပြီးတော့လည်း လူတွေရဲ့ လွတ်လပ်ချင်တဲ့ စိတ်ဓါတ် ဆိုတာဟာ လူမျိုးတမျိုးနဲ့သာလျှင် မဆိုင်ဘူး။ နိုင်ငံ တနိုင်ငံနဲ့သာလျှင် မဆိုင်ဘူး။ လူမျိုးတွေ အားလုံးနဲ့ ဆိုင်တယ်။ တကမ္ဘာလုံးနဲ့ ဆိုင်တယ်။ အဲဒီဥစ္စာတွေကို ကျမ ရှင်းပြ ပါတယ်။ နောက်ပြီးတော့ အခု အရှေ့ အလယ်ပိုင်းမှာ ဖြစ်နေတဲ့ ကိစ္စတွေဟာ ဘယ်လို ကျမတို့နဲ့ ဆက်နွယ်နေသလဲ။ အရှေ့ အလယ်ပိုင်းက တော်လှန်ရေးတွေဟာ ဘယ်လို ကျမတို့နဲ့ ၈၈ တော်လှန်ရေးနဲ့ ဘယ်လိုနေရာတွေမှာ တူသလဲ။ ဘယ်လိုနေရာတွေမှာ မတူဘူးလဲ အဲဒါတွေကို ရှင်းပြတာပါ။ " အာရပ် ကမ္ဘာတခုလုံး ဒီမိုကရေစီ တောင်းဆို ဆန္ဒပြပွဲတွေ ပျံနှံ့သွားအောင် စတင်ခဲ့တဲ့ တူနီးရှားနိုင်ငံက ဖြစ်ရပ် နဲ့ ၁၉၈၈ မြန်မာ ပြည်သူတွေရဲ့ ဒီမိုကရေစီ တောင်းဆို လှုပ်ရှားမှု စတင်ရာ ဖြစ်ရပ် နှစ်ခုလုံးဟာ အရေးမကြီးတဲ့ သာမန် ဖြစ်ရပ်ကလေးတွေကနေ နိုင်ငံလုံး ဆိုင်ရာ အဆင့်ထိ ကူးပြောင်းသွားခဲ့တာ ဖြစ်ကြောင်း၊ ဒါပေမဲ့ တူနီးရှားမှာ သမ္မတ ပြုတ်ကျသွားခဲ့ပြီး၊ မြောက်အာဖရိက တခွင်လုံး ဒီမိုကရေစီ လှိုင်းကြီး ကူးစက် ပျံနှံ့သွားခဲ့ပေမဲ့ မြန်မာ နိုင်ငံမှာ ကတော့ ကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှု ဟာ အခြေမှုန်းခံခဲ့ရကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ တူနီးရှား နဲ့ မြန်မာ ကွာခြားချက်က တူနီးရှားမှာ စစ်တပ်က သူ့ပြည်သူကို ပစ်ခတ် သတ်ဖြတ်တာမျိုး မလုပ်ခဲ့ ပါဘူး၊ ဒါ့ပြင် နောက်တစ်ချက်က တူနီးရှား တော်လှန်ရေးဟာ ခေတ်မီ ဆက်သွယ်ရေး နည်းပညာ တော်လှန်ရေးရဲ့ အကျိုး ကျေးဇူးကို ခံစားခွင့် ရရှိခဲ့တာပါ။ ဒါဟာ ရေရှည်မှာ သိပ်အရေးကြီးတဲ့ အချက် ဖြစ်ပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

Monday, June 27, 2011

မန္တလေး ကျောက်ဝိုင်းမှာ တရုတ်နဲ့ ဗမာရန်ပွဲ အကြီးအကျယ်ဖြစ်ပွား

ဒီနေ့မနက် မန္တလေး မဟာအောင်မြေမြို့နယ် ၈၇၊၈၈ ၃၈၊လမ်း ၄၀ကြားက ကျောက်ဝိုင်းမှာ ဗမာကျောက်ကုန်သည်တယောက်နဲ့ ဧည့်ဗီဇာနဲ့လာတဲ့ တရုတ်ကုန်သည်တို့ ပါးစပ်နဲ့ အရောင်းအ၀ယ်တည့်ထားတဲ့ ကျောက်လွှာထုပ်ကို ဈေးပိုတောင်းတာ မပေးလို့ တခြားတရုတ်တယောက်က ဈေးပိုပေးလို့ရောင်းလိုက်ရာက ကျောက်ဝိုင်းမှာ လူရိုက်မှုတွေဖြစ်ခဲ့ပါတယ်။

Sunday, June 26, 2011

(မြန်မာပြည်မှပေးစာ) တိရစ္ဆာန်တို့အကြောင်း စကားလက်ဆုံ - ၂ -

မြန်မာပြည်မှပေးစာ
တိရစ္ဆာန်တို့အကြောင်း စကားလက်ဆုံ - ၂ -
Aung San Suu Kyi (Mainichi)
(လစဉ် မိုင်အိနိချိ-ကော်လံတွင် ဖော်ပြနေသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ “မြန်မာပြည်မှစာ”ကဏ္ဍ၏ ဆဋ္ဌမ မြောက်ဆောင်းပါးဖြစ်ပါသည်)

၆၆ နှစ်တာကာလ ပရစ်ဇင်မ်ကို ထိုးဖောက်ကြည့်ရခြင်းဟာ လွန်ခဲ့တဲ့အနှစ် ၆၀ သို့မဟုတ် လွန်ခဲ့တဲ့ ၆ နှစ်ကိုတောင် ကြည့်မြင်ခဲ့ရခြင်းနဲ့ ကွာခြားနေပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီ ယှက်နွယ်နေတဲ့ ကာလအတွင်းမှာ ကမ္ဘာကြီးနဲ့ကျွန်မဟာ ပြောင်းလဲလာခဲ့လို့ပါ။ လွန်ခဲ့တဲ့ အနှစ် ၆၀ က တိရစ္ဆာန်များနဲ့ ကျွန်မရဲ့ ဆက်နွယ်မှု(ဒီလိုပဲပြောနိုင်ခဲ့မယ်ဆိုရင်)ဟာ ကွာလှမ်း ပါတယ်။ ကျွန်မရဲ့ ကလေးဘဝရဲ့မြင်ကွင်းတစိတ်တပိုင်းဖြစ်တဲ့ စိတ်ဝင်စားစရာမကောင်းတဲ့ ခွေးဗန္ဓတ်များနဲ့ သနားစရာမြင်တွေ့ရတဲ့ လှည်းဆွဲမြင်များအကြောင်းကို ကျွန်မရေးခဲ့ပါတယ်။ ကျွန်မငယ်ရွယ်စဉ်က ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ တိရစ္ဆာန်လောကရဲ့ အခြားသတ္တဝါတွေကတော့ ငှက်များဖြစ်ကြ ပါတယ်။

အဲဒိအချိန်တုန်းက ရန်ကုန်ဟာမဖွံ့ဖြိုးသေးပါဘူး။ ကျွန်မတို့ဟာ မြေနီနဲ့ ကျောက်ခဲကျိုးများ ခင်းထားတဲ့လမ်းမှာနေခဲ့ကြပါတယ်။ ရှည်တဲ့ဝါးရုံများ၊ ကျွန်မတို့နွားများရဲ့စားကျက်ဖြစ်ခဲ့တဲ့ ရှည်မျောမျော လွင်တီးခေါင် ချိုင့်ကွင်းပြင်မျာ၊ ရေမှော်ရေညှိများရှိနေတဲ့ ရေကန်နဲ့ ပြိုမ ယောင်အုဋ်ခဲနံရံများဖြင့် အနားသတ်ထားပါတယ်။

ကျွန်မတို့အိမ်ရဲ့မျက်နှာချင်းဆိုင်မှာတော့ ဘုန်းတော်ကြီးကျောင်းရှိခဲ့ပါတယ်။ ရိုးရာပုံစံရှိနေတဲ့ သစ်သားအဆောက်အဦးများ၊ ပစ္စလက္ခဖြစ်နေတဲ့မြေကြီးများ၊ ရှေးဟောင်းဗိမာန်များနဲ့ရုပ်ပွား တော်များနဲ့ နက်ရှိုင်းတဲ့တည်ငြိမ်အေးဆေးမှုဟာ လူသာမန်များရဲ့ ပျားပန်းခတ်အလုပ်ရှုပ်နေ တဲ့ကမ္ဘာနဲ့ ခြားနားထားကြောင်းကိုအလေးအနက်ဖော်ပြနေပါတယ်။ ဘုန်းကြီးကျောင်းနဲ့ကျွန် မတို့အိမ် နှစ်ခုစလုံးဟာ တောင်ငယ်လေးများလို့ခေါ်ဆိုလောက်တဲ့ ကုန်းမြင့်တွေပေါ်မှာတည် ရှိနေကြတာကြောင့် ကြားထဲကလမ်းလေးဟာ ကျဉ်းမြောင်းတဲ့တောင်ကြားချိုင့်ဝှမ်းနဲ့တူနေ ပါတယ်။

ကျွန်မတို့ပန်းခြံဟာ ကွဲပြားတဲ့အမြင့် ၃ မျိုးပေါ်မှာဖြန့်ကျက်တည်နေပြီး၊ သစ်ပင်များစွာဟာ ငှက်ပေါင်းစုံရဲ့ စိတ်ဝင်တစားဆွဲဆောင်စရာဘုံအဖြစ် ဖန်တီးပေးထားပါတယ်။ အတွေ့များရ တဲ့ငှက်တွေ ကတော့ ကျီးကန်းများ၊ သာလိကာများ၊ ချိုးများ၊ ခိုများ နဲ့ စာကလေးများဖြစ်ကြ ပါတယ်။

အရေအတွက်များလွန်းလို့ ငှက်အားလုံးကို သတိမထားနိုင်ခဲ့ပါ။ ဒါပေမင့် ညနေပိုင်း ကျီးကန်း များ အိပ်တန်းတက်ဘို့ ပျံသန်းနေတာကိုစောင့်ကြည့်ရခြင်းကို ကျွန်မနှစ်သက်ခဲ့ပါတယ်။ သူတို့အပြန်လမ်း ကောင်းကင်ပြင်မှာ ကြီးမားတဲ့အနက်ရောင် တောင်ပံဖြန့်ကျက် ခြယ်မှုန်း လျက် ကျီးအာသံများ ပြည့်နှက်နေပါတယ်။

ခိုငှက်ကလေးရဲ့ ဆွဲဆွဲငင်ငင်အော်မြည်သံဟာ နွေဦးရဲ့ဂီတသံတစိတ်တပိုင်း ဖြစ်နေခဲ့ပါ တယ်။ ကျွန်မကတော့ ငှက်ကလေးကို ဖြတ်ခနဲတောင် သတိမထားခဲ့ပါဘူး။ ကျွန်မ အထူး တလည် စူးစူးစမ်းစမ်းမရှိခဲ့တာကို အခုအချိန်မှာ ကျွန်မအံ့သြမိပါတယ်။

သစ်ပင်ပေါ်မှာခိုနားနေတဲ့ ကျွန်မတို့ကိုဂုဏ်ထယ်စွာ မဟာဆန်ဆန်ကြည့်နေတဲ့ ကြက်တူရွေး ကလေးကို စိတ်ဝင်စားမိတာ ကျွန်မ အမှတ်ရမိပါတယ်။ ဒါဟာ သူ့ရဲ့တဒင်္ဂတည်ရှိမှုပါပဲ။

တနေ့မှာ နေ့ခင်းကြောင်တောင်ကြီး ဇီးကွက်တကောင် သစ်ပင်ကပြုတ်ကျခဲ့ပါတယ်။ ဥယျဉ် မှူးက ကျွန်မတို့ကြည့်ဘို့ကောက်ပြခဲ့ပါတယ်။ အံ့သြထိတ်လန့်နေတဲ့ကျွန်မမျက်နှာကို ဇီးကွက် ကလေးက အိပ်ချင်မူးတူးမျက်စိနဲ့ ပေကလပ်ပေကလပ် ကြည့်နေခဲ့ပါတယ်။

ကျွန်မတို့လမ်းထိပ်မှာ ၁၉ ရာစုအိန္ဒိယပုံစံ အိမ်အိုတဆောင်ရှိခဲ့ပါတယ်။ မှေးမှိန်အားပျော့လာ တဲ့ ဒီအိမ်ရဲ့ ခန့်ညားထယ်ဝါမှုနဲ့ ဖြစ်သလိုပြန့်ကျဲနေတဲ့စွန့်ပစ်ခံခြံတို့ရဲ့ လွမ်းဆွတ်မှုကို မရေ ရာတဲ့ ပိုင်ရှင်မဲ့မှုက ပိုမိုစေခဲ့ပါတယ်။ ပိုင်ရှင်တွေဟာ အိန္ဒိယနွယ်လူချမ်းသာများဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်မြန်မာပြည်ကို ရောက်လာလို့ ထွက်ပြေးသွားကြောင်း ကျွန်မတို့သိထားခဲ့ပါ တယ်။

အိမ်စောင့်များလက်ထဲကို ပိုင်ရှင်တွေက တနည်းနည်းနဲ့ စီစဉ်အပ်နှံခဲ့ပါတယ်။ စစ်ကာလ အတွင်း အိမ်စောင့်များက တလျှောက်လုံး ကြည့်ရှုစောင့်ရှောက်ပေးလျက်၊ သူတို့ရဲ့အလုပ်ရှင် များ ဘယ်တော့မှပြန်မလာလဲ သစ္စာရှိရှိနဲ့သူတို့အလုပ်မှာ ဆက်လက်ထမ်းဆောင်နေကြပါ တယ်။

ကျွန်မမှတ်မိတဲ့ ဒီအိမ်စောင့်များဖြစ်ကြတဲ့ ဒိုတီဝတ်အရပ်ရှည်ရှည် အိန္ဒိယနွယ်ဘွားများက တော့ ကျွန်မတို့ကိုသူတို့ရဲ့ပန်းခြံထဲ ရှားရှားပါးပါလည်ခွင့်ပြုခဲ့ဘူးပါတယ်။ အစောင့်အရှောက် ခံမဲ့သစ်ရွက်အရှုပ်အထွေးတွေကြားမှာ ရေပန်းနှစ်ခုနဲ့ ကြီးမားတဲ့ အညိုရောင်ကျောက်ရေကန် ကြီးများရှိခဲ့ပါတယ်။ နှစ်ခုစလုံးဟာ လုံးလုံးခြောက်သွေ့နေလင့်ကစား သူတို့ရဲ့ခန့်ညားထယ် ဝါမှုဟာ ကျွန်မကို အံ့သြစေခဲ့ပါတယ်။

လျှို့ဝှက်ဆန်းကြယ်တဲ့ဒီဗိမာန်ရဲ့ ကျက်သရေကိုဆောင်နေတာကတော့ သူတို့အိပ်တန်းမှာ နားနေတဲ့ ကြီးမားတဲ့ကတ္တဝါကြီး နှစ်ကောင်ဖြစ်ကြပါတယ်။ သူတို့ရဲ့ ပြိုးပြိုးပြက်ပြက်လွင် နေတဲ့အရောင်များဖြင့် အထီးကျန်ပန်းခြံကို တောက်ပနေစေခဲ့ပါတယ်။ သူတို့ဟာ ရန်ကုန် တိရစ္ဆာန်ရုံပြင်ပမှာတွေ့ရတဲ့ အရောင်အသွေးအစုံစုံနဲ့စွဲမက်နှစ်သက်ဘွယ် တိုင်းတပါးမှလာ တဲ့ သတ္တဝါများဖြစ်ကြပါတယ်။

အဲဒီအချိန်တွေတုန်းက တိရစ္ဆာန်ရုံကို စိတ်အပန်းဖြေအလည်အပတ်သွားရတာက အလွန်ထူး တဲ့ ပြုမူချက်ပါ။ တိရစ္ဆာန်ရုံဟာ ကျွန်မတို့အိမ်နဲ့ မဝေးလှပါ။ ခြင်္သေ့များရဲ့ဟိန်းဟောက်သံတွေ ကို ဆည်းဆာချိန်ရဲ့တိတ်ဆိတ်မှုကိုကျော်လွန်ပြီး ကြားနိုင်ခဲ့ရပါတယ်။ ညနေတိုင်းမှာ ဘာ ကြောင့် ခြင်္သေ့တွေ ဟိန်းကြရတာလဲလို့ လူကြီးများကို ကျွန်မမေးခဲ့ပါတယ်။ အစာကျွေးချိန်ကို သတိပေးတာလို့ တချို့က ဖြေကြပါတယ်။ တောထဲက သူတို့ ဌာနေကိုလွမ်းကြလို့ သတ္တဝါ ကြီးများက ငိုတာပါလို့ တချို့ကတော့ ဖြေခဲ့ကြပါတယ်။ တိရစ္ဆာန်ရုံထဲကလှောင်အိမ်တွေထဲမှာ ဒီတိရစ္ဆာန်များကို ကျွန်မမြင်ရတဲ့အခါ သူတို့ရဲ့အငြိမ်မ နေ လှုပ်ရှားမှုများကို သဘောပေါက်သွားခဲ့ပါတယ်။ သူတို့ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ခြေလှမ်း များဟာ ဝေးကွာနေတဲ့သိုတို့ရဲ့ဌာနေများကို လွမ်းမောတမ်းတခြင်းနဲ့ ဆက်နွယ်နေမှာပါလား လို့လဲ တွေးထင်မိခဲ့ပါတယ်။

မြန်မာ့ဝေဒအယူအရ အင်္ဂါဖွား ကျွန်မဟာ ခြင်္သေ့ဖြစ်တဲ့အတွက် ခြင်္သေ့ကြီးများကိုအထူး မျှဝေစာနာခဲ့တာပါ။

မျောက်များဟာလဲ အလားတူ အခြားကြောင်းအရာတခုပါ။ လာလည်ပတ်သူများအကြား ထင်ရှားတဲ့ “မျောက်ရွာ”ဟာ ကျွန်မစိတ်ကို မချမ်းမြေ့စေခဲ့ပါ။ ကျွန်မရဲ့မျက်စိထဲမတော့ မျောက်များဟာ မဖော်ရွေသလို မပျော်ရွှင်နေသလို ဖြစ်နေတာမြင်တွေ့နေခဲ့ရပါတယ်။ သူတို့ မျက်စိများဟာ ယုတ်မာမှုများနဲ့တောက်ပနေတယ်လို့ထင်ခဲ့ရပါတယ်။ သူတို့ရဲ့ ဟာသလုပ်ရပ် တွေအပေါ် ရယ်မောနေကြတဲ့သူများကို သူတို့ရဲ့ပါးစပ်များကလှေင်ပြောင်နေကြပါတယ်။ သူတို့ကိုပစ်ပေးတဲ့ မြေပဲနဲ့အစားအစာများကို ရှုံ့မဲ့တဲ့မျက်နှားများဖြင့် ကျွမ်းကျင်စွာ ဖမ်းယူခဲ့ ကြပါတယ်။

ဒါဟာ ဆင်များနဲ့ လုံးဝ မတူတာပါပဲ။ ပေးကမ်းလာတဲ့ငှက်ပြောသီးများနဲ့ ဘန်းပေါင်မုန့်များကို ကျေနပ်နှစ်သက်တဲ့မျက်နှာကြီးများနဲ့ နှာမောင်းရဲ့ညှိုးလျလျလှုပ်ရှားမှုများဖြင့် ဆင်များက လက်ခံယူကြပါတယ်။ ဒါကို ကျေးဇူးတင်ကြောင်းကို ကျက်သရေရှိစွာ အလေးပြုခြင်းလို့ ကျွန်မက အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်။ ကျွန်မ ကြီးကောင်ဝင်လာပြီးနောက် တိရစ္ဆာန်ရုံကို နှစ်ခေါက်သာ အလည်အပတ်သွားခဲ့ပါ တယ်။ တကြိမ်ကတော့ နိပေါမှာနဲ့ နောက်တခါကတော့ လန်ဒန်မှာပါ။ နေ့လည်ပိုင်းမှာအားလပ်နေလို့၊ အရောက်အပေါက်ခက်ခဲလွန်းတဲ့ ဟိမဝန္တာမှာရှိ တိရစ္ဆာန်ရုံ ဖြစ်နေလို့ မိုက်ကယ်နဲ့ကျွန်မတို့ ခတ်မန္ဒူ အိမ်မွေးတိရစ္ဆာန်ရုံကိုသွားရောက်ခဲ့ပါတယ်။ ဒီနေရာ ဟာ စိတ်မကောင်းဘွယ်၊ စိတ်အားငယ်စရာအသွင်ဆောင်နေကြတဲ့ တိရစ္ဆာန်များရှိနေတဲ့ ဖုံထူတဲ့နေရာဖြစ်နေပါတယ်။ ခြင်္သေ့များဟာ များသောအားဖြင့် ခွေးသားကိုစားနေကြရတာ ဖြစ်လို့ သက်ရှိခွေးရဲ့အနံ့ ကို ရသွားရင် သူတို့အဘို့ စိတ်ကြွစရာဖြစ်စေနိုင်လို့ ကျွန်မတို့ရဲ့ ဘူတန်တယ်ရီယာခွေးလေးကို ဝင်ပေါက်အပြင်မှာထားရစ်ခဲ့ရန် အကြံပေးခံခဲ့ရပါတယ်။ ဒါ ဟာ နောက်ထပ်ပြန်မဖြစ်ပေါ်ရဘို့ ဘိတ်ခေါ်တဲ့ အတွေ့အကြုံတခုဖြစ်ပါတယ်။

နောက်တခါနဲ့နောက်ဆုံးအကြိမ် တိရစ္ဆာန်ရုံသွားလည်ခဲ့တာကတော့ နောက်နှစ်အနည်းငယ် အကြာမှာ ကျွန်မသား အလက်ဇန္ဒရားကို “ဝစ်ပ်စနိတ်”တိရစ္ဆာန်ရုံကို ခေါ်သွားခဲ့တဲ့အချိန်ဖြစ် ပါတယ်။ ခတ်မန္ဒူတိရစ္ဆာန်ရုံထက်စာရင်တော့ လှလှပပရှိပါတယ်။ ဒါပေမင့် လှောင်ထားခံနေ ရတဲ့တိရစ္ဆာန်များကို မြင်တွေ့ရတဲ့ ခံစားမှုရသ က ကျွန်မမှာပျောက်ဆုံးနေတာကို ကျွန်မ တွေ့ရပါတယ်။ တိရစ္ဆာန်များကမပြောင်းလဲခဲ့ပါဘူး။ ဖမ်းချုပ်လှောင်အိမ်သွင်းခြင်းနဲ့ လူသား ကြီးစိုးလွှမ်းမိုးမှု အပေါ်ထားရှိတဲ့ ကျွန်မရဲ့သဘောထားကသာ ပြောင်းလဲခဲ့တာပါ။

တိရစ္ဆာန်များနဲ့လူသားတို့ဆက်ဆံရေးအပေါ် ထားရှိခဲ့တဲ့ကျွန်မရဲ့သဘောထားအမြင်ဟာ ပြောင်းလဲသွားလိမ့်မယ်လို့ အဲဒီ အချိန်က ကျွန်မနားမလည်ခဲ့ပါ။ ကျွန်မ မြော်လင့်မထားခဲ့တဲ့ ပုံစံတွေနဲ့ ကျွန်မရဲ့ပတ်ဝန်းကျင်ကမ္ဘာဟာလဲ ပြောင်းလဲသွားခဲ့မယ်ဆိုတာကို ပိုလို့တောင် နားမလည်ခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည်
ဇွန်လ ၂၅၊ ၂၀၁၁
မိုင်အိနိချိသတင်းစာ၊ ဂျပန်
(၂၀၁၁၊ ဇွန်လ ၂၅ ရက်ထုတ် ဂျပန်နိုင်ငံ မိုင်အိနိချိသတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Animal talk (2) ကို ဘာသာပြန်ပါသည်။)
မောင်မောင်လှကြိုင်
၂၀၁၁-၀၆-၂၆
ဆောင်းပါးပေးပို့လာသောဆရာမောင်မောင်လှကြိုင်အားကျေးဇူးတင်ရှိပါသည်။
Ref: Photo ခွပ်ဒေါင်းအော်သံ

Saturday, June 25, 2011

အရှင်ဆန္ဒာဓိကရဲ့ဆုံးမစာလေးပါ.....

ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊
စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊
စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။

ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာဝန်။
မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။

စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊
စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။

ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊
ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။
သူတစ်ပါးရဲ့အမှားချို့ယွင်းချက်ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း၊
ငါ့မှာရော အမှားလုံးဝမရှိဘူးလား လို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊
သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာအမှန်ပဲ။

ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှုမရှိပဲ စိတ်ချမ်းသာအောင် နေတတ်ခြင်းဟာ စိတ်ကျန်းမာရေးပါပဲ။
စိတ်ကျန်းမာရေး ချို့ယွင်းသူတွေရဲ့ အဓိကအားနည်းချက်ကတော့၊ အရာရာကို နားလည်မှု ခွင့်လွှတ်မှုခေါင်းပါးခြင်းပဲ။

ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ကောင်းတဲ့အချက်ကို မရရအောင်ရှာကြံတွေးပြီး စိတ်ချမ်းသာအောင်ထားတတ်တာကိုစိတ်ထားတတ်တယ်လို့ခေါ်တယ်။ စိတ်မထားတတ်ရင် စိတ်ချမ်းသာစရာနဲ့တွေ့နေတာတောင်မှ စိတ်ဆင်းရဲနေတတ်ပါတယ်။

သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်ဖြစ်နေပါပြီ။ဘာဖြစ်လို့လဲဆိုတော့ သေဖို့ရာ တဖြည်းဖြည်းနီးလာပြီလေ။

ကောင်းမှုကုသိုလ်အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း မြန်မြန်သွက်သွက် ထလုပ်လိုက်မှ ထမြောက်အောင်မြင်တတ်ပါတယ်။ အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲမယ်ဆိုရင် မလုပ်ဖြစ်တော့ပဲ လွဲချော်သွားတတ်ပါတယ်။

စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ်ဆိုတာ တစ်ကယ်တော့ လောကသဘာဝကို မသိလို့သာဖြစ်တယ်။ လောကမှာ ဘယ်အရာမှ ကြာရှည်တည်တံ့တယ်ဆိုတာ မရှိပါဘူး။ ရှုံးလို့စိတ်ဓာတ်ကျနေတာ၊ နိုင်လို့သွေးနားထင်ရောက်နေတာ၊ အားလုံးဟာလောကဓမ္မတာကိုသဘောမပေါက်လို့ဖြစ်ပါတယ်။ တကယ်တော့ ဘယ်အရာမဆို ရေပွက်ပမာပါပဲ။ နိုင်ခြင်းနဲ့ရှုံးခြင်း၊ ပျော်ရွှင်ခြင်းနဲ့စိတ်ညစ်ခြင်း၊ ထောင်လွှားခြင်းနဲ့နိမ့်ကျခြင်း၊ ရှင်ခြင်းနဲ့သေခြင်းဆိုတာတွေရဲ့ကြားမှာ ခြားထားတဲ့စည်းကြောင်းက ပါးပါးသေးသေးမျှင်မျှင်လေးဖြစ်တယ်။

တစ်ဖက်ကတစ်ဖက်ကိုရုတ်တရပ်ချက်ချင်းကြီး ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။ နိုင်ချိန်မှာ မီးကုန်ယမ်းကုန်ပျော်မြူးပြီး မာနထောင်လွှားတာဟာ အသိဥာဏ်နည်းသူများရဲ့ လက္ခဏာဖြစ်တယ်။ အဲဒီအနိုင်က ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။ တစ်သက်လုံးနိုင်တဲ့နေရာကချည်းနေရမယ်များ ထင်နေလား။ ရှုံးနိမ့်သူက ရှုံးလို့ဆိုပြီး စိတ်ဓာတ်တွေကျဆင်းကာ ဘ၀ပျက်သလို ခံစားနေရတာဟာ လူညံ့ ဖြစ်ကြောင်းပြတဲ့ လက္ခဏာဖြစ်တယ်။ ရှုံးပေမယ့် မညံ့ရင် အနိုင်ဘက်ကို ကူးပြောင်းရောက်ရှိသွားနိုင်တယ်။ အခွင့်ထူးဆိုတာ မြင်တတ် ကြည့်တတ်တဲ့သူတွေအတွက်တော့ အခါမလပ်ရှိနေပါတယ်။ ယူတတ်ဖို့ ယူရဲဖို့လိုတယ်။ လူညံ့ဖြစ်နေရင်တော့ တစ်သက်လုံးအရှုံးချောက်ကမ်းပါးက တက်ဖွယ်မရှိဘူး။

စိတ်ညစ်စရာနဲ့ ကြုံတွေ့ရင် တစ်ကိုယ်ရေတိတ်တိတ်လေး ကျိတ်ကျိတ်မဆွေးပါနဲ့။ ဖြစ်လာတာဟာ ကောင်းဖို့ဖြစ်လာတာပဲလို့ နှလုံးသွင်းပါ။

လူတွေမှာ တစ်ခါတစ်လေ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ဖြစ်တတ်တယ်။ သားသမီးအပေါ်၊ ခင်ပွန်း ဇနီးအပေါ်ကိုသာမက အလုပ်ခွင်မှာလည်း တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ရှိနေရင်တော့ စိတ်မချမ်းသာမှုမရှိနိုင်ပါဘူး။ နိုင်တဲ့သူလည်းစိတ်မအေးချမ်းဘူး။ရှုံးတဲ့သူလည်း စိတ်မအေးချမ်းဘူး။ အနိုင်အရှုံးမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံပြောရတာပိုပြီး စိတ်ချမ်းသာနိုင်ပါတယ်။
အရှင်ဆန္ဒာဓိက

Ref http://www.facebook.com/#!/profile.php?id=100000356373575

Friday, June 24, 2011

National Youth Network Political Prisoners Supporting Statement

မန္တလေးနဲ့ နေပြည်တော်မှာ ဗုံးကွဲ

မန္တလေးမြို့ ဈေးချို အနီး ကားတစီးပေါ် ဒီနေ့ နေ့လည် ဗုံးကွဲ၊ ဥပုသ်နေ့ ဈေးပိတ်ရက်မို့ အသေအပျောက် မရှိလို့ မန္တလေးမြို့ခံတွေက ပြောကြ။ အပေါ်က ပုံက မန္တလေးမှာ ကားပေါ် ဗုံးကွဲထားတဲ့ပုံ။ တေဇာ ဆိုသူက yfrog မှာ တင်ထားတာကို ကူးယူဖော်ပြပါတယ်။
နေပြည်တော် သပြေကုန်းရပ်ကွက် အိမ်တလုံးမှာလည်း ဒီနေ့လည်ပဲ ဗုံးကွဲ၊ အပျက်အစီး အသေအပျောက် မသိရ။
Ref http://www.irrawaddyblog.com/2011/06/blog-post_8287.html#more
နောက်ဆက်တွဲသတင်းများဖတ်ရန်အောက်ပါလင့်ကိုကလစ်ပါ
http://komoethee.blogspot.com/

Thursday, June 23, 2011

ပြည်တွင်း ထဲသို့လက်ကိုင် သေနတ် ဖုန်းတွေ သွင်း လျှက် ရှိနေကြောင်း သတင်း ရ ရှိ

ပြည်တွင်း ထဲသို့လက်ကိုင် သေနတ် ဖုန်းတွေ သွင်း လျှက် ရှိနေကြောင်း သတင်း ရ ရှိ။လေဆိပ် မျာ ...း နဲ့ နယ်စပ် များတွင် စစ်ဆေး လျှက် ရှိနေပါသည်။
ညွန်ကြား ချက် ရတဲ့ နေ့မှ စပြီး ယနေ့ အထိ တပတ် အတွင်း ဖမ်းဆီး ရရှိ မှု မရှိသေးကြောင်း သိရပါသည်။လေဆိပ် များနဲ့နယ်စပ် များတွင် စစ်ဆေး လျှက် ရှိနေပါ သည်။

(၁၄)နှစ်အရွယ်ကျောင်းသူလေးဓားနဲ့ထိုးသတ်ခံရ သတင်း(ရုပ်သံ)


ကျောင်းသူလေးကို သတ်ပြီး ကိုယ့်ကိုယ်ကိုပါ သတ်သေသူ
ပဲခူးတိုင်း ဥသာမြို့သစ်မှာ ၄၀၅ တပ်ရင်းမှူးဆိုသူက (၁၄)နှစ်အရွယ်
၉တန်းကျောင်းသူလေးတဦးကို ဓားနဲ့ထိုးသတ်ခဲ့သလို
သူ့ကိုယ်သူလည်း သတ်သေသွားခဲ့တဲ့ဖြစ်ရပ် မနေ့ မနက် ၁၁ နာရီမှာ ဖြစ်ခဲ့ပါတယ်။
ဖြစ်ခဲ့တဲ့ အကြောင်းစုံကို မိခင်ဖြစ်သူနဲ့ မျက်မြင်တဦးက ပြောပြထားပါတယ်။
ဓားနဲ့ ထိုးသတ်ခံရတဲ့ (၉)တန်းကျောင်းသူလေးကတော့ မသက်နှင်းဆွေဖြစ်ပါတယ်။
ကျောင်းသူလေးရဲ့အလောင်းကိုတော့ ပဲခူးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှာ ထားထားပြီး တပ်ရင်းမှူးဆိုသူရဲ့ အလောင်းကိုတော့ သက်ဆိုင်ရာ စစ်တပ်က သယ်ယူသွားတယ်လို့ ဒေသခံတွေအပြောအရ သိရပါတယ်။
နေ့ခင်းကြောင်တောင် အခုလို လူသတ်မှုဖြစ်သွားတဲ့အတွက် ဒေသခံတွေက လုံခြုံရေးကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ရုပ်သံဖိုင်ကို ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်က ပေးပို့ပါတယ်။

Ref http://anyarnwaytamarmyay.blogspot.com/

Wednesday, June 22, 2011

ဖြစ်တတ်တယ်

ဖြစ်တတ်တယ်
(ဆွေနိုင်)
ဖြစ်ပုံများ
ဒီနေ့ကျမှ
မိုး၊လေ၀သ သတင်းကို
တီဗွီဖန်သားပေါ်မှာမကြည့်မိခဲ့ဘူး။
ဟာ
အဲဒါမှ ကွိုင်ပဲ
စက်ဘီး ရှေးဘီးက
ဘရိတ်ကပ်နေတာ သတိမထားမိလိုက်ဘူး။
အရေးထဲ
မိုးကလည်းရွာ လေကလည်းတိုက်
မိုးကာအင်္ကျီမေ့ကျန်ခဲ့ပြန်ပြီ။
အင်း
တတ်နိုင်ဘူးလေ
ကိုယ်ဖြစ် ကိုခံပေါ့
ကိုယ့်ဟာကိုညီးတွား
မီးပွိုင့်နားရောက်ခါမှ
လူနာတင်ယာဉ်ကားဆူညံလို့ပါလား။
ဟာ
ပေါက်ကရ
တောင်စဉ်းစား မြောက်စဉ်းစား
စက်ဘီးက ငါ့ကိုပြန်စီးနေပါလား
တတ်နိုင်ဘူးလေ
စက်ဘီးက ကံကောင်းလို့
ငါ့ကို စီးနေတာ သူ့ကုသိုလ်ကံပေါ့တဲ့။
ဒါနဲ့
ငါ့ကိုစီးနေတဲ့စက်ဘီး
လမ်းဘေးမှာ အသာလေးထိုးရပ်
ပိုးစိုးပက်စက်ကပ်နေတဲ့ဘရိတ်
မြန်မာနည်း မြန်မာဟန်
ကျောက်ခဲနဲ့ထုခွါလိုက်ကာမှ
ဘီးပါခွန်သွားပါလေရော့
ဒီလိုနဲ့
အဲဒီနေ့က
စက်ဘီးက ငါ့ကိုစီးပြီးပြန်လှည့်သွားလေရဲ့။
စက်ဘီးစီးရင်းကျွတ်ပေါက်သွားတာနဲ့ ရေးမိပါသည်

Tuesday, June 21, 2011

Kachin Refugees Photo Report

--------------------------------------------------------------------------------
--------------------------------------------------------------------------------
Dr Naing Aung facebook
http://www.facebook.com/#!/DNA.FREEBURMA

Sunday, June 19, 2011

အမေ့ရဲ့ပုံရိပ်လွှာကို ပုံတူကူးကြည့်ခြင်း(ကဗျာ)

အမေ့ရဲ့ပုံရိပ်လွှာကို ပုံတူကူးကြည့်ခြင်း
(ဆွေနိုင်)
အသက်အရွယ်နဲ့မမျှ
သူမ ရဲ့မျက်လုံးတစ်စုံ
လမ်း တဆုံးထိကြည့်နေပုံများ။

သူမ ရဲ့ဆန္ဒနဲ့ မျှော်လင့်ချက်
မနက်ဖြန်အတွက်လင်းလက်တောက်ပ။

နေထွက်က နေ၀င်၊ ညယံ၊ညနက်
ပုခတ်လွှဲ လက်နဲ့
ကောင်းကင်းယံထက်
လရောင်ခင်း၍လမ်းလျှောက်လို့ ။

ရုပ်ဆင်းသဏ္ဍာန်
သူ့ဟန်ပန်းကား၊ သွယ့်ပျောင်းခန္ဓာ
မဲမှောင်ဖြိုးဖြတ်၊ လျှက်ပန်းခက်နွယ်
ဝင့်ဝါအသား၊ ဖရောင်းလွှာလို
ကေသာကျော့ရှင်း၊ ပုတုန်းရောင်လို
တိမ်ဝဠာမှာ၊ ကွန့်မြူးနေသည်
ပန်းပန်လျှက်ပဲ ပန်လျှက်ပဲ။

ဝန်းကျင်ကမ္ဘာ
စမ်းရေကျသံပမာ
သူ့မေတ္တာ၊ သူ့သတင်း
မွှေးကြိုင်ခြင်းတွေ
နွယ်ယှက်ဖြာ တသွင်သွင်စီးဆင်းလို့။

ပျားပန်းခတ်နေသလို
ပန်းစုံစိုက်ခင်း ထုံသင်းပျံ့ဝေ
မွှေးကြိုင်ခြင်းတွေ
ပန်းသတင်းကိုလေညင်းသယ်ဆောင်လို့။

ဝန်းကျင်ကမ္ဘာ
စမ်းရေကျသံပမာ
သူ့မေတ္တာ၊ သူ့သတင်း
မွှေးကြိုင်သင်း၊ရောင်ပျံဟပ်စီးဆင်း
မေတ္တာပို့၊ဆုတောင်းခြင်း တွေ
ကဗျာရွတ်သံ၊စာသံ ပေသံ တဖွဲဖွဲနဲ့
အသံမဆဲ ပဌာန်းပွဲလို
လူ့ပြည် လူ့ရွာ လူ့ဌာနေမှာ
သူ့သတင်းကို လူချင်းသယ်ဆောင်လို့။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်ပြည့်မွှေးနေ့အတွက်အမှတ်တရ

Saturday, June 18, 2011

ဒီမိုကရေစီ မိခင် ကြီး၏ (66) နှစ် မြောက် မွေးနေ့ဂုဏ်ပြု အမှတ်တရ.

-----------------------------------------------------------------------------
မဲဆောက်ရှိ မြန်မာပြည်သူများအတွက် ဒေါ်အောင်ဆန်းစုကြည် နှုတ်ခွန်းဆက်စကား

Friday, June 17, 2011

Hope Your Birthdays Wishes Come True Soon

 A Song for Daw Aung San Suu Kyi

Posted By ဇော်ထက်ကိုကို
--------------------------------------------------------------------------------------------------------
ပန်းသခင် လန်းရွှင် ထာဝစဉ်
http://burmastarrecords.files.wordpress.com/2011/06/dassk-66bd.pdf
----------------------------------------------------------------------------------
၆၆မြောက်မွေးနေ့အမှတ်တရ

Wednesday, June 15, 2011

မြန်မာပြည်မှ နိုဘဲလ် ဆုရှင်(ကဗျာ)

မြန်မာပြည်မှ နိုဘဲလ် ဆုရှင်
ရဲစိတ်ရဲမာန် ၊ မျိုးဂုဏ်မှန်၍
စီမံဆောင်ရွက် ၊ ယုံကြည်ချက်နှင့်
ထက်မြက်သည့်ဥာဏ် ၊ ပြည့်တွက်ကျန်အောင်
အမှန်ပြည့်ကြိုး ၊ သူသယ်ပိုးသည်
ကိုယ်ကျိုးကိုလည်းစွန့်ခဲ့ပြီ။

မြန်ပြည်လူ့ဘောင် ၊ ပြည်သစ်ထောင်ဖို့
စွမ်းဆောင်ကြိုးပမ်း ၊ ဦးထိပ်ထမ်းကာ
တက်လမ်းသူဖောက် ၊ ရွှေခေတ်ရောက်အောင်
တောက်လျှောက်မနား ၊ သူစွန့်စားသည်
နိုးကြားလုံးလပြုခဲ့ပြီ။

အနှောင်ဖွဲ့တင်း ၊ တပ်နဲ့ချင်းလည်း
မယွင်းမလှုပ် ၊ နောက်မဆုတ်ဘဲ
အချုပ်အနှောင် ၊ အကျဉ်းထောင်ကို
မရှောင်မကြောက် ၊ ရင်ကော့လျှောက်သည်
ပြောင်မြောက်သတ္တိပြခဲ့ပြီ။

အကြမ်းမဖက် ၊ သစ္စာယှက်၍
လေးနက်မေတ္တာ ၊ ငြိမ်းချမ်းစွာနှင့်
ပြည်သာစေရေး ၊ အစဉ်တွေးကာ
မနှေးရှေ့ဆောင် ၊ သူဦးဆောင်သည်
ဂုဏ်ရောင်ထွန်းလင်းပြောင်ခဲ့ပြီ။

မြန်ပြည်ဦးသျှောင် ၊ တို့ခေါင်းဆောင်ကား
အမှောင်ကိုခွင်း ၊ ဆီမီးဝင်းသို့
မွှေးပျံ့သင်းထုံ ၊ ပန်းဦးငုံလို
ကုံလုံပြည့်ဝ ၊ နှိုင်းမရသည်
ရဲစွမ်းသတ္တိ ၊ ကမ္ဘာသိမို့
ပီတိကျက်သရေ ၊ ရွှန်းလဲ့ဝေသည်
ဤမြေတလွှာ ၊ ဤကမ္ဘာက
ညီညာဆင့်ချယ် ၊ နှင်းဆက်နွယ်သည်
နိုဘဲလ်ဆုရှင်ပါတကား။ ။
ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ၊ကိုရီးယား
ကဗျာပေးပို့လာသောကိုရန်နိုင်ထွန်းအားကျေးဇူးတင်ရှိပါသည်။

Tuesday, June 14, 2011

ညီမလေး ဈေးကောင်းရပါစေ-- ကဗျာ

ညီမလေး ဈေးကောင်းရပါစေ

ဆောရီးပဲ ညီမလေး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး
မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့၊ ဈေးကွက်ဝင်ဖို့
ပါတိတ်၊ သရီးစတပ်၊ မီနီစကပ်၊ နှုတ်ခမ်းနီ ပါးနီ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။

Monday, June 13, 2011

သစ္စာတရားတွေနဲ့ ယှက်သွယ်ဖွဲ့သီထားတဲ့ အမေ့ပုံရိပ်

သစ္စာတရားတွေနဲ့ ယှက်သွယ်ဖွဲ့သီထားတဲ့ အမေ့ပုံရိပ်

အမေဟာ ... ရွက်ကြွေမဟုတ် မျက်ရည်မဟုတ်
ရှင်သန်နေတဲ့ ကဗျာတပုဒ်ဖြစ်တယ်။
အမေဟာ ... အာဏာမမက် ဘယာမဖက်ပဲ
အသာကြည့်လျှင်ပင် သဒ္ဓါအသိအစဉ်ရှိနေတဲ့
မဟာမိခင်တယောက် ဖြစ်ပေတယ်။

Saturday, June 11, 2011

စင်ကာပူ(ကဗျာဆရာ ကိုစောဝေ ရေးစပ်ရွတ်ဆိုသည်)

စင်ကာပူ
၁။ ဟိုးတစ်ချိန်ကတော့
ငါတို့ကို တူအောင် တုမယ် ဆိုတဲ့မြို့
လေဆိပ်မှာထဲက စည်းကမ်းကျတဲ့ အလှကိုငေး
နေစရာတွေငေး၊ နားစရာတွေငေး
မလိုသူတွေက ပွဲစားမြို့ လေးတဲ့
ဒါပေမယ့် သူဟာ ကမ္ဘာလေးတစ်ခုပါ
ဒီကမ္ဘာလေးကို အစစ်အတု ခွဲပြီး အလှရှာမဲ့
မြန်မာ အဖေနဲ့ သမီးကို မသင်္ကာတဲ့ မျက်လုံးနဲ့။

HAPPY BIRTHDAY DAW AUNG SAN SUU KYI

 Posted by  Ohn Mar Oo

Friday, June 10, 2011

ဒေါ်အောင်ဆန်းစုကြည် (၆၆)နှစ်မြောက် မွေးနေ့အကြို ဂီတပွဲတော် အခမ်းအနားဖွင့်ပွဲကို အ...ဖွဲ့ချုပ်ရုံး ခန်းမမှာ ၁၀-၆-၁၁ ရက်နေ့ မနက် ၁၀ ၃၀ နာရီမှာ ကျင်းပ

ဒေါ်အောင်ဆန်းစုကြည် (၆၆)နှစ်မြောက် မွေးနေ့အကြို ဂီတပွဲတော် အခမ်းအနားဖွင့်ပွဲကို အ...ဖွဲ့ချုပ်ရုံး ခန်းမမှာ ၁၀-၆-၁၁ ရက်နေ့ မနက် ၁၀ ၃၀ နာရီမှာ ကျင်းပပါတယ်။ ဂီတပွဲတော်အစီအစဉ်ကို ၁၀ ရက်နေ့ကစပြီး မွေးနေ့ရက်ထိ နေ့စဉ်ကျင်းပသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အသင်းနဲ့ တဦးချင်း (၃၀) လောက်ပြိုင်ပွဲဝင်ကြမှာဖြစ်ပြီး ဒုတိယဆင့်မှာ လက်ရွေးစဉ် (၅) သင်း ရွေးချယ်မှာ ဖြစ်ပါတယ်။ မွေးနေ့ရက်မှာ နောက်ဆုံးအဆင့် ပြိုင်ပွဲ ကျင်းပပါလိမ့်မယ်။ အကဲဖြတ် လူကြီးများ အဖြစ် ကိုရဲလွင်၊ ဇေယျာသော်၊ သားထွေး၊ တိုးလွင်၊ ကိုအောင်၊ ငြိမ်းသစ် တို့ကဆောင်ရွက်ပေး ကြပါတယ်။

http://www.facebook.com/#!/pages/National-League-for-Democracy/199678676714208

Wednesday, June 8, 2011

(၆၆)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင်ပြည်တွင်း၊ပြည်ပမှဒီမိုကရေစီအင်အားစုများတလုံးတစည်းအသုံးပြုကြရန်(NLD)ပြန်ကြားရေးမှဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံဖြန့်ဝေလိုက်ပြီ

ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံအား (၆၆)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ (မြန်မာနိုင်ငံအမျိုးသမီးများနေ့) အခမ်းအနားများ ကျင်းပရာတွင် ကမ္ဘာတစ်ဝှမ်းလုံးရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများတညီတညွတ်တည်း သုံးစွဲနိုင်ရန် ဖြန့်ဝေပေးခြင်းဖြစ်ပါသည်။ တညီတညွတ်တည်းသုံးစွဲကြရန် မေတ္တာရပ်ခံပါသည်။

ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
http://www.facebook.com/#!/pages/National-League-for-Democracy/199678676714208
သမိုင်းထဲကအမေ
(ဆွေနိုင်)
အမေ့ရွာမှာ
စက်ဆုပ် ရွံရှာဖွယ်ကောင်းတဲ့
ရာသီမဲ့ ညတာများ
ရှည်လွန်းအားကြီးတယ်
ဝင်ချည် ထွက်ချည်နဲ့  ။

အမေဟာ
အမေရွာထဲက
မာလိန်မှူ့း့ 
ရေတံလျှပ်တွေ
အလျံညီးညီး တောက်နေတဲ့
အနက်ရှိုင်းဆုံးပင်လယ်ထဲ
ဖြတ်ကူးနေသူပါ။

အမေဟာ
အမေ့ရွာထဲက
လမ်းပြကြယ့့် 
စစ်ဖိနပ်အောက်က
ဟောဒီ မြေရိုင်းထဲ
နေလောင်လည်းခံရဲ
ခြေယောင်လည်းခံရဲ
ဓမ္မနဲ့ လမ်းခင်း
လမ်းပြင်းပြင်းတွေ
လျှောက်နေသူပါ။

အမေဟာ
အမေ့ရွာထဲက
ဥယျာဉ်မှူ့း့ 
စစ်ဖိနပ်အောက်က
ဟောဒီ မြေရိုင်းကို တူးဆွ
ရဲရဲတောက် ကလောင်ဓား ထက်ထက်တွေနဲ့
ရဲရဲတောက်ကြယ်စင်တွေ
ရဲရဲတောက် သူရဲကောင်းတွေ
ပြီးတော့ 
ထိန်ထိန်တောက် လသာညတွေကိုလည်း
စိုက်ပျိုးနေသူပါ။

အမေဟာ့ 
ဇရာအိုလည်း စိတ်ပျိုနေဆဲပေါ့
ဟောဒီ အမှောင်ထုထဲ
တောင်တန်းကြီးတွေလို မားမားမတ်
မြစ်ကြီးတွေလို စီးဆင်းမပြတ်
လ တစ်စင်းလိုလည်း အေးမြနေ
သမိုင်းထဲက အမေ။ ။
ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက်မွေးနေ့သို့ဒီကဗျာဖြင့်ဂုဏ်ပြုပါသည်။
ဒေါ်အောင်ဆန်းစုကြည်အသက်ရာကျော်ရှည်ပါစေ
ဒေါ်အောင်ဆန်းစုကြည်အသက်ရာကျော်ရှည်ပါစေ
ဒေါ်အောင်ဆန်းစုကြည်အသက်ရာကျော်ရှည်ပါစေ

NLD Kawthaung ILO အလုပ်ရုံဆွေးနွေးပွဲ အတွေ့ကြုံနှင့် သတင်းနှင့် စာနယ်ဇင်းအတွေ့ကြုံရှင်းလင်းပွဲ

NLD Kawthaung ILO အလုပ်ရုံဆွေးနွေးပွဲ အတွေ့ကြုံနှင့် သတင်းနှင့် စာနယ်ဇင်းအတွေ့ကြုံရှင်းလင်းပွဲ
၅ ဇွန် ၂၀၁၁
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကော့သောင်းမြို့နယ်စည်းနှင့် လူငယ်ကွန်ယက်တို့ ပူးပေါင်းပြီး
ILO နှင့် သတင်းနှင့် စာနယ်ဇင်းအတွေ့ကြုံ ရှင်းလင်းပွဲကို တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုးံတွင်ကျင်းပရာ အဖွဲ့ချုပ်အဖွဲ့ဝင်များနင့် လူငယ်ကွန်ယက်မှလူငယ်
စုစုပေါင်း ၂၂ ဦးတက်ရောက်ခဲ့ပါသည်။
သုံးရက်တာကျင်းပမည့် ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကော့သောင်းမှ ဗဟိုနှင့်
IL0 တို့တွင်ပို့ချသော သင်းတန် များကို တက်ရောက်ခဲ့သော မြို့နယ်စည်းအဖွဲ့ဝင် ဦးမြင့်မောင်နှင့်လူငယ်တာဝန်ခံ ကိုသက်နိုင်တို့မှ လည်းကောင်းတို့တက်ရောက်ခဲ့သော သင်တန်းများကိ ကော့သောင်းမြို့နယ်ရှိ အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် လူငယ်ကွန်ယက်မှ လူငယ်များအား IL0 မှပို့ချသော ခလေးစစ်သား၊ အတင်းအကျပ်လုပ်အားပေးစေခိုင်းမှုနှင့် ဥယာဉ်ခြံမြေနှင့် လယ်ယာမြေများအားသိမ်းယူမှုတွင် ပြည်သူ့ဖက်မှ စနစ်တကြပါဝင်ကူညီနိုင်ရန်နှင့် အရပ်ဖက်သတင်းထောက် (citizen jurnalist)များပေါ်ပေါက်ရေးအတွက်ရည်ရွယ်ချက်ဖြစ်ပြုလုပ်သောဆင့်ပွားဆွေးနွေးပွဲလည်းဖြစ်
ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကော့သောင်းသည် အခါအားလျှော်စွာ လူသားစွမ်းရည်မြင့်တင်
ရေးရည်ရွယ်ချက်အနေဖြင့် လူ့အခွင့်ရေးဆွေးနွေးပွဲများ စာဖက်ဝိုင်းများ ကျင်းပလျှက်ရှိပြီး ယခု
ပြုလုပ်သော ဆွေးနွေးပွဲသည် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွန်တိုက်တွန်းချက်ဖြင့် လူငယ်ကွန်
ယက် ဖွဲ့ပြီးစည်းပြီးနောက် ပြုလုပ်သော ဆင့်ပွားဆွေးနွေးပွဲလည်းဖြစ်ပါသည်။
NLD ကော့သောင်း

Tuesday, June 7, 2011

သဘောထုတ်ဆိုမယ် သောနုတ္ထိုရ်တို့ရဲ့ မင်းကိုနိုင်ကို ရှက်ပါ၊

သဘောထုတ်ဆိုမယ် သောနုတ္ထိုရ်တို့ရဲ့ မင်းကိုနိုင်ကို ရှက်ပါ၊ပြီးတော့ ဒီငြိမ်းလင်း၊ ကျော်ကိုကိုတို့ကို ရှက်ပါ။
တို့ဗမာ ဝေဒနာများကိုလ၊ ရင်နာနာ စာနာပွားလို့ရယ်
စေတနာများနဲ့ ကျုပ်ရဲ့မနော၊ မာလောနွယ် နကပ် (NCUB) တို့ရဲ့
ဖောက်ပြန်တဲ့ ဓာတ်အကြောကို
လှစ်ကာပြောလိုက်ပါရဲ့၊ မှားမှန်သဘော။
အဟုတ်ကို ပလီညစ်လို့
အကောက်အကျစ် ထွေလာဆန်းပါဘိသနဲ့
စီဝရံသင်္ကန်းနဲ့ ဆဒ္ဒန်ဆင်သတ်
အစွယ်ဖြတ်တဲ့ သောနုတ္ထုရ်
ငုတ်တုတ်ကယ် ထိုင်ငိုလောက်အောင်
မျက်နှာပြောင်တိုက် ကြောင်တောင်နှိုက်နိုင်ကြရဲ့
မိုက်လိုက်ပါတဲ့ နကပ်တို့ရဲ့ အယုတ်တမာသဘော။
တို့ဗမာအရေးတော့ ဆန်းလဒ်ညှိုးလို့ ရေစုန်မျော။

နကပ်ဆိုတဲ့ အဖွဲ့ကြီးရဲ့ ဦးမောင်မောင်နဲ့ ပတ်သက်တဲ့ အရှက်သိက္ခာမဲ့ ကြေငြာချက်ကို ဖတ်ရင်း ရေးမိတဲ့ ငိုချင်းလေးပါ။ မျိုးဖျက် စစ်ဗိုလ်ချုပ်တွေတင်မက ကယ်တင်ရှင် တံဆိပ်ခံ ဒီလိုလူတွေနဲ့ တိုင်းပြည်အနာဂါတ်ကို တွေးရင်း ငိုချင်းချမိတာ အခါခါ။ ဆင်ဖြူတော်လို ဗမာပြည်၊ ဗမာလူထုကတော့ နကပ်လို တော်လှန်ရေး အမည်ခံ (အေဘီစီဒီ) အဖွဲ့ပေါင်းစုံ လိုဏ်ခေါင်းထဲက ဒီမိုကရေစီ သင်္ကန်းခြုံထားတဲ့ သောနုတ္ထိုရ်ပေါင်း များစွာက ချက်တော်ကို လေးနဲ့ခွင်းခံနေရတဲ့အဖြစ် မကြာခင် အူပွင့်ပြီး ယူကြုံးမရစရာ တမျိုးသားလုံး ပျက်သုဉ်းကြရတော့မယ် ထင်ပါရဲ့ဆိုတဲ့ အတွေးက ခြောက်လှန့်ခံနေရတာ ကြာပြီ။ ဒီအကြောင်းတွေကို ဘီလူးသွားကို လဖြဲတည်း ဆိုတဲ့စာမှာ အတော်ပြည့်စုံအောင် ပြောခဲ့ပြီး ဖြစ်သလို ဒီလူတွေက ပြောလည်းထူးမှာ မဟုတ်တဲ့အတူ မပြောဘူးလို့ နေခဲ့တယ်။ မထူးပေမယ့် အခုတော့ ပြောဦးမယ်။ အတွင်းအပြင်က မိတ်ဆွေများ၊ အထူးသဖြင့် ညီငယ် ရဲဘော်များက ဒီလောက်ဖောက်ပြန်တဲ့ ကိစ္စကို (xxx) တို့လို ၈၈ ခေါင်းဆောင်တွေက ဘာကြောင့် ဘာမှမပြော၊ ဘာမှမလုပ်ကြတာလဲလို့ မေးမြန်းရင်း ဒီကိစ္စနောက်ဆုံးအခြေအနေပေါ် ကျနော့်အမြင်ကို ပြတ်ပြတ်သားသား သိချင်တယ်လို့ အရေးဆိုလာကြပါတယ်။ နောက်တကြောင်းက ဒီနကပ်ခေါင်းဆောင်တွေ လုပ်ပုံက ယုံချင်ယုံ မယုံချင်နေ ဘယ်သူ့မှ ဂရုမစိုက်ဘူးလို့ လုံချည်အောက်စ လှန်ပြလိုက်သလိုပဲ။ ကျန်တဲ့သူအားလုံးကို ဒါပဲထင်တယ်လို့ မိုက်ရိုင်းစော်ကားလိုက်တာပဲလို့ မြင်တယ်။ အခြေအနေအရ ဘာမှမပြောပေမယ့် လူအများက ဒီကိစ္စ၊ ဒီကြေငြာချက်ဟာ အားလုံးကို စော်ကားလိုက်တဲ့ ဖောက်ပြန်လိမ်လည်မှုလို့ သိထားကြပါတယ်။ အားလုံးဟာ လူအ တွေ မဟုတ်ဘူးဆိုတာ သိအောင်လို့ ဒီစာကို ထပ်ရေးလိုက်ပါတယ်။

ဒီကြေငြာချက်ကြောင့် ဒီလုပ်စား ခေါင်းဆောင်တွေရဲ့ ဇာတိရုပ်က သင်္ကန်းခြုံပြီး ဘုရားအလောင်းတော်ကို သတ်၊ အစွယ်ဖြတ်ပြီး ကိုယ်ဘို့ကြံတဲ့ မုဆိုးယုတ် သောနုတ္ထိုရ်နဲ့ ပိုပြီး တူလာတယ်။ ပြည်အလုံးရဲ့ ကံကြမ္မာကို ကိုယ့်ဘဝရပ်တည်နိုင်ဘို့ ဒီမိုကရေစီ အရေခြုံပြီး အသုံးချနေကြတာပဲ။

ငါးရာ့ငါးဆယ်ဇာတ်တော်လာ ဆဒ္ဒန်ဆင်မင်းဇာတ်ကို ဗုဒ္ဓဘာသာဝင်အများစု ရင်းနှီးပြီးသား ဖြစ်ပါတယ်။ အငြိုးအာဃာတကြီးတဲ့ မိဖုရား၊ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ ဘုရင်၊ ယုတ်မာကောက်ကျစ်တဲ့ မုဆိုးနဲ့ ခန္တီပါရမီ ကြီးရင့်တဲ့ ဘုရားလောင်းဆင်မင်းတို့ရဲ့ သံဝေဂယူစရာများနဲ့ ကြေကွဲစရာ ဇာတ်ထုတ်တခုပါ။

ဇာတ်လမ်းမှာ လင်အပေါ် အထင်မှား အမျက်သိုတဲ့ စူဠသုဘဒ္ဒါက လက်စားချေဖို့ ဘုရားငယ်တပါးမှာ ဆုပန်ထားတယ်။ ဆုတောင်းပြည့်လို့ နောက်ဘဝမှာ ဘုရင့်မိဘုရားဖြစ်တယ်။ လင်သစ်ဘုရင်က မြတ်နိုးတာကို အခွင့်ကောင်းယူပြီး လင်ဟောင်း ဆဒ္ဒန်ဆင်မင်းကို လက်စားချေဖို့ မာယာဆင်တယ်။ ဆင်မင်းရဲ့ အစွယ်ကိုမှ မပန်ဆင်ရရင် သေရချည် ရဲ့လို့ ပူဆာတယ်။ ဒါကို လင်သစ်ဘုရင် ငပေါက အလိုလိုက်တယ်။ ဆဒ္ဒန်ဆင်မင်း အစွယ်ကို ရဘို့ ပြည်အလုံးက မုဆိုးတွေကို ဆင့်ခေါ်တယ်။ အဲဒီမုဆိုးတွေထဲက “စာသူငယ်ကြား ဠင်းတနားသလို” ထီးထီးကြီးပေါ်နေပြီး လူမိုက်လူယုတ် လက္ခဏာအပေါင်းနဲ့ ပြည့်စုံတဲ့ မုဆိုးကြီး သောနုတ္ထိုရ်ကို တာဝန်ပေးလိုက်တယ်။ ဆုတော်လာဘ်တော်များအပြင် မြို့စားရွာစား ရာထူးတွေကိုပါ ပေးဖို့ ကတိပြုတယ်။ သောနုတ္ထိုရ်ဟာ ကာယဗလအစွမ်း၊ ဇွဲသတ္တိ အစွမ်းတွေနဲ့သာမက အကောက်ဉာဏ်မာယာနဲ့လည်း ပြည့်စုံတယ်။ ဒီလိုနဲ့ တောင်စဉ် (၇) ထပ်ကို ဖြတ်ပြီး ဆဒ္ဒန်ဆင်းမင်း နေထိုင်ရာ ဟိမဝန္တာတောကို ရောက်သွားတယ်။ ဆင်အရံငါးရာနဲ့ ဆင်ဖြူတော်ကို သတ်ဖို့က မလွယ်ဘူး။ ဒီတော့ ဆင်မင်းသွားရာ လမ်းကြောင်းရောက်အောင် လိုဏ်ခေါင်းဖောက်တယ်။ အခွင့်ကောင်းကို စောင့်တယ်။ အခွင့်ရတာနဲ့ လိုဏ်ခေါင်းထဲကနေ မြားနဲ့ပစ်တယ်။ ချက်တော်ကနေ ဖောက်ပြီး ကျောကုန်းထိရောက်အောင် မြားချက်စူးတယ်။ ချက်တော်ကို စူးတဲ့ မြားရဲ့ လားရာကို ကြည့်ပြီး ရန်သူ ဘယ်မှာရှိတယ်ဆိုတာကို ဆင်းမင်းကသိတယ်။ ခွာတချက်ခတ်တာနဲ့ လိုဏ်ခေါင်းပြိုပြီး မုဆိုးသောနုတ္ထိရ် ငုတ်တုတ်ပေါ်လာတယ်။ ရိုးရိုးတော့ မဟုတ်ဘူး။ လေးမြား တဖက်စီနဲ့ အရိယာသူတော်စင်တွေရဲ့ ဝတ်ရုံစီဝရံသင်္ကန်းကို ခြုံရက် ပေါ်လာတာဖြစ်တယ်။ ဝေဒနာကြောင့် ဒေါသဖြစ်နေတဲ့ ဆင်မင်းဟာ သူတော်ကောင်းလက္ခဏာ သင်္ကန်းကိုမြင်ပြီး ဒေါသကို ချုပ်တည်းတယ်။ အကျိုးအကြောင်းကို မေးမြန်းတယ်။ မုဆိုးယုတ်လည်း ဆင်မင်းဒေါသက လွတ်အောင် သင်္ကန်းစလေး တခါခါနဲ့ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့၊ တပ်ပေါင်းစုလုပ်ဟန်တို့ စတာတွေကို တစာစာရွတ်နေကြတဲ့ ခေါင်းဆောင်ကြီးများလိုဆင်ခြေပေးတော့တာပေါ့။ သင်္ကန်းအစွမ်းကြောင့် ဒေါသချုပ်တည်းထားတဲ့ ဆဒ္ဒန်ဆင်မင်းကို မုဆိုးယုတ် သောနုတ္ထိုရ်က “အစွယ်လိုသူ မိဖုရား၊ အသွားစေသူ မင်းဧကရာဇ်၊ လေးပစ်သူက ဘုရားကျနော်၊ ကြံဖော်ကြံဖက် သုံးဦးတွင်မှ ကံကွက်ကြား၍ ငမိုက်သားမုဆိုး နင်ချည်းသာ သေပေတော့လို့ သတ်ရင်လဲ သေရပါမယ် ဘုရားလို့” ပလီပလာနဲ့ ဇာတ်ကြောင်း လှန်တော့တာပေါ့။

ဇာတ်ကို ချုံ့ရရင် ဆင်းမင်းက မုဆိုးယုတ်ကို ချမ်းသာပေးလိုက်တယ်။ သူကိုယ်တိုင်ပဲ အစွယ်ကိုလဲ ဖြတ်ပေးလိုက်တယ်။ ပြီးတော့မှ စလေဆရာ ဦးပုညစကားထဲကလို “ပြေချိန်တန်၍မှ၊ အငြှိုးမပြေတဲ့၊ မုဆိုးတပိုင်း မိန်းမရိုင်းကြီးကို၊ သီလိုကသီ၊ ပန်လိုကပန်ဖို့၊” ကိုယ်တိုင်ပဲ အစွယ်ကို ဖြတ်ပေးလိုက်ပါကြောင်းနဲ့ “မျက်နှာ ငွေလရွှင်ပပနဲ့ ခင်မ ဝမ်းမြောက်ပါစေတော့”လို့ မှာကြားလိုက်တယ်။ ဒီစကားလဲကြားရော စူဠသုဘဒ္ဒါလည်း ရင်ကွဲနာကျသေ၊ ဘုရင် ငပေါလဲ အဆွေးကြီးဆွေး ကျန်ရစ်နဲ့ နောက်ဆုံး အမြတ်ထွက်သွားတာကတော့ မုဆိုးယုတ် သောနုတ္ထိုရ် တဦးတည်းပဲဖြစ်တယ်။

အခု ပြောနေကြတဲ့ ကိစ္စဟာ ကိုဇော်ထွန်းစာပါ ဦးမောင်မောင် ဗမာပြည် သွားမသွားဆိုတာလောက်ပဲလို့ ခေါင်းဆောင်ကြီးများက ယူဆနေကြတယ်။ ရင်နာစရာ ချာတူးလန်တဲ့ ခေါင်းဆောင်မှုပဲ။ တကယ်တော့ ကိုဇော်ထွန်းစာဟာ မူလကတည်းက ဖြစ်နေတဲ့ “သို့လောသို့လော” စဉ်းစားစရာ အချက်တွေကို သိသာထင်ရှားဖြစ်စေတာ သက်သေခံ အထောက်အကူပြုမှု တခုသာ ဖြစ်ပါတယ်။ ဒီတော့ ဒီအရေးဟာ ကာယကံရှင် ပုဂ္ဂိုလ် ဗမာပြည်သွားချင်းမသွားချင်းဆိုတာထက် ပိုပြီး ကျယ်ဝန်းနက်နဲ ရှုပ်ထွေးပါတယ်။ ရန်သူ့အာဏာစက်ထဲက ရဲဘော်များရဲ့ အသက်အိုးအိမ် စည်းစိမ်အန္တရာယ်နှင့် နီးပါတယ်။ အရေးတော်ပုံတရပ်ရဲ့ အကျီုးစီးပွားက တဆင့် လူထုတရပ်လုံးရဲ့ အကျိုးစီးပွားအထိ ဆက်နွယ် ကျယ်ဝန်းပါတယ်။ ဒီသဘောကို အရင်စာ “ဘီလူးသွားကို လဖြဲတည်း”နဲ့ ဂါမဏိရဲ့ “မြေအောင်ပြွေး”ဆိုတဲ့ စာတွေမှာ ဖော်ထုတ်တင်ပြထားပါတယ်။ ဒီလို အရေးကိုတောင် ခေါင်းဆောင်ကြီများက လုပ်ချလိုက်ပုံက ပေါ့ပျက်ပျက်နိုင်လိုက်တာ။ ဗိုက်ကြီးတတ်တဲ့မိန်းမတွေသာဆို သွားလေရာ ကလေးတွေကို တောင်းနဲ့ လိုက်ကောက်နေရမယ့်ပုံ။

ဗမာပြည်မသွားဘူး ဆိုတာကိုလေကြောင်းလိုင်းက မှားတာပါဆိုတဲ့ စာကလေးတစောင်ကို အခိုင် အမာကြီးလို သက်သေထူကြတယ်။ ဒါလည်း စက်ကမမှားဘူး၊ လူလုပ်တဲ့အမှားလို့ ဆိုပြန်တယ်။
ဒါက ဘာအဓိပ္ပါယ်လဲ။

ဖောက်ပြန်တတ်တဲ့ လူကမှားပြီး မဖောက်ပြန်တတ်တဲ့စက်က မမှားဘူးဆိုတော့ ကိုဇော်ထွန်း တင်တဲ့ စွဲချက်ကို အမှန်လို့ ယူဆလို့ မရဘူးလား။

ဒါမှမဟုတ် ကိုဇော်ထွန်းတင်ပြတဲ့ လေကြောင်းလိုင်းစာဟာ အတုဖြစ်တယ်၊ ဒီအတုကို ကိုယ်ဇော်ထွန်းက လုပ်တယ်လို့ ဆိုချင်တဲ့ သဘောလား။

ဒါဆိုရင် ဒီတမင်ဖန်တီး လုပ်ကြံမှုကို ကျူးလွန်တယ်လို့ ယူဆရတဲ့ ကိုဇော်ထွန်းကို ဘာ့ကြောင့် တရားမစွဲကြသလဲ။

ကာယကံရှင်အတွက်ကော လေကြောင်းလိုင်းပါ သိက္ခာကျ နာမည်ပျက်စရာ ကိစ္စဖြစ်တယ်။ အခု ထပ်တင်ပြလာတဲ့ မှားတာပါဆိုတဲ့ လေကြောင်းလိုင်း စာကကော အစစ်ဟုတ်ရဲ့လား။

လူလုပ်တဲ့ စာအမှား၊ စာအတုကြီးကော မဖြစ်နိုင်ဘူးလား။ ခေါင်းဆောင်ကြီးများ ခေါင်းရှိရင် ဒီမေးခွန်းတွေ ဖြေကြည့်ပါ။

“ယုံလိုက်စမ်းကွဲ့ အာကာယံ၊ ကျီးကန်းပက်လက်ပျံ” ဆိုသလို ဒီပေါ့ပျက်ပျက်ကိုစာကို ပုလင်းတူဘူးဆို့တွေကလွဲလို့ ဘယ်သူမှမယုံကြည်ကြဘူး၊ လက်မခံကြဘူး။ ဒီကြားကမှ ရှေ့ဆက်တိုးကြမယ်ဆိုရင်တော့ ဖောက်ပြန်တာဖြစ်တယ်။ တော်လှန်သမိုင်းကို ဖျက်ဆီးတာ( Shitting the History) ဖြစ်တယ်။ အဖိနှိပ်ခံ လူထုအပေါ် လှည့်ဖျားတာဖြစ်တယ်။ အာဏာရှင်ရဲ့ လက္ခဏာလည်းဖြစ်တယ်။ အာဏာရှင်တွေရဲ့ စရိုက်က အမှန်တရားကို ရင်မဆိုင်ဝံ့ဘူး၊ ကြောက်တယ်၊ သူရဲဘောကြောင်တယ်။ သူတို့ ကိုယ်ကျိုးစီးပွားကို ထိပါးမဲ့ အဖြစ်အပျက်၊ အချက်အလက်၊ အမှန်တရားတွေကို ငွေအား၊ လူအား၊ လက်နက်အားကိုးပြီး နည်းမျိုးစုံနဲ့ ခြေဖျက်ဖို့ ကြိုးစားတယ်။ ဖိနှိပ်ဖျောက်ဖျက်ကြတယ်။ အမှန်တရားကို မျက်ကွယ်ပြုတဲ့ သဘောဖြစ်တယ်။ ဒီလို ပုဂ္ဂိုလ် အဖွဲ့အစည်းတွေကနေ အများပြည်သူ ကောင်းကျိုးအတွက် ဘာရလာဒ်ကောင်းကိုမှ မျှော်လင့်စရာမရှိပါဘူး။

တာတေလန် ဆိုးလိုက်ပုံက အခုထုတ်လိုက်တဲ့ စာကလည်း မူလစာကို ကာယကံရှင်က မကြိုက်လို့ ပြန်ရေးထားရတာဆိုပဲ။ ဖြစ်ရရှာလေ တို့ဗမာတွေရဲ့ ဘဝ။ ဒီလိုလူတွေက လွတ်မြောက်အောင် ကယ်တင်ဦးမယ် ဆိုပါလား။ တူတဲ့ အလုပ် ရည်မှန်းချက် အောင်မြင်ဘို့အတွက် အပြန်အလှန် အမှီသဟဲထား အားစုကြဘို့ မဟာမိတ်ပြုကြတာ မဟုတ်လား။ အခုတော့ မဟာ (လူ၊ ငွေ၊ အခြေအနေ) ဖြစ်တဲ့သူကိုမျက်နှာမူ မိတ်ပြုနေကြတာပါလား။ ဒါမှမဟုတ် မဟာဖြစ်တဲ့သူက ကြိုက်သလို မိတ်ပြုတာကို မဟာမိတ်ခေါ်တယ်လို့ ဆိုရမလိုပါလား။ နိုင်ငံရေး တော်သလင်းပေါ့။

ပြောနေကြတာကတော့ ဒီမိုကရေစီ တော်လှန်ရေး ဆိုတာပဲ။ ဒီမိုကရေစီဆိုတာက လူတိုင်း အဖွဲ့တိုင်းရဲ့ သဘောထား ဆန္ဒတွေ၊ အခွင့်အရေး အခွင့်အလမ်းတွေကို အာမခံထားရတယ်။ အများနဲ့ ဆိုင်တဲ့ အရေးကိစ္စတွေကို သိသာပွင့်လင်းတဲ့ လုပ်ဟန်တွေနဲ့ စီမံဆောင်ရွက်ရတယ်။

တပ်ပေါင်းစု ဆိုတာတွေမှာ ဒီအခြေအနေ ရှိနေပါရဲ့လား။
တော်လှန်ရေးဆိုတာက စနစ်ဟောင်း စနစ်ဆိုးကို ဖြိုဖျက်၊ အဲဒီစနစ်ဆိုးထဲက အကျင့်ပျက်၊ စရိုက်ပျက်နဲ့ ဖောက်ပြန်မှုတွေကို သုတ်သင်ရှင်းလင်းတာ ဖြစ်တယ်။
ဒီနေ့ တပ်ပေါင်းစုတွေမှာ ဒီလက္ခဏာဆိုးတွေ ကင်းစင်ကြရဲ့လား။ တနည်း ပြောရရင် တော်လှန်ရေးဆန်ကြရဲ့လား။
ဒါ နိုင်ငံချစ်တဲ့သူတိုင်း၊ အမျိုးချစ်တဲ့သူတိုင်း ဝေဘန်ဆန်းစစ်နေရမယ့် မေးခွန်းတွေ ဖြစ်တယ်။ တတ်စွမ်းသမျှနဲ့ ဝိုင်းဝန်း အဖြေရှာကြရမှာဖြစ်တယ်။

ကျနော့်သဘောအရတော့ ဒီအဖွဲ့တွေ၊ တပ်ပေါင်းစုတွေမှာ အထက်က မေးခွန်းတွေနဲ့ ဆန်းစစ်ကြည့်ရင် ယုံကြည်စရာအချက် မတွေ့မိပါ။ မယုံကြည်နိုင်ပါ။ လူအများစုကလည်း မယုံကြည်ကြပါဘူး။ ကမ္ဘာတဝှမ်း ပြန့်ကျဲနေတဲ့ အင်အားစုတွေသာမက တပ်ပေါင်းစုဝင် အဖွဲ့အစည်းတချို့ကိုယ်တိုင်ကလည်း မယုံကြည်ကြပါဘူး။ ဒီတပ်ပေါင်းစု ဆိုတာတွေရဲ့ မူ၊ လုပ်ငန်းစဉ် ဆိုတာတွေမှာ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ဖို့ ဝေးလို့ စိတ်ဝင်တစားတောင် မရှိကြတာက အယုံအကြည်မရှိဘူးဆိုတာကို သက်သေခံနေပါတယ်။ တပ်ပေါင်းစု ခေါင်းဆောင်ဆိုသူများကလည်း ဒီအင်အားစုတွေကို စိတ်မဝင်စားပါ။ ငွေပေးတဲ့ အင်ဂျီအို စိတ်ဝင်စားရင် တော်ပြီဆိုပြီး တော်လှန်ရေးကို ဝတ္တရားကျေ လုပ်နေကြတာ ကြာခဲ့ပြီ။ ဒီလို ရှိပြီးသား အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေကိုတောင် မစုစည်းနိုင်၊ ပူးပေါင်းဆောင်ရွက်မှု ရအောင် မယူနိုင်တဲ့ တပ်ပေါင်းစုတို့၊ အဖွဲ့အစည်းတို့ ဆိုတာတွေဟာ အနှစ် (၂၀) အတွင်း ဘာရလာဒ်ကောင်းမှ မပေါ်ထွက်လာတာဟာ အဆန်းတကြယ်ကိစ္စတော့ မဟုတ်ပါဘူး။ အောင်ပွဲခံဘို့ကတော့ ဝေလာဝေးရောပေါ့။ အများအကျိုးကို ဆောင်နိုင်စရာလဲ မရှိဘူး။ ဒီလို လူအများ အကျိုးစီးပွားနဲ့ ကင်းဝေးပြီး လူတစုရဲ့ ပုဂ္ဂိုလ်ရေး အကျိုးဆောင်လို ဖြစ်နေတဲ့ ဥပမာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီဆိုတဲ့ တပ်ပေါင်းစုတွေဟာ တကယ်ကော အမည်နာမနဲ့ ကိုက်ညီတဲ့ အဓိပ္ပါယ် ဆောင်နိုင်ကြသေးရဲ့လား။ သားမမွေးတဲ့ နွားမဟာ သားသတ်ရုံ ပို့လိုက်တာ အကောင်းဆုံးပဲ။

ဒီတော့ နိုင်ငံရေး ရည်မှန်းချက်တူ၊ သမိုင်းကြောင်းတူတဲ့ အင်အားစုတွေ အထူးသဖြင့် (၈၈) အရေးတော်ပုံရဲ့ နိုင်ငံရေးအမွေကို ခံယူပါတယ်လို့ ဆိုနေကြတဲ့ အင်အားစုတွေ အခု ဘာလဲ၊ ဘယ်လဲ၊ ရဲရဲ ကြည့်ပြီး ရဲရဲ ဖြေကြပါ။ လမ်းပျောက်နေရင် လူထုကြားမှာ ပြန်ရှာရမယ့် အချိန်ဖြစ်တယ်။ အခုလို လူထု အကျိုးစီးပွားနဲ့ မနီးစပ်လှတဲ့ တပ်ပေါင်းစု ဆိုတာတွေထဲမှာ၊ အင်ဂျီအို ကစားကွင်းတွေထဲမှာ လမ်းမှန်းကို ရှာမတွေ့နိုင်တော့ပါဘူး။

(၈၈) အရေးတော်ပုံ နောက်ပိုင်းကာလမှာ စစ်တပ်အာဏာသိမ်းမဲ့ အလားအလာတွေကို တွက်ဆမိတဲ့ ကျောင်းသားတွေ အာဏာသိမ်းရင် ဘာဆက်လုပ်မလဲ တိုင်ပင်ကြတယ်။ မြေအောက် သမဂ္ဂလုပ်ငန်းတွေကိုပဲ ဆက်လုပ်မယ့်အစု၊ နိုင်ငံရေး ပါတီဖွဲ့ပြီး ပေးလာတဲ့ အခြေအနေအတိုင်း ဆက်လုပ်မယ့်အစု၊ (အဲဒီအချိန်က ဆန္ဒခံယူပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အောင်ဟိန်းက ဆန္ဒခံယူပွဲ လုပ်စရာ မလိုတော့ဘူး၊ ပါတီစုံ ဒီမိုကရေစီကို သွားမယ်လို့ ကြေငြာပြီး ဖြစ်တယ်။) နောက်ဆုံး လက်နက်ကိုင် လမ်းစဉ်ကို ဝင်မယ့် အစုရယ်လို့ သုံးစု ကွဲသွားခဲ့ကြတယ်။

ဒါပေမဲ့ တဦးရဲ့အမြင်ကို တဦးက အပြန်အလှန် အသိအမှတ်ပြုကြတယ်။ လေးစားတန်ဘိုးထားခဲ့ကြတယ်။ ရွေးချယ်ရာ လမ်းကြောင်း အမြင်ကွဲခဲ့ကြပေမယ့် ရန်သူ စစ်အုပ်စုအပေါ် သဘောထားနဲ့ လူထုဆန္ဒ ဖြည့်ဆည်းရေးစတဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး တဦးနဲ့တဦး မွေးခွန်းထုတ်စရာတောင် မဖြစ်ခဲ့ကြပါဘူး။ အပြန်အလှန် အပြည့်အဝ ယုံကြည်ခဲ့ကြတယ်။ တိုက်ပွဲဝင် ခွပ်ဒေါင်း အလံတော်အောက်မှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ ရည်မှန်းခဲ့ကြတယ်။

ခွပ်ဒေါင်းအလံတော်ကို အခြေပြုခဲ့တဲ့ အဲဒီ့အပြန်အလှန် လေးစား တန်းဘိုးထားမှုတွေ ယုံကြည်မှုတွေ၊ ရပ်တည်ချက်တွေ အခုကော ကျန်ရှိပါသေးရဲ့လား။ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ရဲ့ မူလအရောင်းအသွေး အချင်းအရာတွေ ဘယ်လောက်များ ကျန်ရှိပါသေးသလဲ။

ကျောင်းသားအာဇာနည်တို့ရဲ့ သင်္ကေတ ခွပ်ဒေါင်းဆိုတာ အမှန်တရားဖက်က ရပ်တည်တယ်။ အဖိနှိပ်ခံ ပြုသူဘက်က ရပ်တည်တယ်။ မတရားမှု မှန်သမျှ ဖိနှိပ်မှု မှန်သမျှကို အချိန်မရွေး၊ နေရာမရွေး တင်းတင်းမာမာ အာခံတုန့်ပြန်တယ်။ တော်လှန်တိုက်ခိုက်တယ်။ ခေတ်အဆက်ဆက်က ထောင်သောင်းချီတဲ့ ကျောင်းသားအာဇာနည်တို့ရဲ့ အသက်သွေးချွေးတွေနဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ကို ထုဆစ်ခဲ့ကြတယ်။ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ဟာ တောတောင်တွေထဲ၊ အကျဉ်းထောင်တွေထဲ၊ ကြိုးတိုက်တွေထဲ၊ ကျွန်းတွေပေါ်မှာတောင် မယိမ်းမယိုင် တလူလူလွှင့်ထူနိုင်ခဲ့တယ်။ မင်းကိုနိုင်၊ မင်းဇေယျာ၊ ကိုကိုကြီးတို့ (၈၈) တွေကစလို့ ဒီငြိမ်းလင်း၊ စည်သူမောင်၊ ကျော်ကိုကိုစတဲ့ (၂၀၀၇) ကျောင်းသားတွေဟာ အခုထိ စစ်အုပ်စုရဲ့ ငရဲခန်း အကျဉ်းထောင်တွေထဲ ရောက်သည့်တိုင်အောင် တိုက်ပွဲဝင် ခွပ်ဒေါင်းအလံကို မားမား စိုက်ထူနေကြတယ်။ သူတို့ကိုယ်တိုင်က ခွပ်ဒေါင်းအလံတော်တွေပဲ။ မြေအောက်သမဂ္ဂလုပ်ငန်း ဆက်လက် လုပ်ကိုင်ခဲ့တဲ့ (၈၈) အစုဟာ သူတို့ရဲ့ သမိုင်းပေးတာဝန်ကို ရွတ်ရွတ်ချွန်ချွန် ထမ်းဆောင်နေကြတယ်။ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ကို စွန့်လွှတ်စွန့်စားမှုများနဲ့ ထိုက်ထိုက်တန်တန် ပူဇော်ကိုင်စွဲ ထားနိုင်ကြတယ်။

ကျုပ်တို့ ကျန်တဲ့အစုနှစ်ခုကတော့ ရဲရဲဖြေနိုင်စရာ မရှိပါ။ တစုံတရာ လွတ်လပ်တဲ့ နေရာမှာ တွင်ကျယ်လှတဲ့ ဆေးဆိုးပန်းရိုက် လုပ်ငန်းအားကိုးနဲ့ ဆေးဆိုးပန်းရိုက်ခွပ်ဒေါင်းတွေကို ဖောဖောသီသီကြီး ရိုက်ထုတ်နေကြတယ်။ ခွပ်ချင်မှတော့ ခွပ်မယ်။ နေရာတကာမှာ ဒေါင်းရှိတယ်။ မူလသတ္တိအရ တင်းတင်းမာမာ တိုက်ခိုက်လေ့ရှိတဲ့ မတရားမှုတွေ၊ ဖောက်ပြန်မှုတွေကို သီးခံနိုင်လာတယ်။ လက်ခံ လက်တွဲနိုင်တဲ့အထိ ပျော့ပြောင်းလာတယ်။ အတောင်တဖြန်းဖြန်းရိုက်ပြီး အိုးဝေးတွန်သံနဲ့ ထိုးဆိတ်ခွပ်ပုတ်ရမယ့်အစား အခြေအနေအချိန်အခါ လက်တွေ့ဆိုတာတွေပြောပြီး မတရားမှု ဖောက်ပြန်မှုတွေကို ကိုယ်တိုင် ကျင့်ကြံလာကြတယ်။ တချို့ ဒေါင်းမောင်မယ်တွေက ရွှေတွဲလဲ၊ ငွေတွဲလဲ ကားထည်လဲနဲ့ အင်ဂျီအို ခြေမန်းကွင်းမှာ ပျော်မွေ့နေကြတယ်။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းတယ်ဆိုတာ နဲနဲတော့ ဖော့ထောင်းမှ။ မတော် အထောင်းလွန်ပြီး ပေါင်ပုပ်ရင် ဖြတ်ထုတ်ပစ်ရမယ်။ ပြောရရင် မကုန်နိုင်မယ့်အတူ ဒီအကြောင်းတွေ တော်ပါပြီ။

အဖော်ကောင်းလို့ ငရဲပြည်လိုက်တယ်ဆိုတာ အရပ်စကားနဲ့ ကာလသား အလုပ်လောက်ပဲ ကောင်းတယ်။ တော်လှန်တဲ့အလုပ်နဲ့ တပ်ဦးအလံ ခွပ်ဒေါင်းကို ဆက်လက်စွဲကိုင်တယ်ဆိုတာ ဆေးဆိုးပန်းရိုက်နဲ့ မတင့်တယ်ဘူး။ မူလအရောင်အသွေး အရည်းအချင်းတွေနဲ့ ပြည့်စုံမှ ကောင်းတယ်။ ရှေ့မျိုးဆက် ကျောင်းသား သူရဲကောင်းတွေရဲ့ ဝိဉာဉ်ကို လေးစားဖို့လိုတယ်။ မူလအရောင်အသွေးကိုမထိန်းနိုင်ရင် ခေါက်သိမ်းထားတာအကောင်းဆုံးပဲ။ ဇွတ် ဆက်နှစ်ကြမယ် ဆိုရင်တော့ မယားနားကပ်ပန်ဘို့ ဆင်ဖြူတော်ကိုသတ်ပြီး အစွယ်ဖြတ်တဲ့ သင်္ကန်းအရေခြုံ သောနုတ္ထိုရ်ဘဝ ရောက်ကုန်ကြမယ်။

မကောင်းမှု၊ ဖောက်ပြန်မှုတွေကို ပြုလုပ်ဖို့ ရှက်ခြင်းကြောက်ခြင်းဆိုတဲ့ ဟိရီသြတပ္ပတရား တွေက လူ့ယဉ်ကျေး လောကကြီးအဖြစ် ထိန်းမတ်ပေးတယ်။အစစ်အမှန် စေတနာများနဲ့ မိတ်ဆွေ အပေါင်းကို မေတ္တာစကား ပြောချင်တာကတော့ မင်းကိုနိုင်၊ မင်းဇေယျာ၊ ကိုကိုကြီးစတဲ့ (၈၈) တွေကို ရှက်ပါ။ ဒီငြိမ်းလင်း၊ စည်သူမောင်၊ ကျော်ကိုကိုတို့ကို ရှက်ပါ။
ထောင်ပေါင်းများစွာသော အကျဉ်းကျ ရဲဘော်တွေကို ရှက်ပါ။
အာဇာနည် ကိုသက်ဝင်းအောင်တို့ကို ရှက်ပါ။
ကိုဖုန်းမော်တို့ကို ရှက်ပါ။ မဝင်းမော်ဦးတို့ကို ရှက်ပါ။
ကျဆုံး အာဇာနည် အထောင်အသောင်းကို ရှက်ပါ။

ရဲဘော်ကျော်သန်း (kyaw_than2004@yahoo.com)

Saturday, June 4, 2011

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ တရုတ်နိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံ သဘောတူညီချက်စာချုပ်ကိုးခု လက်မှတ်ရေးထိုး

ရန်ကုန် - မေ ၃၀
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ တရုတ်နိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံ သဘောတူညီချက်စာချုပ်ကိုးခု လက်မှတ်ရေးထိုး

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် သွားရောက်ခဲ့သော တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ် နှင့် နှစ်နိုင်ငံ သဘောတူ စာချုပ်များနှင့် နားလည်မှုစာချွန်လွှာ စုစုပေါင်း ၉ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း မေလ ၃၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
နှစ်နိုင်ငံသဘောတူညီမှုနှင့် စာချုပ်ချုပ်ဆိုခဲ့မူ များမှာ စီးပွားရေးနှင့်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီမှုစာချုပ်၊

စီးပွားရေးနှင့် နည်းပညာများ ပူးပေါင်းဆောင်ရွက်မှုတွင် အတိုးမဲ့ချေးငွေပေးမည့် သဘောတူ စာချုပ်၊

အတိုးနှုန်းသက်သာသည့် ချေးငွေထုတ်ချေးရေးဆိုင်ရာ မူဘောင်သဘောတူညီမှုစာချုပ်၊

ဘီလူးချောင်း အမှတ် (၃) ရေအားလျှပ်စစ်စီမံကိန်းအတွက် ဟိုက်ဒရောလစ် သံမဏိ ပစ္စည်းများနှင့် လျှပ်စစ်နှင့်စက်မှုဆိုင်ရာ ပစ္စည်းကိရိယာများ လုပ်ငန်းအပ်နှံ ဝယ်ယူခြင်း အတွက် ဦးစားပေးဝယ်ယူချေးငွေစာချုပ်၊

ချေးငွေဖြည့်ဆည်းပေးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှုစာချုပ်၊
သောင်တူးရေးယာဉ်နှင့် အထောက်အကူပြုရေယာဉ်များ ဝယ်ယူရန် ချေးငွေစာချုပ်၊
တာယာစက်ရုံသစ် စီမံကိန်းအတွက် သီးခြားချေးငွေစာချုပ်၊

စီမံကိန်းရေးဆွဲရေး တိုင်ပင်ညှိနှိုင်းမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှု စာချုပ်နှင့် မူဆယ်-ကျောက်ဖြူ ရထားပို့ဆောင်ရေး လုပ်ငန်းစီမံကိန်းအတွက် BOT စနစ်ဖြင့် အကောင်အထည်ဖော်ရေးဆိုင်ရာ နောက်ဆက်တွဲနားလည်မှု စာချွန်လွှာ တို့ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ နှစ်နိုင်ငံသဘောတူညီမှု စာလွှာများနှင့် စာချုပ် ၉ ခုတွင် အများစုမှာ ချေးငွေဆိုင်ရာ သဘောတူညီမှုစာချုပ်များ ဖြစ်ကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံသမ္မတ ဟူကျင်တောင်တို့ မေလ ၂၇ ရက် နေ့က ပေကျင်းမြို့ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထိုနှစ်နိုင်ငံ သဘောတူညီမှု စာချုပ်များနှင့် နားလည်မှုစာချွန်လွှာ ၉ ခုကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံပြီးလျှင် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအများဆုံး စီးပွားဖက် နိုင်ငံဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှာပင် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၄ ဘီလီယံရှိခဲ့ကြောင်း ဆင်ဟွာသတင်းတွေ ဖော်ပြ ထားသည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ မေလ ၂၆ မှ ၂၈ ရက်နေ့အထိ သုံးရက်ကြာ သွားရောက်ခဲ့သည်။
Ref : 7 Day News
copy from http://www.myanmarnewszone.com/home.html
--------------------------------------------------------------------------
ပရိသတ်တွေရဲ့ ကောင်းစေချင်လို့ပေးတဲ့အကြံမှန်သမျှကို လေးလေးစားစားနာယူတယ်၊ ဖြေဖျော်ပွဲတိုင်းမှာ နယ်ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုသံကြားရတော့ အားလည်းအရမ်းဖြစ်စေပါတယ်ဆိုတဲ့ မိုးပြည့်ပြည့်မောင် လတ်တလော ထွက်ပေါ်နေတဲ့ ကောလဟာလတွေနဲ့ ပတ်သက်ပြီး မဆီလေးရယ်နဲ့ မဆိုင်ဟု ပြော


ဘဝတစ်လျှောက်လုံး မိဘကို ကျေးဇူးဆပ် လုပ်ကျွေးရင်း သူရူးသွပ်မြတ်နိုးရာ အနုပညာ လမ်းကြောင်းပေါ်မှာ မယိမ်းမယိုင် အောင်အောင် မြင်မြင် လျှောက်လှမ်းရင်း ပရိသတ်ရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ရရှိသူ ပရိသတ်ကို မျက်ရည်ကြွေစေသူ အငိုပိုင်တဲ့ သရုပ်ဆောင်ကတော့ မိုးပြည့်ပြည့်မောင်ပဲ ဖြစ်ပါတယ်။


သူမက မိုးပြည့်နယ်တွေမှာ သီချင်းသွား ဆိုရင်ပဲဖြစ်ဖြစ်၊ အငြိမ့်သွားကရင်ပဲဖြစ်ဖြစ် ပရိသတ်တွေက စင်အောက်ကနေ မိုးပြည့် ကို မိုးပြည့်ငိုပြပါလို့ တောင်းဆိုကြသလို မိုးပြည့်ငိုရင် သူတို့လည်း လိုက်ငိုချင်တယ်လို့ ပြောတဲ့သူတွေလည်း ရှိတယ်။

ပြီးတော့ ဇာတ်ကားတွေထဲမှာ အရမ်းမငိုပါနဲ့။ မိုးပြည့်အရမ်း ပင်ပန်းမှာပေါ့လို့ပြောတဲ့ အသံတွေကို ခဏခဏကြားရတယ်။ ဒါတွေဟာ မိုးပြည့်ကို သူတို့ချစ်လို့ ပြောကြတာ တွေလေ။

ပရိသတ်ရဲ့ ချစ်ခြင်းမေတ္တာကို ပြည့်ပြည့်ဝဝရရှိရင် ငါပရိသတ်ကြီးကို အများကြီး ကျေးဇူး တုံ့ပြန်ရဦးမှာလားလို့ တွေးမိလေလေပါပဲ။ ပရိသတ်ရဲ့ လက်ခုပ်သံ တစ်ချက်ဟာ မိုးပြည့် တို့လို အနုပညာရှင်တွေအတွက် အားအရမ်းဖြစ်စေပါတယ်လို့ ပြောပါတယ်။

အချို့အင်တာနက်စာမျက်နှာတွေပေါ်မှာ မိုးပြည့်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံအချို့အကြောင်း မေးကြည့်တော့ ပြောစရာမရှိပါ။ မိုးပြည့်ပုံလည်း မဟုတ်ပါ။ နည်းပညာခေတ်ကြီးမှာ ဖြတ်ညှပ်ကပ် အလုပ်ခံရတဲ့တခြား အနုပညာရှင်တွေလိုပါပဲ။

အသေချာဆုံးက မိုးပြည့်ဟာ မြန်မာမိန်းကလေးတစ်ဦးဖြစ်သလို အိမ်ထောင်ရှင်မကောင်း တစ်ဦးလည်း ဖြစ်အောင် ကြိုးစားနေပါတယ်။ ပြီးတော့ မိဘကို ခုချိန်ထိ ရှာဖွေကျွေးမွေး နေတဲ့သူလည်း ဖြစ်ပါတယ်ဆိုတာပဲပြောချင်ပါတယ်။
Ref : The First Music News
copy from http://www.myanmarnewszone.com/home.html

CDC ကျောင်းဖွင့်ပွဲ ဇွန်လ ၂ ရက် ၂၀၁၁

Thursday, June 2, 2011

အာဏာရှင်စနစ် တစ်နေ့ ချုပ် ငြိမ်း သွား ရမယ်ဆိုတဲ့ မျှော် လင့် ချက်နဲ့ နိုင်ငံရေး လုပ်တယ် ဆိုတဲ့ ဇေယျာသော်

A Khan 7 Thin Khan Sar (အခန်း ၇ သင်ခန်းစာ)

Click Here To See Moe Photo! http://male.myanmarcelebrity.com/2011/06/zayar-thaw-hip-hop-singer-and-member-of.html

FREE+BURMA

zawmyolwin facebook မှ

ဒုက္ခသည် အယောင်ဆောင်လာသည့် အကြမ်းဖက်သမား ၂ ဦး ကိုဖမ်းမိ

Daniel Kane၊ ၊အမေရိကန်နိုင်ငံ က­­­င်တပ်ကီပြည်နယ်၌ အီရတ်နိုင်ငံသားဒုက္ခသည်၂ ဦးအား အီရတ်နိုင်ငံရှိအယ်လ်ကိုင်ဒါအဖွဲ့ (Al-Qaeda, Iraq) သို့ ငွေကြေးအပါအ၀င် လက်
ဖြောင့်သေနတ်များ၊စက်သေနတ်များ၊ C4 ပလပ်စတစ်ဖေါက်ခွဲရေးပစ္စည်းများ၊ RPG ခေါ် ဒုံးကန်အား
သုံးဗုံးများ၊ မြေပြင်မှဝေဟင်ပစ် စတင်ဂါဒုံးကျည်များ စသည်တို့ကို တရားမ၀င်ဝယ်ယူ၍ ပို့ဆောင်ရန်
အားထုတ်မှုဖြင့်အက်ဖ်ဘီအိုင် (FBI) အဖွဲ့မှဖမ်းဆီးရမိခဲ့သည်။ ဆက်လက်ပြီး ၄င်းတို့အား အယ်လ်ကိုင်
ဒါအကြမ်းဖက်အဖွဲ့အား ထောက်ပံ့မှုဖြင့် အမေရိကန်ပြည်ထောင်စုအစိုးရရှေ့နေများမှ ကင်တပ်
ကီပြည်နယ်၊ လူးဝစ်ဗင်းလ်မြို့တွင် တရားဆွဲဆိုခဲ့သည်။
အပြည့်အစုံသို့

Wednesday, June 1, 2011

ချွတ်ယွင်းမှု၌ တွေးခေါ်ခြင်း

ချွတ်ယွင်းမှု၌ တွေးခေါ်ခြင်း
ခုတလောမှာ အတွေးတစ်ခု ကို ချဲ့ထွင်ပြီး တွေးမိနေပါတယ်။ ကျွန်တော် ဘာတွေးမိနေသလဲ ဆိုတာလေး တင်ပြ ချင်စိတ်ကလေး ဖြစ်လာတာနဲ့ ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။ ကျွန်တော်တို့တွေ မိဝေးဘဝေး နိုင်ငံဝေး နဲ့ ပညာသင် တဲ့ သူကသင်၊ ငွေရှာတဲ့သူကရှာနဲ့ နိုင်ငံရပ်ခြားမှာ အေးအေးပူပူ ကောင်းကောင်းဆိုးဆိုး နေထိုင် နေကြရပါတယ်။ ကျွန်တော့်အတွေးက ဒီကနေစပါတယ်။ ကုသိုလ် ပညာ ဥစ္စာ တွေ ရဖို့ သင့်တော်တဲ့ အရပ်ဒေသ မှာ အခိုက် အတန် ဖြစ်စေ အမြဲဖြစ် စေ မိဝေးဖဝေး ဆွေဝေးမျိုးဝေးနဲ့တပါးသောတိုင်းပြည်မှာ ကျွန်တော်တို့ ဘယ်လို နေထိုင်နေကြပါသလဲ။ လွမ်းရတာတွေလည်း ရှိတာပေါ့၊ ဆွေးရတာ တွေက လည်း ဒုနဲ့ဒေး၊ အားမတန် လို့မာန်လျော့ မချိပြုံးပြုံးခဲ့ရတာတွေကလည်း အကြိမ်ကြမ်၊ ဒုက္ခတွေတွေ့ရလို့ဆင်းရဲ တွေ နဲ့ကြုံရလို့ ဝမ်းနည်း အားငယ်ခဲ့ရတာလည်း အခါခါ၊ စသဖြင့်၊ ခြုံပြောရရင် အဆင်မပြေမှုတွေကြားမှာပဲ ပျော် အောင်နေနေ ကြရပါ တယ်။
အပြည့်အစုံသို့

အင်တာနက်ကဖေးဆိုင်အားလုံး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် လုပ်ငန်းလိုင်စင်အသစ်ပြန်လျှောက်ရမည်

တစ်နိုင်ငံလုံးရှိ အများပြည်သူသုံး အင်တာနက် ကဖေးဆိုင်များအား လုံးသည် လက်ရှိကာလတွင် အကျုံးဝင်မည် မဟုတ် တော့ဘဲ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီး ဌာန တွင် ပြန်လည်ပြီးလိုင်စင်အသစ် လျှောက်ထားခြင်းများကို ပြုလုပ်ရတော့မည် ဖြစ်ကြောင်းသတင်းရ ရှိသည်။


ယခုလက်ရှိ ဖွင့်လှစ်ပြီးဖြစ်သည့် တစ်နိုင်ငံလုံး အင်တာနက်ဆိုင်များ အားလုံး အား နေပြည်တော်နှင့် ရန်ကုန်တိုင်း ဒေသကြီး တို့ရှိ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ လိုင်စင်ကြေးများ ကောက်ခံပေးနေပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အဆိုပါ ဆိုင်များအတွက်မူ သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အခြေစိုက်စခန်း (စာတိုက်) များမှ ဆောင်ရွက်ပေးသွားရန်ရှိသည်ဟု သိရသည်။

ယခုလက်ရှိအချိန်ထိ အစိုးရက တိုက်ရိုက်လိုင်စင်ထုတ်ပေးနေသည့် အင်တာနက်ကဖေး ဆိုင်ပေါင်း ၁၄၀ ကျော်ရှိပြီဖြစ်ပြီး မြန်မာအင်ဖိုတက်ခ် ကုမ္ပဏီမှ ဖွင့်လှစ်ပေးခဲ့သည့် PAC အရေအတွက်မှာ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ၇၂၉ ဆိုင်ရှိကြောင်း သတင်းရရှိသည်။

ယခင်က အများပြည်သူသုံး အင်တာနက်ဆိုင် လျှောက်ထားခွင့်များအား မြန်မာအင်ဖို တက်ခ် ကုမ္ပဏီတွင် ရယူနိုင်ခဲ့ပြီး ယခုအခါ အစိုးရက လွှဲပြောင်းရယူပြီး ဝန်ဆောင်မှု ပေးနေခြင်း ဖြစ်သည်ဟု သိရသည်။

Ref : 7 Day News

မင်းဇေယျာ (သို့မဟုတ်) ခွပ်ဒေါင်း လဂွန်းအိမ်

စာရေးဆရာ ချစ်ဦးညို၏ “နှင်းကေသရာ ချစ်တဲ့ သူရဲကောင်း” စာအုပ်ကို ဖတ်လိုက်ရ၏။ ဤတွင် နဂိုရှိရင်းစွဲ စိတ်နှင့် (စာရေးဆရာ၏ ဇာတ်လိုက်ကြီး) လဂွန်းအိမ် ကို ခိုက်သွားခဲ့သည်။ သို့သော် သေချာသည်မှာ ဇာတ်လိုက်ကျော် လဂွန်းအိမ် ကို “ရာဇဓိရာဇ် အရေးတော်ပုံကျမ်း” မှာကတည်းက ကျနော် သိနေကြိုက်နေခဲ့ပါပြီ။
မွန်သူရဲကောင်း “လဂွန်းအိမ်” ။
ကျနော် ထပ်တူပြုလျင် ရိုင်းနေမည်လား မသိ။ သို့သော် ခေတ်သစ် မွန်သူရဲကောင်း “လဂွန်အိမ်” တယောက်ကို ကျနော် သိခဲ့၊ ရင်းနှီးချစ်ခင် ခဲ့ရသည်။ စိတ်မကောင်းစရာမှာ ဥပဒေဟု (စစ်အစိုးရများမှ) ခေါ်ဆိုသတ်မှတ်သော နရ သိမ်အကျဉ်းထောင်ထဲတွင် ဖြစ်နေသည်။ ပြင်ပတွင်လည်း ကြုံဆုံခဲ့ဖူးပေးမယ့် အရမ်းရင်းရင်းနှီးနှီးကြီး မဖြစ်ခဲ့။ ပြိုင် ဖက်များဟုတောင် ပြော၍ ရသည်။ ထောင်ထဲကျမှ … သရက်အကျဉ်းထောင်ထဲကျမှ ..၊ ညီအကို ရဲဘော်ရဲဘက်၊ ရင် ဘတ်တူ၊ ကျောချင်ကပ် ဖြစ်ခဲ့ကြသည်။

ဇာတ်အစကိုလှန်ရလျင် ဗမာပြည်၏ ကမ္ဘာကျော် ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ဖြစ်သည်။ အကြောင်းကြောင်း တွေကြောင့် “ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်” နှစ်ဖွဲ့ကွဲ၍ ဖွဲ့စည်းဖြစ်ခဲ့ကြသည်။ တခုက ဗကသများ အဖွဲ့ချုပ်၊ တခု က “မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ” ဖြစ်သည်။ ဗကသ တွင် ယနေ့ကာလ နာမည်ကြီး “ကိုမင်းကိုနိုင်” “ကိုမိုးသီးဇွန်” တို့ ဦးဆောင်ဖွဲ့စည်း လှုပ်ရှားခဲ့သလို၊ မကသ တွင် ကိုမင်းဇေယျာ၊ ကိုဌေးအောင် တို့ ခေါင်းဆောင်ဖွဲ့ စည်း လှုပ်ရှားခဲ့ကြသည်။ ထိုကာလ “စောမောင် စစ်အစိုးရ” ခေါင်းစားခဲ့ရသည့် ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းခေါင်း ဆောင်များ ဖြစ်သည်။

ပြောရလျင် ထိုခေတ် ထိုစဉ်က ကျနော်တို့ အခေါ် (ဗ နှင့် မ) လုံးဝမတည့်။ ရိုက်မောင်းပုတ်မောင်းတွေတောင် ဖြစ်ခဲ့ သည်။ ထားတော့ …
ဗကသ ဥက္ကဋ္ဌ မင်းကိုနိုင်၊ မကသ ဥက္ကဋ္ဌ မင်းဇေယျ၊ ဒီလို နာမည်ချင်းပါ ခပ်ဆင်ဆင် ပြိုင်ဖက်များ၊ အားပြိုင်မှုများ။ ၁၉၈၈ ကာလ စစ်အစိုးရ၏ ပြည်တွင်း “အထွေထွေ ဖိနှိပ်မှု” ဝင်ချိန်၊ ဗ ရော မ တွေပါ အဖမ်းဆီးခံရ၊ ထောင်တွေ (နှစ်ကြီး) ကျကုန်တယ်။ ဗိုလ်နေဝင်း စစ်အစိုးရခေတ်မှစ၍ ယနေ့ (သန်းရွှေ၊ မောင်အေး) စစ်အစိုးရများခေတ်တိုင် ဗမာပြည် နရသိမ်အကျဉ်းထောင်များသည်။ ပိုကောင်းဖို့မရှိ၊ ပိုဆိုးဖို့သာ ရှိသည်။ တထပ်တည်း တပုံစံတည်း။

သူတို့ကို ဆန့်ကျင် အံတု ပုန်ကန်သော လူငယ်ကျောင်းသား၊ နိုင်ငံရေးသမားများကို အစဉ်အဆက် ပက်ပက်စက်စက် ဖိနှိပ် ရက်စက် လည်မျိုနင်းခဲ့သည်ချည်း ဖြစ်သည်။ ဒါ ကျနော့် ကိုယ်တွေ့။ နရသိမ်တွေထဲမှာ ကြွေခဲ့ရသည့် ကြယ် ပေါင်းမနည်း။ ဤတွင် အပြင်၌ ကွဲခဲ့ကြသော ဗ များ၊ မ များ (လူငယ်ကျောင်းသားတွေချည်းပဲမို့) ရင်ချင်းအပ်၊ ကျော ချင်းကပ် ကြရပြီ။ ထောင်တွင်း စစ်ခွေးများဒဏ်ကို သွေးချင်းဆက်၍ ရင်ဆိုင်ရပ်ခံကြရသည်။ ဤတွင် ခေတ်သစ် မွန်သူရဲကောင်း “လဂွန်းအိမ်” ကိုဇေယျ (ကျနော့်အခေါ်) မင်းဇေယျ ကို သွေးသံအလိမ်းလိမ်းကြားထဲ ကျွမ်းဝင်ခဲ့ပါ သည်။

တကယ့် သွေးသံ ရဲရဲ။
၁၉၉၀ စက်တင်ဘာ ၁၈၊ (ကျနော်တို့ အခေါ် ဘလတ်ဒ် စက်တင်ဘာ) အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသား လူငယ်ကျောင်းသားများ၏ ပုန်ကန်မှု၊ အစာငတ်ခံ ဆန္ဒပြပွဲတွင် ဖြစ်သည်။ ကျနော်အပါအဝင်၊ ကိုမင်းဇေယျ အပါအ ဝင် လူ ၂၀ ဦး သရက်ထောင်သို့ အပြောင်းခံရသည်။ သူသည် မွန်လူမျိုးတဦး ဖြစ်သလို၊ ကျနော် တင်စားထားသလို သူရဲကောင်း လဂွန်းအိမ် တယောက်ဖြစ်သည်။


ပြီးခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးတွင် စစ်အစိုးရ၏ ၆၅ နှစ် ထောင်ချမှုကို (ဒုတိယအကြိမ်) ခံစားနေရဆဲ ဖြစ် သည်။ ကိုယ်ပိုင်မိသားစုလေး ရှိနေပြီ ဖြစ်သည်။ သူ့ဇနီး (ကျောင်းဆရာမ) အတွက် ကျနော်တွေး၍ စိတ်မကောင်းဆဲ။ သို့သော် သေချာသည်မှာ သူသည် ကျောင်းသားခေါင်းဆောင် ခွပ်ဒေါင်းတကောင် ဖြစ်သလို မွန်တို့၏ ရာဇဝင် သူရဲ ကောင်း “လဂွန်းအိမ်သစ်” ဖြစ်သဖြင့် ဘယ်တော့မှ ဒူးထောက်ခေါင်းငုံ့ သွေးကြောင်နေမယ့်သူ မဖြစ်နိုင်။ ကျနော် (တဦးချင်းအရ) လုံးဝ ယုံကြည်လေးစားနေမည် ဖြစ်ပေသည်။

ကိုဆက်
http://www.naytthit.net/?p=13613