Sunday, June 19, 2011

အမေ့ရဲ့ပုံရိပ်လွှာကို ပုံတူကူးကြည့်ခြင်း(ကဗျာ)

အမေ့ရဲ့ပုံရိပ်လွှာကို ပုံတူကူးကြည့်ခြင်း
(ဆွေနိုင်)
အသက်အရွယ်နဲ့မမျှ
သူမ ရဲ့မျက်လုံးတစ်စုံ
လမ်း တဆုံးထိကြည့်နေပုံများ။

သူမ ရဲ့ဆန္ဒနဲ့ မျှော်လင့်ချက်
မနက်ဖြန်အတွက်လင်းလက်တောက်ပ။

နေထွက်က နေ၀င်၊ ညယံ၊ညနက်
ပုခတ်လွှဲ လက်နဲ့
ကောင်းကင်းယံထက်
လရောင်ခင်း၍လမ်းလျှောက်လို့ ။

ရုပ်ဆင်းသဏ္ဍာန်
သူ့ဟန်ပန်းကား၊ သွယ့်ပျောင်းခန္ဓာ
မဲမှောင်ဖြိုးဖြတ်၊ လျှက်ပန်းခက်နွယ်
ဝင့်ဝါအသား၊ ဖရောင်းလွှာလို
ကေသာကျော့ရှင်း၊ ပုတုန်းရောင်လို
တိမ်ဝဠာမှာ၊ ကွန့်မြူးနေသည်
ပန်းပန်လျှက်ပဲ ပန်လျှက်ပဲ။

ဝန်းကျင်ကမ္ဘာ
စမ်းရေကျသံပမာ
သူ့မေတ္တာ၊ သူ့သတင်း
မွှေးကြိုင်ခြင်းတွေ
နွယ်ယှက်ဖြာ တသွင်သွင်စီးဆင်းလို့။

ပျားပန်းခတ်နေသလို
ပန်းစုံစိုက်ခင်း ထုံသင်းပျံ့ဝေ
မွှေးကြိုင်ခြင်းတွေ
ပန်းသတင်းကိုလေညင်းသယ်ဆောင်လို့။

ဝန်းကျင်ကမ္ဘာ
စမ်းရေကျသံပမာ
သူ့မေတ္တာ၊ သူ့သတင်း
မွှေးကြိုင်သင်း၊ရောင်ပျံဟပ်စီးဆင်း
မေတ္တာပို့၊ဆုတောင်းခြင်း တွေ
ကဗျာရွတ်သံ၊စာသံ ပေသံ တဖွဲဖွဲနဲ့
အသံမဆဲ ပဌာန်းပွဲလို
လူ့ပြည် လူ့ရွာ လူ့ဌာနေမှာ
သူ့သတင်းကို လူချင်းသယ်ဆောင်လို့။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်ပြည့်မွှေးနေ့အတွက်အမှတ်တရ