Wednesday, June 1, 2011

အင်တာနက်ကဖေးဆိုင်အားလုံး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် လုပ်ငန်းလိုင်စင်အသစ်ပြန်လျှောက်ရမည်

တစ်နိုင်ငံလုံးရှိ အများပြည်သူသုံး အင်တာနက် ကဖေးဆိုင်များအား လုံးသည် လက်ရှိကာလတွင် အကျုံးဝင်မည် မဟုတ် တော့ဘဲ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီး ဌာန တွင် ပြန်လည်ပြီးလိုင်စင်အသစ် လျှောက်ထားခြင်းများကို ပြုလုပ်ရတော့မည် ဖြစ်ကြောင်းသတင်းရ ရှိသည်။


ယခုလက်ရှိ ဖွင့်လှစ်ပြီးဖြစ်သည့် တစ်နိုင်ငံလုံး အင်တာနက်ဆိုင်များ အားလုံး အား နေပြည်တော်နှင့် ရန်ကုန်တိုင်း ဒေသကြီး တို့ရှိ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ လိုင်စင်ကြေးများ ကောက်ခံပေးနေပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အဆိုပါ ဆိုင်များအတွက်မူ သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အခြေစိုက်စခန်း (စာတိုက်) များမှ ဆောင်ရွက်ပေးသွားရန်ရှိသည်ဟု သိရသည်။

ယခုလက်ရှိအချိန်ထိ အစိုးရက တိုက်ရိုက်လိုင်စင်ထုတ်ပေးနေသည့် အင်တာနက်ကဖေး ဆိုင်ပေါင်း ၁၄၀ ကျော်ရှိပြီဖြစ်ပြီး မြန်မာအင်ဖိုတက်ခ် ကုမ္ပဏီမှ ဖွင့်လှစ်ပေးခဲ့သည့် PAC အရေအတွက်မှာ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ၇၂၉ ဆိုင်ရှိကြောင်း သတင်းရရှိသည်။

ယခင်က အများပြည်သူသုံး အင်တာနက်ဆိုင် လျှောက်ထားခွင့်များအား မြန်မာအင်ဖို တက်ခ် ကုမ္ပဏီတွင် ရယူနိုင်ခဲ့ပြီး ယခုအခါ အစိုးရက လွှဲပြောင်းရယူပြီး ဝန်ဆောင်မှု ပေးနေခြင်း ဖြစ်သည်ဟု သိရသည်။

Ref : 7 Day News