Wednesday, June 8, 2011

(၆၆)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင်ပြည်တွင်း၊ပြည်ပမှဒီမိုကရေစီအင်အားစုများတလုံးတစည်းအသုံးပြုကြရန်(NLD)ပြန်ကြားရေးမှဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံဖြန့်ဝေလိုက်ပြီ

ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံအား (၆၆)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ (မြန်မာနိုင်ငံအမျိုးသမီးများနေ့) အခမ်းအနားများ ကျင်းပရာတွင် ကမ္ဘာတစ်ဝှမ်းလုံးရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများတညီတညွတ်တည်း သုံးစွဲနိုင်ရန် ဖြန့်ဝေပေးခြင်းဖြစ်ပါသည်။ တညီတညွတ်တည်းသုံးစွဲကြရန် မေတ္တာရပ်ခံပါသည်။

ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
http://www.facebook.com/#!/pages/National-League-for-Democracy/199678676714208
သမိုင်းထဲကအမေ
(ဆွေနိုင်)
အမေ့ရွာမှာ
စက်ဆုပ် ရွံရှာဖွယ်ကောင်းတဲ့
ရာသီမဲ့ ညတာများ
ရှည်လွန်းအားကြီးတယ်
ဝင်ချည် ထွက်ချည်နဲ့  ။

အမေဟာ
အမေရွာထဲက
မာလိန်မှူ့း့ 
ရေတံလျှပ်တွေ
အလျံညီးညီး တောက်နေတဲ့
အနက်ရှိုင်းဆုံးပင်လယ်ထဲ
ဖြတ်ကူးနေသူပါ။

အမေဟာ
အမေ့ရွာထဲက
လမ်းပြကြယ့့် 
စစ်ဖိနပ်အောက်က
ဟောဒီ မြေရိုင်းထဲ
နေလောင်လည်းခံရဲ
ခြေယောင်လည်းခံရဲ
ဓမ္မနဲ့ လမ်းခင်း
လမ်းပြင်းပြင်းတွေ
လျှောက်နေသူပါ။

အမေဟာ
အမေ့ရွာထဲက
ဥယျာဉ်မှူ့း့ 
စစ်ဖိနပ်အောက်က
ဟောဒီ မြေရိုင်းကို တူးဆွ
ရဲရဲတောက် ကလောင်ဓား ထက်ထက်တွေနဲ့
ရဲရဲတောက်ကြယ်စင်တွေ
ရဲရဲတောက် သူရဲကောင်းတွေ
ပြီးတော့ 
ထိန်ထိန်တောက် လသာညတွေကိုလည်း
စိုက်ပျိုးနေသူပါ။

အမေဟာ့ 
ဇရာအိုလည်း စိတ်ပျိုနေဆဲပေါ့
ဟောဒီ အမှောင်ထုထဲ
တောင်တန်းကြီးတွေလို မားမားမတ်
မြစ်ကြီးတွေလို စီးဆင်းမပြတ်
လ တစ်စင်းလိုလည်း အေးမြနေ
သမိုင်းထဲက အမေ။ ။
ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက်မွေးနေ့သို့ဒီကဗျာဖြင့်ဂုဏ်ပြုပါသည်။
ဒေါ်အောင်ဆန်းစုကြည်အသက်ရာကျော်ရှည်ပါစေ
ဒေါ်အောင်ဆန်းစုကြည်အသက်ရာကျော်ရှည်ပါစေ
ဒေါ်အောင်ဆန်းစုကြည်အသက်ရာကျော်ရှည်ပါစေ