Wednesday, June 8, 2011

NLD Kawthaung ILO အလုပ်ရုံဆွေးနွေးပွဲ အတွေ့ကြုံနှင့် သတင်းနှင့် စာနယ်ဇင်းအတွေ့ကြုံရှင်းလင်းပွဲ

NLD Kawthaung ILO အလုပ်ရုံဆွေးနွေးပွဲ အတွေ့ကြုံနှင့် သတင်းနှင့် စာနယ်ဇင်းအတွေ့ကြုံရှင်းလင်းပွဲ
၅ ဇွန် ၂၀၁၁
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကော့သောင်းမြို့နယ်စည်းနှင့် လူငယ်ကွန်ယက်တို့ ပူးပေါင်းပြီး
ILO နှင့် သတင်းနှင့် စာနယ်ဇင်းအတွေ့ကြုံ ရှင်းလင်းပွဲကို တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုးံတွင်ကျင်းပရာ အဖွဲ့ချုပ်အဖွဲ့ဝင်များနင့် လူငယ်ကွန်ယက်မှလူငယ်
စုစုပေါင်း ၂၂ ဦးတက်ရောက်ခဲ့ပါသည်။
သုံးရက်တာကျင်းပမည့် ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကော့သောင်းမှ ဗဟိုနှင့်
IL0 တို့တွင်ပို့ချသော သင်းတန် များကို တက်ရောက်ခဲ့သော မြို့နယ်စည်းအဖွဲ့ဝင် ဦးမြင့်မောင်နှင့်လူငယ်တာဝန်ခံ ကိုသက်နိုင်တို့မှ လည်းကောင်းတို့တက်ရောက်ခဲ့သော သင်တန်းများကိ ကော့သောင်းမြို့နယ်ရှိ အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် လူငယ်ကွန်ယက်မှ လူငယ်များအား IL0 မှပို့ချသော ခလေးစစ်သား၊ အတင်းအကျပ်လုပ်အားပေးစေခိုင်းမှုနှင့် ဥယာဉ်ခြံမြေနှင့် လယ်ယာမြေများအားသိမ်းယူမှုတွင် ပြည်သူ့ဖက်မှ စနစ်တကြပါဝင်ကူညီနိုင်ရန်နှင့် အရပ်ဖက်သတင်းထောက် (citizen jurnalist)များပေါ်ပေါက်ရေးအတွက်ရည်ရွယ်ချက်ဖြစ်ပြုလုပ်သောဆင့်ပွားဆွေးနွေးပွဲလည်းဖြစ်
ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကော့သောင်းသည် အခါအားလျှော်စွာ လူသားစွမ်းရည်မြင့်တင်
ရေးရည်ရွယ်ချက်အနေဖြင့် လူ့အခွင့်ရေးဆွေးနွေးပွဲများ စာဖက်ဝိုင်းများ ကျင်းပလျှက်ရှိပြီး ယခု
ပြုလုပ်သော ဆွေးနွေးပွဲသည် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွန်တိုက်တွန်းချက်ဖြင့် လူငယ်ကွန်
ယက် ဖွဲ့ပြီးစည်းပြီးနောက် ပြုလုပ်သော ဆင့်ပွားဆွေးနွေးပွဲလည်းဖြစ်ပါသည်။
NLD ကော့သောင်း