Tuesday, January 26, 2010

ကြယ်ကြွေချိန်ညများ(မြင့်မိုရ်)


မဟူရာည အသူတရာမကနက်ပါစေ
လင်းလက်ြကယ်စင်တွေက အမှောင်ခွင်းပြီး
အလင်းဆောင်တယ် ။
သဲကန္တရတွေ ဘယ်လောက်ကြီး ပူလောင်ပါစေ
အိုအေစစ်တွေရှိရာ ငါအရောက်သွားမယ် ။
တောင်ကြီးတွေ ဘယ်လောက်ပဲမြင့်မားပါစေ
ငါ့ဖဝါးအောက် ရောက်စေရမယ် ။
ပင်လယ်သမုဒ္ဒရာကြီး ဘယ်လောက်ပဲကျယ်ပြောပါစေ
မျှော်လင့်ချက် ယုံကြည်မှု့အတွက်
ငါရွက်လွှင့်မယ် ။
ကောင်းကင်ကြီး ဘယ်လောက်ပဲကျယ်ပြန့်ပါစေ
လွတ်လပ်မှုအတွက် ငါ ငှက်တကောင်လို
ပျံသန်းမယ် ။
ငှက်တွေဟာ ပျံရင်းသေတယ်
လူတွေက ကြံရင်းသေတယ် ။
လူ့ဘ၀ဆိုတာ
မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြား
ကိုယ်ယုံကြည်ရာ
ရုန်းကန်လှုပ်ရှားခြင်းဟာ
ဓမ္မတာပါ ။
သို့ပေမဲ့လည်း
ယုံကြည်ရာကို ဦးတည်လှမ်းရင်း
လမ်းခုလပ်မှာ ကြွေလင့်ခဲ့ရတဲ့
ကြယ်ပွင့်လေးတွေအတွက်
နှမြောတသ လွမ်းရပါသည်
ကြယ်ကြွေချိန်ညများ။