Saturday, January 23, 2010

ကဗျာဆရာ တင်မိုးကွယ်လွန်ခြင်း (၃)နှစ်ပြည့်အမှတ်တရ




ထာဝရအလင်းရောင်
(မြတ်သစ်_dawn)

ဆေးလိပ်ကိုခဲ၊ မီးအိမ်ဆွဲလျှက်
ကန်မြဲဇဂျမ်း၊ တမာလမ်းမှ
လျှောက်လှမ်းထွက်ခွါ၊ လင်းရောင်ဝါမှာ
ကမ္ဘာအနှံ့ပျံ့ခဲ့ပြီ။

လွယ်အိပ်ထဲမှာ၊ အလိမ္မာနဲ့
ပညာအသိ၊ ထိုးဖြည့်ဖိထည့်
အမိမြေအတွက်၊ အမွေလက်ဆောင်
သူ့လူ့ဘောင်ကိုပေးခဲ့ပြီ။

နှင်းဆီခင်းပေါ်၊ မှေးစက်ပျော်လျှက်
စိမ်းလန်းအိပ်မက်၊ ရင်ဖိုမက်ကာ
သံလွင်ဧရာ၊ မြစ်ဒုဌာတွင်း
လှေတစင်းနဲ့၊ သီချင်းတွေလဲသီခဲ့ပြီ။

နေမင်းအရှိန်၊ နေ့အချိန်မှာ
ရောင်ထိန်ထွန်းတောက်၊ မိုးတိမ်ဖောက်လည်း
ညရောက်တဲ့ခါမှိန်ရသည်။

လင်းလက်ညခါ၊ လမင်းသာမှာ
နတ်ကြာပန်းပွင၊့် လန်းစွင့်စေလည်း
နေ့ရောက်တဲ့ခါမှိန်ရသည်။

ဖန်မီးအိမ်မင်း၊ သူ့အလင်းမှာ
နေ့ရောညပါ၊ ထွန်းလင်းဝါသည်
သူသာထာဝရ အလင်းတည်း။