Thursday, January 7, 2010

ဓားပေါက်သမား



ဓားပေါက်သမား
(ချမ်းငြိမ်းအေး)

ဟုတ်ခနဲမီးတွေမှိတ်သွားတယ်
ရှဲခနဲ အသံတွေ  ငြိမ်ကျသွားတယ်
ဖျတ်ခနဲ ဆလိုက်မီးမောင်းတွေထိုးလိုက်တယ်
ဇာတ်စင်ရဲ့အလယ်တည့်တည့်မှာ
စက်ဝိုင်းပုံ သစ်သားချပ်တခုထောင်လျက်
ရှေ့မှာ လူတယောက်
မျက်နှာကိုအ၀တ်နက်စည်းလို့
(နောက်ခံတီးလုံးများ)

ဒုတ့့် 
ဒုတ့့် 
ဒုတ်
ဓားတွေက တစ်စင်းပြီး တစ်စင်း
ပျားကောင်လိုတ၀ီဝီပျံသန်း
ခန္ဓာကိုယ်ရဲ့ ဘေး၊အထက်၊
အောက်၊၀ဲ၊ယာအနှံ့ထိုးစိုက်
ဟာခနဲ ဟင်ခနဲ
ပရိသတ်တွေရဲ့အမေဍ္ဍိတ်သံအဆုံးမှာ
တစ်ရုံလုံး တဖြောင်းဖြောင်းလက်ခုပ်သံများ။

ပန်းကုံးလာစွပ်သူတဦးက မေးတယ်
ခင်ဗျား ဓားမှန်မှာမကြောက်ဘူးလားတဲ့
သေချာခဲ့တယ်
ဒါ နည်းပညာတစ်ခုပဲ
ဘယ်တုံးကမှသံသယမဖြစ်ခဲ့ပါဘူး
ဓားပေါက်တာ ကျွန်တော့်အဖေ
အ၀တ်နက်စည်းပေးတာ ကျွန်တော့်သား
အဖေအနားယူလို့ ကျွန်တော် ဓားပေါက်သမားဖြစ်တဲ့အခါ
ကျွန်တော့်နေရာမှာ ကျွန်တော့်သားပေါ့
မစိုးရိမ်ပါနဲ့မိတ်ဆွေ့ ။     ။

၂၀၀၆ခုနှစ်ထုတ်မဟေသီရုပ်စုံမဂ္ဂဇင်းမှကူးယူဖော်ပြပါသည်။