Monday, January 18, 2010

(မောင်မောင်မော်) လေးစားလျှက်


ကောင်းကျိုးဖြာဝေ
ဒေါင်းမျိုးတွေက
နိုင်ငံငြိမ်းချမ်း
ရွှင်လန်းစေရန်
သံဓိဌာန်ဖြင့်
အကြမ်းမဖက်
ဇွဲလက်နက်နှင့်
တိုက်ပွဲဝင်ကြ။

ဒေါ်စုစိတ်မျိုး
ရင်မှာပျိုးလျှက်
တိုင်းကျိုးဆောင်ရွက်
ပြည်သူ့အတွက်
တော်လှန်တိုက်ပွဲ
ဆင်နွဲကြရင်း
အငြင်းမပွား
အမျက်ဒေါသ
မထွက်စေရ။

(၂၀၁၀)နှစ်ထောင့်တစ်ဆယ်
ရွေးကောက်ပွဲကို
ဝံပုလွေဥာဏ်
အကောက်ကြံဖြင့်
စီစဉ်ကျင်းပ
န အ ဖအား
တိုက်ပွဲဝင်ကြ။

ဒီမိုကရေစီ
ပန်းတိုင်ဆီကို
စည်းလုံးညီညာ
ပြည်သာယာဖို့
အရောက်ချီတက်ကြပါစို့။

ဒီမိုကရေစီတိုက်ပွဲဝင်ရဲဘော်များအားအစဉ်လေးစားဦးညွှတ်လျှက်