Sunday, January 24, 2010

ကဗျာဆရာတင်မိုးကွယ်လွန်ခြင်း (၃)နှစ်ပြည့်အမှတ်တရ


တေးဖြူဖြူစင်
(တင်မိုး)

စပါးကျီ၌
တစ်ပြည် တစ်တောင်း၊ဖြည့်လောင်းနေစဉ်
သွင်းမြဲပင်။
နောင်လာနောက်သား၊ကျီပြည့်ထား၍
စားကြစေဖို့၊စုစောင်းစို့။
အသက်လက်ကျန်၊မနက်ဖြန်တွင်
စံလည်းစံစား၊နားလည်းနားချိန်
တရားသင်္ခမ်း၊စိတ်ငြိမ်းချမ်းစွာ
ခြေလှမ်းကိုမှတ်၊သတိကပ်လော့။
လောကအလုံး၊သောကတုံးတည့်
တောရအပြုံး၊မောဟမဖုံး
နှလုံးသန့်စင်၊မွေ့လျော်ချင်၏
အရှုပ်မျှင်တွဲလွဲ၊သုတ်သင်ရဆဲ။
ကြည်ကြည်သန့်သန့်၊ခန့်ခန့်ညားညား
နှလုံးသားမှ၊တေးသွားပြူငှာ
ဖြူစင်စွာလျှင်
သာသည့့် ကျူးသည့့် ဖြစ်စေသော်ဝ်။ ။

(မွေးနေ့နံနက်ခင်း)
တင်မိုး
မြားနတ်မောင်အမှတ်(၈၃)ဧပြီလ၊၁၉၉၉-ထုတ်မှကူးယူးဖော်ပြပါသည်