Tuesday, January 12, 2010

ကြုံခွင့်ရဲ့နိုး


ကြုံခွင့်ရဲ့နိုး
(မောင်မောင်မော်)

နယ်သာလန်ရဲ့
ဆောင်းတညမှာ
ကြယ်စင်မလင်း
လမင်းမသာ
ကောင်းကင်းယံမှာ
စနိုးပွင့်လွှာကျလိုက်တာမှ။

ရေခဲလွင်ပြင်
သူ့အသွင်ကို
ဖန်တီးတာများ
ဖြစ်နေရော့သလား
ဖြူဖြူဖွေးဖွေး
လမ်းနဘေးမှာ
သွေးခဲမတတ်
အေးချက်ကဖြင့်
ခိုက်ခိုက်တုံအောင်
ချမ်းလိုက်ပါဘိ
ဒီဆောင်းအကုန်
ဆုံခွင့်ကြုံနိုး
မျှော်ခိုးလျှက်ဖြင့်
ဘာလိုလိုနဲ့နှစ်လဲသစ်ခဲ့ပေါ့။