Wednesday, January 20, 2010

ကောင်းကင်ခရီး


ကောင်းကင်ခရီး
(သွေးဦး)

ကော်ဖတ်စားမထားတဲ့
မိုးသားပြည့်ပြည့်တိမ်တွေ
ကဆုန်စိုင်းရာလမ်း။

ကံကျွေးချ
ကတ္တီပါကော်ဇော်တွေလည်း
ခင်းမထားပါဘူး။

ခါတော်မှီခေါင်းလျှော်ပြီး
ခေတ်မှိန်သွားတဲ့ စင်တင်ပြဇာတ်တွေနဲ့လည်း

ကင်းကင်းရှင်းရှင်း။

ငှက်ပျောပွဲ အုန်းပွဲနဲ့စဘော်တင်
အမြော်အမြင်ကြီးတစ်ခွဲသားနဲ့
သံသရာဆုတောင်းဆိုတာ
ဝေလာဝေး။

ဆေးမဆိုး
ပန်းမရိုက်
တောင်ပံရိုင်းတွေ
ဇက်ကုန်လွှင့်ရာလမ်း။

အဲဒီလမ်း
ဘာနဲ့မှ
မညစ်ညမ်းဘူး။

ဟောဒီကန္တာရထဲ
တလိမ့်ကောက်ကွေး ကျလာသည့်တိုင်
ဖုတ်ဖတ်ခါထပြေးနိုင်တဲ့လမ်း။

တောမှောက်တတ်ပေမယ့်
ထမင်းလုံးလောက်နဲ့တော့
တစ္ဆေမခြောက်တဲ့လမ်း။

သူ့အရေဖျားထက်
ထိုးကွင်း ဒူးကျနဲ့
ဇာတိ ပုည
ဂုဏ်မာနကိုပြရာလမ်း။

တာထွက်ထက်
သက်လုံတွေ တံခွန်စိုက်ရာလမ်း။

အဲဒီလမ်းပေါ်
အလျှံညီးညီးတောက်ပ
ရွေ့လျားညမီးအိမ်တို့
သစ္စာနဲ့ထွန်းညှိ
တည်ရမယ့်ကတိတွေက
မောင်နှင်အာ့း့  ။ ။


(မြားနတ်မောင်) ၁၉၉၉ ဧပြီလထုတ်မှကူးယူဖော်ပြပါသည်။