Friday, April 29, 2011

ယုံပါအချစ်ရယ် မပြောချင်သူပါ

ယုံပါအချစ်ရယ် မပြောချင်သူပါ

စိန်စီသောလမ်းထက် ဆီ
မင်းကို ရွှေလက်နဲ့အကိုတွဲပြီးခေါ်ခဲ့တယ်၊
မင်းပျော်မှာပါ ဘာကြောင့်လို့လည်းဆိုရင်
ငါဟာ....မင်းကို
ငါ့ရဲ့ အချစ်ရဆုံးအမေ ဒိုင်ယာနာလိုဖြစ်သွားမှာ
အရမ်းစိုးရိမ်ကဲမိနေလို့ပါပဲ....ကိတ်။

မျိုးဂုဏ်မြင့်ပေမယ့်
မျိုးခြင်းထပ်မှ မြတ်မယ်ဆိုတဲ့ အသိစိတ်
ငါ့ဆီမှာ စိုးစဉ်းမှ မရှိရိုးအမှန်ပါ....ကိတ်။

လူဟာ....လူပါပဲ
အနိမ့်အမြင့် မခွဲခြားတတ်တဲ့ ငါ့ရဲ့စိတ်အစဉ်ကို
မင်းသိမှာပါ....
ငါဟာမင်းကို ဘယ်လောက်အထိချစ်မလဲဆိုတာ
ဧပရယ်....ဟာ
ငါ့....အချစ်ကို သက်သေထူပြလိုက်တာပဲ...ကိတ်။

ငါ....ပျော်နေပါတယ် မင်းနဲ့ လက်ထပ်ရမှာကို
ငါ့....ဆုံးဖြတ်ချက်ကိုလည်း
ငါ....ဂုဏ်ယူကျေနပ်နေမိတယ်...ကိတ်။

မင်္ဂလာဦး....ညမှာ
အနမ်းဖွဖွလေး မင်းကိုပေးပြီး
ငါမင်းအပေါ် ဘယ်လောက်အထိချစ်သလဲ...ဆိုတာ
ယုံပါအချစ်ရယ်...မပြောချင်သူပါ..။

အမေ့သား(ဒိန်းမတ်)
ဝီလီယံနဲ့ ကိတ် မင်္ဂလာဦးနေ့မှသည်....ပျော်ရွှင်ချမ်းမြေ့စွာ
ဆုံးတစ်သက်တိုင် ကိုယ်၏ ကျမ္မာခြင်း၊ စိတ်၏ ချမ်းသာခြင်းဖြင့်
အန္တရာယ်ကင်းဘေးရှင်းပြီး အိုအောင်မင်းအောင် ချစ်ချစ်ခင်ခင်
နဲ့ ပေါင်းသင်းနိုင်ကြပါစေ....။

ကိုဗလိုင်(ခ)အောင်စိုး(ဒိန်းမတ်)
phone...0045..50 10 18 32