Saturday, April 16, 2011

အောင်နှစ်သစ်

အောင်နှစ်သစ်

အတာရေလောင်း
ခေတ်ဟောင်းကိုဆေးပစ်
နှစ်သစ်ကိုကြို
ကောင်းလိုတဲ့ဘဝ
တောင်းဆိုဆန္ဒ
ကြံဆ ဟန်ကျစေ
ဆုပန်ချွေသ
ဝေနေယျကမ္ဘာ
သာယာရွှင်လန်း
ရည်မှန်းကောင်းကျိုးဖြာ
တိုးလာမိုမောက်
ဝမ်းမြောက်အားထက်သန်
ဆက်ရန်ခရီး
မငြီးမတွားပဲ
အောင်ပွဲခံလို့
ဇွဲသန်ကြိုးပမ်းဆောင်
လူ့ဘောင်ထွန်းတင့်
ကျွမ်းကျင်ကျင့်ကြံကောင်းကျိုးကြွယ် ………။

ကြိုင်လှမောင်မောင်
၂၀၁၁၀၄၁၇
နှစ်ဆန်းတစ်ရက်

ရှင်မဟာရဋ္ဌသာရ ၏
“ပုလဲတကန့် ရွဲတကန့်” စပ်ဟန်ကို
စု တု ပြုပါသည်

ကဗျာပေးပို့လာသောဆရာမောင်မောင်လှကြိုင်အားကျေးဇူးတင်ရှိပါသည်။