Thursday, April 21, 2011

ရွေးကောက်ပွဲအလွန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒေါ်စုလမ်းစဉ်

ရွေးကောက်ပွဲအလွန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒေါ်စုလမ်းစဉ်
မြန်မာပြည်တွင် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားပြီနောက် ပြည်သူလူထုတရပ်လုံးကို တစုတစည်းတည်းစည်း ရုံးသိမ်းသွင်းနိုင်မည့် ခိုင်မာသောခေါင်းဆောင် ပေါ်ထွန်းလာခြင်းမရှိခဲ့သောကြောင့် မြန်မာနိုင်ငံသားတိုင်းရင်း သားသားပြည်သူလူထုတရပ်လုံးဟာ ၁၉၆၂ မှာခုနှစ်မှာပထမစစ်ကျွန်ဘဝကိုရောက်ခဲ့ရကာ ဗြိတိသျှလက် အောက်မှရရှိထားသော လွတ်လပ်ရေးလည်းဆုံးရှုံးခဲ့ရသည် ။ ဗိုလ်ချုပ်ကျဆုံးခြင်းနှင့်အတူ တိုင်းရင်းသား ခေါင်းဆောင်များနှင့်သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြသည့် ပင်လုံစာချုပ်သည်လည်း ဗိုလ်နေဝင်း၏ အာဏာရှင် စနစ်လက်အောက်တွင် စက္ကူစုတ်သဖွယ် ကြေမွပျက်ဆီးခဲ့ရသည် ။

( ၈၈၈၈ ) အရေးတော်ပုံကာလအတွင်း တိုင်းပြည်ကိုစစ်ကျွန်ဘဝမှ လွတ်မြောက်ရန်ကယ်တင်ပေးနိုင်မည့် ဒုတိယလွတ်ရေးတိုက်ပွဲကို ဖေါ်ဆောင်မည့်ခေါင်းဆောင်များ မွေးဖွားလာခဲ့သည် ။ ထိုအထဲတွင် ဒေါ်အောင် ဆန်းစုကြည်သည် ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးအမွေအနှစ်ကို ဆက်ခံသူအဖြစ်၎င်း ဒုတိယပင်လုံစာ ချုပ်ကို၎င်း အမျိုးသားပြန်လည်သင့်မြတ်ရေး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ကို၎င်း အကောင်ထည်ဖေါ်ဆောင်ရွက်နိုင်မည့်သူတဦးအဖြစ် ပေါ်ထွန်းလာခဲ့သည် ။
တနည်းအားဖြင့် အောင်ဆန်းလမ်းစဉ်ကို ဖေါ်ဆောင်ပေးနိုင်မည့်သူမှာ တခြားသူမဟုတ်ပါ ။ သူ၏ချစ်လှစွာ သောသမီးငယ် ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်သည် ။ ဒေါ်စု၏လမ်းစဉ်သည်ကါး လောကပါလတရားကို အခြေခံထားသော အမှန်တရားအတွက် အကြမ်းမဖက် လွတ်လပ်မှု့ တရားမျှတမှု့ ငြိမ်းချမ်းသောသွေးမဲ့ တော်လှန်ရေးနှင့် တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကိုဆောင်ကျဉ်းမည့်သူပင်ဖြစ်သည် ။ ဒေါ်စုသည်ပြည်သူလူထု ၏ အကျိုးကိုရှေ့ရှုရာတွင် သူမ၏မိသားစုဘဝကိုစွန့်လွတ်အနစ်နာခံကာ သူမကိုစစ်အုပ်စုမှအနှစ် ( ၂၁ ) နှစ် တာကာလအတွင်း ( ၁၅ ) နှစ်ကျော် ကြာနေအိမ်အကျယ်ချုပ်ဖြင့် ချုပ်နှောင်ခံခဲ့ရသည် ကို အာဂါတမထား နအဖစစ်အုပ်စုနှင့် တိုင်းပြည်၏ပြသနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးရန် သူမလွတ် မြောက်လာခါစမှာပင် တောင်းဆိုခဲ့သည် ။ သူမနေအိမ်အကျယ်ချုပ်ဖြင့် အကျဉ်းမကျစဉ်ကလည်း တိုင်းပြည် ငြိမ်းချမ်းရေး ဒီမိုကရေစီအရေးအတွက် နအဖစစ်အုပ်စုအား သင်ပုန်းချေရေးမူဖြင့် အမျိုးသားပြန်လည်ရင်ကြား စေ့ရေးလုပ်ငန်းစဉ်ကို တင်ပြခဲ့သည် ။
သို့ပါသော်လည်း ဗိုလ်သန်းရွှေ၏ ခေါင်းမာမှု့ တကိုယ်ကောင်းဆန်မှု့အတ္တကြီးမားမှု့တို့ကြောင့်တိုင်းပြည်၏ ပြသနာများကိုတွေ့ဆုံဆွေးနွေးအဖြေရန် အလှမ်းကွာဝေးနေခြင်းတို့ကြောင် တိုင်းပြည်ငြိမ်းချမ်းရေးမှာ ရွှေပြည်တော်မျှော်လေတိုင်းဝေးနေရသည် ။

မြန်မာပြည်တည်ငြိမ်ရေးနှင့်ဖွံဖြိုးတိုးတက်ရေးကင်းမဲ့ခဲ့ရသည်မှာ ခေါင်းဆောင်များမညီညွတ်ကြခြင်းသည် အဓိကပြဿနာပင်ဖြစ်သည် ။ ခေါင်းဆောင်များမင်းများ မညီညွတ်ခဲ့ကြ၍ ထီးကျိုးပြီး စည်တော်ပေါက်ခဲ့ရသည် ရှေးဗမာမင်းများ လက်ထက်မှ ဆရာမွေးတပည့်မွေး ပုဂ္ဂိုလ်စွဲ ဆန္ဒစွဲ ဂိုဏ်းကဏ္ဍစွဲများကြောင့် မင်းတုန်းမင်းလက်ထက်၌် လွတ်တော် တွင်တိုင်းတားအုပ်စုနှင့်ကင်းဝန်အုပ်စုဟူ၍ အမတ်မင်းများနှစ်ခြမ်းကွဲခဲ့ခြင်၏ အကျိုးဆက်ကြောင့် ကမ္ဘာ့ပထမဦး ဆုံးရေမြှုပ်ဗုံးတီထွင်သူ ကနောင်မင်းသားကြီး လုပ်ကြံခံခဲ့ရပြီး လှေပြေးတုန်း တက်ကြိုးခဲ့ရသည် ။ သီပေါမင်း နန်းတက်ချိန်တွင်လည်း သူ့အာဏာတည်မြဲရေးအတွက် သူ့နှင့်ပြိုင်ဖက် မင်းညီမင်းသားအပါး (၄ဝ )ခန့်ကို သုတ်သင်ရှင်းလင်းခဲ့သည့်အတွက် နယ်ချဲ့ဗြိတိသျှတို့မှအထက်မြန်မာ နိုင်ငံတွင်သွေးချောင်းစီးနေပြီ အထက် မြန်မာနိုင်ငံ၏နိုင်ငံခြားဆက်ဆံရေးကို မိမိတို့မှတာဝန်ယူဆောင်ရွက် ရတော့မည်ဟူသော အကြောင်းပြချက်ဖြင့် ဗမာပြည်ကို သိမ်းပိုက်ခဲ့သည်မှာလည်း သူ့ကျွန်ဘဝသို့ကျရောက်ခဲ့ ရခြင်း၏ အကြောင်းတရားပင်ဖြစ်သည်။

တိုင်းပြည်လွတ်လပ်ရေးရပြီးနောက် ပုဂ္ဂိုလ်စွဲ ဂိုဏ်းကဏ္ဍစွဲများကြောင့် တိုင်းပြည်စည်းလုံး ညီညွတ်ရေးပြိုကွဲ ခဲ့ရပြီးပြည်တွင်းစစ်မီးတောက်လောင်ခဲ့ရသည်မှာ ခေါင်းဆောင်များ၏ အတ္တစွဲ ဂိုဏ်းကဏ္ဍစွဲများကြောင့် ပင်ဖြစ်သည် ။ ဖဆပလအစိုးရလက်ထက်တွင်လည်း သန့်ရှင်းနှင့်တည်မြဲဟူ၍ ဖဆပလပါတီနှစ်ခြမ်းကွဲခဲ့ရပြီး အုပ်စုစွဲ ဂိုဏ်းကဏ္ဍစွဲ နိုင်ငံရေးသမားများကြောင့် ဖဆပလအစိုးရ၏ညီညွတ်မှု့မရှိခြင်းသည် ဗိုလ်နေဝင်းစစ်တပ် မှအာဏာသိမ်းယူရန် အကြောင်းပြချက်တခုပင်ဖြစ်သည် ။ မြန်မာပြည်ကွန်မြူနစ်ပါတီနှစ်ခြမ်းကွဲရခြင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်းလုပ်ကြံသတ်ဖြတ် ခံရခြင်းတို့မှာ အာဏာလွန်စွဲပွဲနှင့် ပါတီစွဲ ဂိုဏ်းကဏ္ဍစွဲများကြော့င်ပင်ဖြစ် သည် ။ မြန်မာ့နိုင်ငံရေးတွင် အုပ်စုစွဲအကွဲအပြဲနှင့်ခေါင်းဆောင်များ၏ ဆရာမွေးတပည့်မွေး အတ္တစွဲ ဂိုဏ်းကဏ္ဍစွဲများ ဆန္ဒစွဲများ ကြောင့် ညီညွတ်ရေးကင်းမဲ့ခဲ့ရပြီး တိုင်းပြည်ငြိမ်းချမ်းရေးမှာ အလှမ်းဝေးနေသည် ။

ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ )နှစ်ခြမ်းကွဲခဲ့ရခြင်း ၊ ကျောင်းသားတပ်မတော်နှစ်ခြမ်း ကွဲခဲ့ရခြင်းနှင့် ကရင်အမျိုးသားအစည်းအရုံးနှစ်ခြမ်းကွဲရခြင်းတို့မှာ ထိုအကျိုးဆက်များကြောင့်ပင်ဖြစ်သည် ။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှစ်ခြမ်းမကွဲခဲ့ရခြင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်၏ခိုင်မာသောဦး ဆောင်မှု့ အမျှော်အမျင်ကြီးမားမှု့တို့ကြောင့်ပင်ဖြစ်သည် ။ NLD ၏ (၂၁ဝဝ )ရွေးကောက်ပွဲမဝင်ရေး ပါတီ မှတ်ပုံမတင် ရေးကိုဆန့်ကျင်သော NLDမှအခွင့်အရေးသမားအချောင်သမားအချို့သာ NLD မှခွဲထွက်ပြီးပါတီထောင်ကာ နအဖ၏အတုအယောင်ရွေးကောက်ပွဲကိုဝင်ခဲ့သည် ။
နအဖစစ်အုပ်စုတွင်လည်း အုပ်စုအကွဲအပြဲ အုပ်စုစွဲ ဂိုဏ်းကဏ္ဍစွဲ အတ္တစွဲများနှင့် ဆရာမွေးတပည့်မွေးကိစ္စများ ကြောင့် ဗိုလ်နေဝင်းလက်ထက်မှ ဗိုလ်သန်းရွှေလက်ထက်ထိ ဖြုတ်ထုတ်သတ် အာဏာလုပွဲများဖြစ်နေသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်သည် ။ သို့ ဖြစ်သော်ငြားလည်း နအဖသည်အာဏာဖြင့် စစ်တပ်တခုလုံး၏ညီညွတ်ရေး ကိုချိန်ခွင်လျှာလို ပုံမှန်ထိန်း ညှို ထားနိုင်သည် ။ ယနေ့အတိုက်အခံများညီညွတ်ရေးကင်းမဲ့နေသည့်အတွက် ကြောင့်စစ်အာဏာရှင်စနစ်သက်ဇိုး ရှေနေရခြင်းမှာ လည်းအကြောင်းတချက်ပင်ဖြစ်သည် ။
မြန်မာနိုင်ငံသားတိုင်းရင်းသားပြည်သူလူထုတရပ်လုံးနှင့် အတိုက်အခံခေါင်းဆောင်များ၏စည်းလုံးညီညွတ်ရေးကိုဖေါ်ဆောင်ပေးနိုင်မည့်သူမှာ တခြားသူမဟုတ် ဒေါ်အောင်ဆန်းစုကြည်သာလျင်ဖြစ်သည် ။ဒေါ်အောင်ဆန်း စုကြည်၏နောက်တွင် ပြည်သူတရပ်လုံးမားမားမတ်မတ်ရပ်တည်နေသည်။ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ မိသားစုအသိုင်းအဝိုင်းလည်းရှိနေသည် ။ထိုအတူဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူရှေ့မှမားမားမတ် မတ်မတ်ရပ်တည်ကာပြည်သူထုလိုလားတောင်တနေသောဒီမိုကရေစီအရေးကို တစိုက်မတ်မတ်လုပ်ဆောင် နေပြီး (၁၉၉ဝ) ပြည့်ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်ဖေါ်ရန် ပျက်ကွက်နေသောနအဖစစ်ခေါင်းဆောင်များကိုဒူးမထောက်အညံမခံပဲ စဉ်ဆက်မပြတ်တိုက်ပွဲဝင်နေသည့်အတွက်ကြောင့် နအဖအစိုးရမှ အနှစ်(၂၁ )ကျော်ကာလအတွင်း ( ၁၅ )နှစ်ကျော်ကြာနေအိမ်အကျယ်ချုပ်ဖြင့် ဥပဒေမဲ့ အကျဉ်းကျခြင်းကို ခံခဲ့ရသူ တဦးပင်ဖြစ်သည် ။

လောကတွင်သက်ရှိသက်မဲ့အရာခပ်သိမ်းတို့သည် င်္သခါရတရားသဘောကိုလွန်ဆန်၍ မရနိုင်ပါ ။ ဟစ်တလာ စတာလင် နှင့် ဗိုလ်သန်းရွှေ ဟူသော အာဏာရှင်များသည်မည်မျှပင် အင်အားကြီးမားစေကါမူ အနာဂါတ်တွင် ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို တည်ထောင်ရန် သံဓိဋ္ဌန် ပြင်းစွာချထားသော မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူတို၏ စိတ်ဆန္ဒအောက်တွင် မှေးမှိန်ပျောက်ကွယ်သွားမည် ဖြစ်သည် ။ အနာဂါတ်တွင်ဒေါ်စု၏ မေတ္တာတရားကြီးမားသော အဂါတတရားကင်းမဲ့သော အမျိုသားပြန်လည်သင့်မြတ်ရေး သွေးမဲ့တော်လှန်ရေး ဒိုင်ယာလော့က အင်အားကြီးမားသော သဘောထားတင်းမာသော စစ်ခေါင်းဆောင်များ ကို ငြိမ်းချမ်းရေးစားပွဲဝိုင်း သို့ခေါ်ဆောင်သွားပြီ မြန်မာပြည်ကို ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီခေတ်သစ် သို့ဆောင်ကျဉ်း သွားမည်ဖြစ်ပါသည် ။

မြင့်မိုရ် ( နယ်သာလန် )
( ၂၄ - ဝ၁ - ၂ဝ၁၁ ) ညနေ ၁၆း ၃ဝ နာရီ