Monday, April 4, 2011

လွမ်းမိတဲ့ အတိတ်ကသင်္ကြန်


လွမ်းမိတဲ့ အတိတ်ကသင်္ကြန်

လတန်ခူးပေမို့

ပိတောက်တွေရွှေရေလူး ငုဝါတွေဖူး
ဘုရားပန်းတင်ဖို့ချစ်သူပန်ဖို့
 ဦးဦးဖျားဖျားခူး ။

လေပြည်အဝှေ့မှာ ပန်းရနံ့တွေက
ငါ့နှလုံးသားထဲသယ်ဆောင်လာခဲ့ပေါ့
ပူလောင်ခြောက်သွေ့နေတဲ့ ငါ့နှလုံးသားကို

ချစ်သူရဲ့သင်္ကြန်ရေနဲ့ သင်္ကြန်မိုးကအေးမြစေတယ် ။
အချိန်တွေဟာ မြစ်တခုလိုစီးဆင်းနေဆဲ
ကုန်လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်စုစွန်း
သင်္ကြန်နဲ့အမိမြေကို တမ်တလွမ်းမိပေမဲ့
အတိတ်က
အရိပ်တခုလိုကျန်ရစ်ခဲ့ပြီ ။

သင်္ကြန်သီချင်းလေးကြားမိတိုင်း
လွမ်းသူ့ရင်ကိုစို့
သြော်! ဘယ်တော့များ
အမိမြေကသင်္ကြန်ရေနဲ့ သင်္ကြန်မိုးက
ငါရဲ့ရင်ကို တခါပြန်ပြီးအေးမြစေမလည်း?

မြင့်မိုရ်
( ဝ၂ - ဝ၄ - ၂ဝ၁၁ )