Tuesday, April 12, 2011

ကျနော်တို့ မြို့ က ကျနော်တို့ ရဲ့  အတာ


ကျနော်တို့ မြို့ က ကျနော်တို့ ရဲ့  အတာ

တကယ်တော့
ကျနော်တို့ သိတဲ့အတာဆိုတာ
နှစ်ဟောင်းက နှစ်သစ်နဲ့ ကူးတယ်
စိတ်ဟောင်းက စိတ်သစ်နဲ့ ကူးတယ်
ငုဝါက ပိတောက်နဲ့ ကူးတယ်။
ခုတော့
ရက်နဲ့ ဟစ်ပ်တွေက အမုန်းစွဲ ကဲတာတွေနဲ့ ကူးတယ်
ဝန်ထမ်းတွေက အနိုင်ကျင့်လဘ်စားမှုနဲ့ ကူးတယ်
စွမ်းအင်နဲ့ သယံဇာတက အိမ်နီးချင်းနဲ့ ကူးတယ်
တချို့ သူတွေက အုန်းအင်အော်ပြီးခေါင်းညိတ်လို့ ကူးတယ်
အရင်းရှင်တွေက ကုန်သည်အသင်းသစ်နဲ့ ကူးတယ်
အမတ်တွေကဆွေးနွေးရေးနဲ့ ငြိမ်းချမ်းရေးကို လွှတ်တော်နဲ့ ကူးတယ်
၂၀၀၈နဲ့ ၂၀၁၀က အစိုးရသစ်နဲ့ ကူးတယ်
သန်းရွှေနဲ့ မောင်အေးက သိန်းစိန်နဲ့ ကူးတယ်
ကဲ--ကျနော်တို့ ဘာနဲ့ ကူးကြမလဲ။

မြတ်သစ်(dawn)