Saturday, March 20, 2010

ရှစ်ဆယ့်ရှစ်အမေသို့(ရဲနိုင်)

အမေ့ 
ခေါ်သံမကြား
အော်သံမကြား
တော်လှန်နယ်ကသား
မတော်တရော်နဲ့
မတော်တဆ ဖြစ်သွားမှာကို
သောကပွားကာ
ဗျာပါဒ ဝေနေရော့သလာ့း့  ?။

အမေနဲ့သား
နှစ်ယောက်ထဲဘဝ
အနားကမခွါ
ရက်၊လ၊နှစ်ကြာ
ပြန်မလာတော့ လွမ်းအားပိုကာ
တမ်းတပြီပေါ့ ။ ။

အမေ့ 
နားစွင့်သာနေ
မြန်မာ့မြေက
အကျဉ်းထောင်တွေ တံခါးဖွင့်ကြောင်း
သတင်းကောင်း
အပ်ကြောင်းထပ်အောင်ကြားရတဲ့နေ့။

အမေ့ 
နားစွင့်သာနေ
မြန်မာ့မြေက
မြို့ပြကျေးလက် စာအံမပျက်
ကျောင်းဆင်း ကျောင်းတက်
ခေါင်းလောင်းခေါက်သံ
နေ့စဉ်ရက်ဆက် ကြားရတဲ့နေ့။

အမေ့ 
မြန်မာ့မြေက
နွေး၊မိုး၊ဆောင်းမှာ ရာသီအလိုက်
တိုက်တဲ့လေမှာ
ကောက်ပဲသီးနှံ ရနံ့လေးရယ်။

လုပ်အားတန်ဖိုး
ထုတ်ဖော်ပြတဲ့ လယ်ကွင်းပြင်က
သင်းပျံစေခဲ့ စပါးနှံရယ်။

ပျိုမေတသင်း
လယ်ကသင်းက တေးသံသာသာ
စွဲမက်စရာ တွယ်ဖက်လာတဲ့
ပုလွေသံလွင်လွင် ကြားရတဲ့နေ့။

အဲဒီနေ့ဟာ
အမေ့အသက်
ခပ်ရွယ်ရွယ်က
အပါယ်ကျမဲ့ လူတစု
လုယူခဲ့တဲ့ လူထုအာဏာ
ပြန်ယူရေးမှာ တာဝန်ကုန်ဆုံး
ရှစ်လေးလုံး ပန်းဝင်လမ်း
ပြီးဆုံးချိန်လေ့ ။

အမေ့ 
အမေ့သား
အမေ့ထံပါး
အပြေးလာကာ
အမေ့ကျေးဇူးဆပ်ဖူးချင်တယ်။ ။

အုတ်ခဲနီကျိုးသို့အမှတ်တရ