တံတားနီနှစ်ပတ်လည် အောက်မေ့ဘွယ်(အွန်လိုင်း) အခမ်းအနားဖိတ်ကြားခြင်းမတ်လ (၁၀) ရက်နေ့ ၊ ၂၀၁၀ ခုနှစ်နိုင်ငံတကာရောက် မျိုးဆက်သစ် မျိုးဆက်ဟောင်း ညီအစ်ကိုတော်အပေါင်းတို့ ---
လက်ရှိပြည်တွင်းနိုင်ငံရေး အခြေအနေအရ စစ်အာဏာရှင်ဆန့် ကျင်တိုက်ဖျက်ရေး တိုက်ပွဲလမ်းကြောင်းအား ဆင့်ကဲအရှိန်အဟုန်မြင့်တင်ရန်၊ ရိုးသားသော ရင်းနှီးပွင့်လင်းမှုမှတဆင့် ညီညွတ်ခိုင်မြဲသော အနေအထားတရပ်သို့  တို့းမြှင့်တည်ဆောက်ကြရန် ရည်သန်ရ်ျ ပြည်ပရှိ အင်အားစုံပါဝင်သည့် စုစည်းမှုများဖြင့် ချိတ်ဆက်ထားသော ဘုံနိုင်ငံရေးနိုး ကြားမှုဖြင့် ပူးပေါင်းတိုက်ပွဲဝင်နိုင်ရန် လိုအပ်နေပြီဖြစ်ပါသည်။ ထိုသို့  ပူးပေါင်းကာ ဟန်ချက်ညီညီတိုက်ပွဲဝင်နိုင်ရန်အတွက် ညှိနှိုင်းအဖြေရှာနိုင်မည့် စုပေါင်းဦးဆောင် တိုက်ပွဲဝင်မှု၏ သမိုင်းသစ်ကို စတင်ဖွင့်လှစ်လိုသည့် အနWိမရည်မှန်းချက်များဖြင့် မျိုးဆက်သစ်၊မျိုးဆက်ဟောင်းများ၏ မြန်မာ့အရေး တယ်လီဖုန်းဆွေးနွေးပွဲအား နှစ်ပတ်တကြိမ် စနေနေ့ တိုင်း ပုံမှန်ပြုလုပ်လျှက်ရှိပါသည်။
သို့ သော် ယခု စတုထˆ အကြိမ်အဖြစ် ပြုလုပ်မည့် မတ်လ ( ၁၃ ) ရက်နေ့ တွင်မူ (၂၂) နှစ်မြောက် ကိုဖုန်းမော် နှစ် ပတ်လည် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ နှင့် မတ်လ(၁၆)ရက်နေ့ တွင် ကျရောက်မည့် တံတားနီ နှစ်ပတ်လည် အောက် မေ့ဘွယ် အခမ်းအနားအား “ အွန်လိုင်း (အင်တာနက်) နှင့် တယ်လီဖုန်း ” လိုင်းပေါ်တွင် အခမ်းအနားအသွင်ဖြင့် ပူးတွဲကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် အဖိနှိပ်ခံနေရသော မြန်မာ တိုင်းရင်းသား ပြည်သူများ၏ ဘ၀ လွတ်မြောက် ရေး အကျိုးကို ရှေှ့ရှု ပြီး တက်ရောက်ဆွေးနွေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည် ။
မှတ်ချက်
အစီအစဉ်ကို နှစ်ပိုင်းခွဲ ကျင်းပသွားမည်ဖြစ်သည်၊ ပထမပိုင်းတွင် လူ့အခွင့်အရေးနေ့ နှင့် တံတားနီနှစ်ပတ်လည် အောက်မေ့ဘွယ်အခမ်းအနားများ ပြုလုပ်သွားမည်၊၊ ဒုတိယပိုင်းတွင် မြန်မာ့အရေးဆွေးနွေးသွားမည်ဖြစ်ပါသည် ။
“စုပေါင်းဦးဆောင်မှုမှသည်----လွတ်မြောက်ရေးပန်းတိုင်သို့ ချီတက်ကြပါစို့ ”
ဆက်သွယ်ရန်---
၁ ။ ကိုအောင်မြင့်ထွန်း ( ၂၆၀ ) ၂၄၉ - ၇၁၈၉
၂ ။ ကိုမောင်မောင်လွင် ( ၄၄၃ ) ၂၅၃ - ၆၈၂၄
၃ ။ ခွန်ထွန်းတောက် ( ၃၀၁ ) ၇၀၆ - ၁၅၉၁
၎ ။ ကိုဖေသောင်း ( ၄၁၄ ) ၃၀၈ - ၀၈၆၁
၅။ ကိုမြတ်သီဟ ၀၀၃၁၆၁၆၁၁၀၃၁၈
၆။ ကိုစောမောင်နိုင် (၃၀၁) ၉၁၇-၇၂၂၈
နိုင်ငံတကာရောက် မျိုးဆက်သစ် မျိုးဆက်ဟောင်းများ