
ရတနာပုံတယ်လီပို့တွင် ကျင်းပသည့် မြန်မာအိုင်စီတီ ရက်သတ္တပတ်(၂၀၀၈) ပြပွဲသို့ လာရောက်ကြသည့် ပြည်သူများသည် တစ်ခါသုံး GSM SIM Cardများကို စိတ်ဝင်စားမှု အများဆုံးဖြစ်ကာ ကြိတ်ကြိတ်တိုး ဝယ်ယူလျက်ရှိကြောင်း သိရသည်။ ယခုရောင်းချပေးနေသည့် ဖုန်းကတ်များကို ရန်ကုန်မြို့တွင်လည်း ဝယ်ယူနိုင်ပြီဖြစ်ရာ အဆိုပါသတင်းမှာ လူပြောအများဆုံးဖြစ်ပြီး အလွန်ရေပန်းစားလျက်ရှိသည်။