Wednesday, December 10, 2008

အိမ်ရှေ့စံရဲ့လော့ဂျစ်

အိမ်ရှေ့စံရဲ့ လောဂျစ် န အ ဖ ၏ ပုံမှန် အစည်းအဝေး (ဘရီဖင်) တစ်ခုတွင်--- ဗိုလ်ချုပ်မှူးကြီး သန်းရွေ ဒီကနေ့ ညီလာခံ သဘင်မှာ ငါကိုယ်တော် အာဏာစက် အပြင်ဘက်က တိုင်းပြည် အသီးသီးမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ဒို့နိုင်ငံတော်နဲ့ဆက်စပ် တဲ့ သတင်း တွေ လျှောက်တင်စမ်း- အပြည်ပြည် ဆက်ဆံရေးဝန်မင်းဂျီး။ နိုင်ငံခြားရေးဝန်ကြီး --- ( ပြာပြာသလဲ စိုးရိမ်တကြီးဖြင့်)၊ မှန်လှပါ ဖြား၊ ဘုန်းတော်ကြောင့်- ထားရင်လည်းနေရပါမည်၊ ဖြုတ်ရင်လည်း ပြုတ်ရပါမည်၊ ချုပ်ရင်လည်း ခံရပါမည် ဖြား။ ဘုန်းတော်ရှင် ရဲ့ မဟာသစ်စာတော်ခံ ကျေးတော်မျိုး ကျွန် တော်မျိုးသည်- မ ကွယ်မ၀ှက် မခြွင်းမခြံ အရင်းအတိုင်း လျှောက်ထားရမည်ဆို လျှင်--- “ မှန်လှပါ --- ကျေးတော်မျိုး ကျွန်တော်မျိုးတို့ရဲ့ မာယာ စည်း ရုံးရေးလှိုင်း အောက်မှာ တချိန်လုံး မျှောပါလာတဲ့ ခေါင်း ဆောင်တွေအနက် သမတဟောင်း၊ ၀န်ကြီးချုပ်ဟောင်း အချို့ နဲ့ သဟာယ အာစီယံ မိတ်ဆွေ ကောကပ် တချို့က ဟိုအရေး ဒီအရေး အခွင့်အရေးတွေ ဖိ အားပေး ဆွေးနွေးစေဖို့ ကဘာ့ အဖွဲ့ချုပ် မှူးကြီး ဘန်ကီမွန်း အား ကျွန်တော်မျိုး တို့ နေပြည် တော်ကို လာရောက်စေဖို့ တိုက်တွန်းနေသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်းပါ ဖြား ၊ (ဆက်လက်၍) မှန်လှပါ --- ဘုရားငယ်ကျွန် ကျနော်မျိုး အဖျင်းသိုး မဟုတ်ပေမဲ့ အောက်ခြေက စည်းရုံးရေး ညံ့လာတယ် ထင်မိကြောင်းပါ၊ ထို့ပြင်တ၀ အာစီယံ အသင်းတော် ကြီး ရဲ့ အဖွဲ့ဝင်များ ယခုလို သဘောထား ယိုင်း ယိမ် သွားတာဟာ ကျွန်တော်မျိုးတို့အပေါ် သစ်စာဖေါက် သွားသလားလို့ထင်မိကြောင်းပါ၊ စိုးရိမ်စရာ တော့ မဟုတ်ပေမဲ့ ဘန်ကီမွန်း လာမဲ့အရေး အတွက်တော့ ပြင်ဆင်ထားသင့် ကြောင်းပါ ဖြား၊ အိမ်ရှေ့စံ ဗိုလ်ချုပ် မောင်အေး ( ဒေါသဟန်ဖြင့်) --- ၀န်မင်းတော့နော် --- ပြောပြန် ရင် လည်းလွန်ရာကျမယ်။ အစိုးရိမ်လည်း လွန်လွန်း သကိုး။ ဒီမယ် ၀န်မင်း။ ကျုပ်တို့တိုင်းပြည်နဲ့ ပတ် သက်လို့ ကဘာ့ အဖွဲချုပ်က ဆုံးဖြတ်ချက်ချနေတာ ကြာပြီ၊ ဒါဟာ ရူတိုင်းဘဲ နှစ်စဉ်ချနေကြ ဘဲမဟုတ် လား၊ ---- ဒီမယ် ၀န်မင်းတို့၊ ဒါဟာ စိုးရိမ်စရာမဟုတ် ဘူး ဆိုတာ အထင်းကြီးပါ။ ဘန်ကီမွန်း လေးက တနှစ် သားလေးဘဲရှိ သေးတာပါ- ဟဲ ဟဲ၊ အိမ်ရှေ့စံ ၀င်ရောက်ထောက်ပေးလိုက်သည့်အတွက် အပြည်ပြည်ဆက်ဆံရေးဝန်မင်း စိတ်သက်သာရာ ရသွားတော့၏၊ ပဏ္ဍိတ