Thursday, December 25, 2008

ကဗျာ

ဆိုသောစကား ပိတောက်ကဲ့သို့ သစ္စာတည်ဧ။် ။ ယူသောတာဝန် မင်းမှုထမ်းလိုကျေပြွန်ဧ။် ။ ရယူမှုကိုမမျော်လင့် ပေးဆပ်မှုကိုအရင်းတည် ပြည်သူ့ကောင်းကျိုးဆို ဖြောင့်ဖြူးသောလမ်း လျှောက်လှမ်းနိုင်ဘို့ တံတားသဖွယ်ကျောခင်းပေးခဲ့ နှလုံးလှရှင်ငါဧ။်ချစ်သူရယ့့် ။ နေမင်းကဲ့သို့ ကိုယ်ပိုင်အလင်းရောင် ထွန်းလင်းနိုင်ရန် ငါ့အားအသင်ပေးခဲ့။ ရေတခွန်လိုစွမ်းအားအပြည့်နဲ့ ငါဧ။်ပန်းတိုင်ရောက်အောင်လှမ်းဘို့ လှော်တက်အစုံငါ့အားအသင်ပေးခဲ့။ ကဲ့  ဤသို့များသော် တချိန်ကြ၀ယ် အသင်ပေးခဲ့  ဤစွမ်းအားတွေနဲ့ အသင်အား တတ်အားသမျှ ကူညီဖေးမ ပါရမီဖြည့်ဖက်အဖြစ် ငါ့အားတလှည့် လုပ်ကြွေးဆပ်ခွင့်ပြုပါ့  သခင်ရယ့့် ။