Thursday, December 25, 2008

ကဗျာ

နှစ်ဟောင်းကုန်ဆုံး နှစ်သစ်သို့ပြောင်း အဖြူရောင်မြူနှင်း ရှူရှိုက်မိချိန် ရင်တွင်းပီတိ နှစ်လုံးအေးဧ။်။ အနာဂတ်ခြေလှမ်း ပြင်ဆင်နိုင်ရန် စိတ်ကူးသစ်တွေ လှိုက်လှိုက်ဝေ၍ ကျေးဇူးပါ ဒီဇင်ဘာ့ ။ အသစ်အသစ်သော အတွေးနဲ့ မဖြစ် ဖြစ်ရမည်ဟူသော လက်နက်ကိုရင်ဝယ်ပိုက်၍ အကျွန်ုပ်အပါအ၀င် အိုအသင်လူသားတို့ အောင်ပွဲခံရန် ကျိုးစားနိုင်ဘို့ ငါတို့ခြေတလှမ်း မနှောင့်နှေးပဲ ရဲရဲတိုး၍ ၀ံ့ဝံ့စွန့်စား ဒီဇင်ဘာလို အစဉ်အေးချမ်း လောကကြီးကို အဖြူရောင်အလှဆင်နိုင်ဘို့ ငါတို့ကြိုးစားကြပါစို့ ။ ဤသို့စိတ်ထားကိန်းအောင်းနိုင်ရန် ဆောင်ကျဉ်းပေးခဲ့ ဆောင်းအငွေ့အသက်ကြောင့့်  ကျေးဇူးပါဒီဇင်ဘာ။