Monday, December 1, 2008

ကဗျာ(ဆူးနှင်း)

မော့မကြည့်ရဲ ကြည့်လိုက်တိုင်းမှာ စင်္ကြာဝလာရင်သွေး ကြယ်ကလေးတွေ ကြွေနေတာနဲ့ ကြုံတတ်တယ်။ မကြည့်ပဲနေ မကြွေတော့ဘူး။ အကြည့်ဓာတ်ကို သော့ခတ်ပိတ်ထား ထားတဲ့ကြားလေ ရေဒါလိုနောက်ပြန်လှည့် ဦးဏှောက်တည့်တည့်ဆီ ကြည့်နေတဲ့ မျက်လုံးအစုံကို ဘာနဲ့ ဖုံးအုပ်ရပါ့ မလဲ။ အကြည့်ဓာတ်ကို သော့ခတ်ပိတ်ထား ထားတဲ့ကြားလေ ကြည့်မနေလည်း ကြွေနေတာပဲမြင်ရတယ်။