Tuesday, December 2, 2008

ကဗျာ(လူနိုင်)

ဖြတ်သန်းခြင်း (လူနိုင်) 
တပတ်နွမ်းရာသီထဲ
ဆင်ကန်းတောတိုး
တောကြီးလည်း ပြုတ်ပြုတ် ပြုန်းခဲ့။
အိမ်နောက်ဖေးပေါက်က
တိတ်တဆိတ်ထွက်လာနေကြ
အကျဉ်းမြောင်းဆုံး အကွေ့ အကောက်ထဲ
သမိုင်းဘီး အပေါက်ကြီးကို
နောက်ပြန်တွန်းလာ
 မ၀ရေစာခေတ်ကာလထဲထိ
သူတို့ ဟာ့ 
ရာသီပေါ်ကြေညာချက်
ခါတော်မှီလေပူထိုးသံထက်
ဘာမှမပိုတော့
မိုးကြီးလည်း စုန်းစုန်းချုပ်လုပေါ့ ။
နေ့ တဓူဝ
ကောလာ ဟလ ထူပြောပြီး
 မြို့ ကြီးတခုလုံးကို ထောင်ချထားတဲ့ မြို့ 
 သတင်းစာထဲ ဗုံးခွဲ
ရေဒီယိုထဲ
လေစစ်ပွဲ
ရုပ်မြင်သံကြားထဲ
ကင်ပေတိုင်တွေနေတဲ့မြို့ 
လူနာတွေကို့ 
အနာတခြား
ဆေးတခြားပေးတဲ့ မြို့ 
 အဲဒီ မြို့ မှာ
ဒီမိုကရေစီ လောင်းလျာကိုမွေးဖွားဖို့ 
အမေများစွာဟာ
 ငိုကြွေးရဦးမယ်။
ဆောင်းမှာ ညတာရှည်ပြီး
နွေမှာ့  နေ့ တာတိုတယ်
အဲဒီ့ 
နွမ်းပြီးရင် နွမ်းသွားတဲ့ ရာသီထဲ
ဘာဆို ဘာတခုမှ အရာမထင်
 သစ်လွန်ခြင်း မနက်ဖြန်တို့ သာ
အခါခါ ရှင်သန်ထမြောက်
နောက်ပြန်လမ်းလျောက်ပြီး
ခရီးမပေါက်တာ
အရပ်ထဲ လက်ညှိုး မထိုးကြပါနဲ့ တော့။