
ငါပျံသန်းဖူး
ဟိုအထက်ကကောင်ကင်ယံ
လွတ်လပ်စွာပျော်မြူးခဲ့
အတော်ထူးတဲ့လေအဟုန်မှာ
နိမ့် တလှည့် မြင့်တခါ
ပုံစံအမျိုးမျိုးမရိုးဘူးလေ
တွေးမိတယ်ငါ.ဘဝ
ဒီလိုလေးဆိုကောင်းမှာပဲလေ
မာယာကြွယ် ပရိယာယ်နဲ့
မုန်တိုင်းအလယ်မှာ
အတောင်ကျိုးကာ
မြေပြင်ထိုးကျ
ဝေဒနာကစပြီပေါ့
အင်းလေ
ကံပေးသလောက်နေခဲ့ရ
အရင်ဘ၀လေးကိုပျော်ပါတယ်
အခုတော့ အသွင်သစ်
မြေပြင်ထက်မှာငါ့ဘဝ
လေးနက်စွာနေတတ်နေပါပြီ
ဒါပေမဲ့လေ
ငါ့ လိုငှက်တကောင်
အပြစ်မဲ့စွာ
လုပ်ရက်လိုက်တဲ့
မုန်တိုင်းဆိုးနဲ့
ဝေးနေကြပါစေ ........။ ။