Monday, February 22, 2010

သံယောဇဉ် အတွင်းရေး(ချစ်တိုးနွယ်)

သံယောဇဉ် အတွင်းရေး
(ချစ်တိုးနွယ်)

ဒီလို ရှိတယ်
ညီမလေ့း့ ရဲ့။

နှစ်သိမ့်ဆုဆိုတာ
အရှုံးရဲ့ မျက်နှာဖုံး တစ်ခု
တစ်ခါ တစ်ရံမှာတော့
ယဉ်နေတဲ့ စိတ်ကူးကို ရိုင်းစေတဲ့
လှိုင်းတစ်ခုလည်း ဖြစ်တယ်။

သမိုင်းက ရွေ့နေတယ်
(ဒါပေမဲ့)
တစ်ကွေ့ တွေ့မယ်လို
ထစ်ချုန်းရလောက်အောင်
တို့တွေ မုန်းရောင် မညိုခဲ့ကြဘူး။

တကယ်တော့
ချစ်ခြင်းဆိုတာ အဆုံးမဲ့ စစ်ပွဲ
ပိုင်းဖြတ် ဝေးကွာ
အလွမ်းနာဆိုတာလည်း
နောက်ဆက်တွဲဝဋ္ဋ်နာကံနာ တစ်မျိုးပေါ့
သံယောဇဉ် ဒီအရိပ်မှာ
ကျည်အဆိပ်သင့်ရသတဲ့လားကွယ့့် ။
၂၀၀၆ခုနှစ်ထုပ်သရဖူမဂ္ဂဇင်းမှကူးယူဖော်ပြပါသည်