Friday, February 12, 2010
(လက်ယာ)သူရဲကောင်း
သူရဲကောင်း
ကိုယ်ကျိုးမကြည်.
အမျိုးအတွက်ရှိတဲ.သူ
အများအတွက်လက်မတွန်.
စွန်.စားတဲ.လူ
မ.တစ်ထောင်တစ်ကောင်းဖွား
ထက်မြတ်တဲ.ပါရမီရှင်
အသုံးချတာအများအတွက်မို.
မျိုးဆက်လူငယ်
အားကျလောက်တယ်
အတုယူဖွယ်
သူလုပ်ဆောင်ခဲ.အရာရာ
သမိုင်းမှာထင်
အများသူငါတမ်းတကြမှာပါ........
ငါတို.ဗိုလ်ချုပ်
တကယ်အဟုတ်
သူရဲကောင်းပါ
နယ်ချဲ.ရန်ဆွယ်
အင်္ဂလန်နဲ.
ဖက်ဆစ်တသွယ်
ဂျပန်မကျန်
တွန်းလှန်အစွမ်း
အံ.မခန်းပါ
တောင်တန်းမြေပြန်.
တစ်သွေးတည်းညီကို
တစ်သံတည်းသီဆို
စည်းလုံးခြင်းသံစဉ်
လွင်.ပျံစေရန်
ဖန်တီးခဲ.သူ
ငါတို.ဗိုလ်ချုပ်ပဲလေ။။။။
သူရဲကောင်းသမိုင်းကို
အရိုင်းတသိုက်က
မြေမြုပ်စေရန်
ပုံရိပ်တွေမြေဘို.နေလည်း
တွန်းလှန်ကာပဲ
ဖော်ထုတ်နေမဲ.
မျိုးဆက်တွေရှိနေသးတယ်
မြန်မာမှန်ရင်
အောင်ဆန်းရယ်လို.
တွဲလို.သိတယ်
တိုင်းတပါးလေစား
ရိုးသားတဲ.အညာသား
တကယ်တမ်းတော.
သူရဲကောင်းဆန်တဲ.
အာဇာနည်တပါးဟာ
ငါတို.ဗိုလ်ချုအောင်ဆန်းပါ။။။။။။။။။။။။။။။။
ဗိုလ်ချုပ်အောင်ဆန်းကိုသတိရလျှက် မွေးနေ.ဂုဏ်ပြုလွာ
(လက်ယာ)
ကဗျာပို့ပေးသူ-ဝေလီထွန်း-(ရန်ကုန်)