Tuesday, September 27, 2011

သားပျောက်မိခင်များ မြစ်တစင်း

ဟောဒီမြေရဲ့
သဲနုနုတွေပေါ့ …
ဧရာဝတီလက်မောင်းပေါ်
ဒဏ်ရာအသစ်နဲ့
သောင်ထွန်းကျန်ရစ်ခဲ့
ဓမ္မ ထွန်းကားရာ
ပခုက္ကူမြို့လေးမှာ။

ဟောဒီ မြေရဲ့
ကြယ်စင်လေးတွေပေါ
လတစင်းဆွဲငင်အားနဲ့
စက်တင်ဘာ
မိုးသက်တို့ကြား
သားပျောက်မိခင်များ
မြစ်တစင်း …
ညင်သာစွာ စီးဆင်းရင်း။့ 

ချွေးဒီးဒီးကျ
ကြေကြ
သို့သော်မကြေ။

သွေးဒီးဒီးကျ
ကြွေကြ
သို့သော် ကမ္ဘာမကြေ။

သားပျောက်မိခင်များ
မြစ်တစင်း …
ရွှေတိဂုံခြေရင်းမှာ
ဖြောင့်တန်းစွာစီးဆင်းရင်း
သူ့ခြေရာတွေ
သမိုင်းသစ်တခုအဖြစ် ကျန်ရစ်ခဲ့လေရဲ့။ ။
٭٭٭٭٭
(စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး(၄)နှစ်ပြည့် နှစ်ပတ်လည်နေ့သို့ …)