Friday, September 23, 2011

ကျနော်တို့ မြို့ က မြစ်တစင်းရဲ့ ကောက်ကြောင်း

ကျနော်တို့ မြို့ က မြစ်တစင်းရဲ့ ကောက်ကြောင်း

သူဟာမြန်မာ မြန်မာဟာသူ
သွေးသားတူတွေရဲ့ အမေ ဒို့ အမေ။

ပုဂံကစ မန္တလေး
တိုက်ကြွေးခဲ့တဲ့ သူ့ နို့ ရည်
ဒို့တတွေသောက်သုံးနေကြတုံး။

သူ့ နို့ ရည်ဟာ
ကဗျာလည်းဖြစ်စွမ်းအင်ဖြစ်ခဲ့၊
သူ့ တေးသံဟာ
ကာချင်းလည်းဖြစ် ဧချင်းဖြစ်ခဲ့၊
သူ့ ဆုံးမသံ
တော်လှန်ရဲစိတ် ကျွန်စိတ်ကင်းခဲ့။

သူမဟာ
လက်ဦးဆရာမည်ထိုက်စွာ
ဗေဒါလမ်းကိုပြခဲ့တယ်၊
လက်ဦးဆရာမည်ထိုက်စွာ
ဗေဒါတွေနဲ့ အတူကမ်းကပ်ခိုင်းခဲ့တယ်၊
လက်ဦးဆရာမည်ထိုက်စွာ
ကဗျာလှေတွေလှော်ခိုင်းခဲ့တယ်။

သြော် ခုတော့သူမဟာ
မြန်မာကိုသာမက
ကမ္ဘာကိုပါဆုံးမနေလေရဲ့ ။

မြတ်သစ်(dawn)