Wednesday, June 30, 2010

ပြည်သူလူထုသို့ နိုးဆော်လွှာ

ထောက်လှမ်းရေး အရာရှိ အဖြစ်တာဝန် ထမ်းဆောင် ခဲ့သည့် ဗိုလ်မှုးကြီး တစ်ဦး ကို စ၇ဖ က ဖမ်းဆီး

ယခင် ထောက်လှမ်းရေး အရာရှိ အဖြစ် စစ်ကြောရေး လုပ်ငန်းတွေ မှ ဦးစီး လုပ်ဆောင်ရတဲ့ဗိုလ်မှုးကြီး ရန်နောင်စိုး ကို ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်လောက်က စရဖ အဖွဲ့ ဝင် တွေ က စစ်မေးစရာ ရှိ လို့ ဆိုပြီး ခေါ်ဆောင် သွား တာ အခုထိ ပြန်လည် မရောက်ရှိ သေးကြောင်း သူ့ ရဲ့ မိသားအသိုင်း အ၀ိုင်း နဲ့  နီးစပ် သူ တစ်ဦး က Freedom News Group သို့ ပြောသည်။

သူ့ ရဲ့ မိသားစု ၀င်တွေ ကတော့ သူပြန်မလာတဲ့ အတွက် စိတ်ပူနေရကြောင်း နဲ့ ဘယ်ကိုမှဆက်သွယ်စုံစမ်း လို့ မရ ပဲ ခုနှစ်မိုင် ခွဲ အိမ်နား မှာ လည်း အစောင့် တွေ ချထားတယ် လို့ သူ့ မိသား စု ၀င် တစ်ဦး နဲ့ နီးစပ် သူ တစ်ဦးက ပြောသည်။

ဗိုလ်မှုးကြီး ရန်နောင်စိုး ဟာ ဗိုလ်ကြီး နဲ့  ဗိုလ်မှုး အဖြစ် တာဝန် ထမ်းဆောင် နေရစဉ် စစ်ထောက်လှမ်းရေး အရာရှိ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ရပြီး ၁၉၉၄ ခုနှစ် မှ ၂၀၀၀ ခုနှစ် အတွင်း နိုင်ငံရေး ပုဒ်မ၊တရားမ၀င် ငွေကြေး ကိစ္စ တွေ ကို ဖမ်း ဆီး စစ်ကြောမေးမြန်းမှု တွေ မှာ ဦးဆောင် ခဲ့ရသူ တစ်ယောက်ဖြစ်ပါတယ်။

စစ်ထောက်လှမ်းရေး မှာ တာဝန် ထမ်းဆောင် နေစဉ် ၂၀၀၁ ခုနှစ် တွင် တောင်ဥက္ကလာ ဂေါက်ကွင်းအတွင်းရှိ ဘီယာ ဆိုင်တွင် အထက်အရာရှိ ထောက်လှမ်း ရေး တစ်ဦး နှင့် ပြဿနာ ဖြစ်ရာ မှာ စစ်တပ်ဘက်မှ သူ့ ဆရာ ရင်း ဗိုလ်ချုပ် တစ်ဦးက စစ်တပ်ဘက်သို့ ပြန်လည် ပြောင်းပေး ခဲ့ခြင်း ဖြစ်သည်။
၂၀၀၃ ခုနှစ်တွင် ဒုတိယ ဗိုလ်မှုးကြီး ရာထူး အဖြစ်ရောက် ရှိပြီး နောက် စစ်ထောက်လှမ်း ရေး အုပ်စုအား ရာထူး မှ ဖယ်ရှား ချိန် တွင် ခေတ္တ စစ်ဆေး မေး မြန်း ခံရသည်။

ဗိုလ်မှုးကြီး ရန်နောင်စိုး သည် နာမည် ကျော် မင်းသမီး ညီအမ များ၏ အကိုဝမ်းကွဲ ဖြစ်ပြီး သူ၏ဆွေ မျိုး များ မှ အချို့ မှာ မြန်မာ စာနယ်ဇင်း နယ်ပယ်တွင် ၀ါသနာ အရ စာပေရေးသားမှု များ ကိုပြုလုပ်သည်။

လက်ရှိ အဖမ်းခံရချိန်တွင် ဗိုလ်မှုးကြီး ရန်နောင်စိုး မှာ ရန်ကုန် တိုင်း စစ်ဌာနချုပ်၏စစ်ဒေသ ကော်မတီ တွင် တာဝန် ထမ်းဆောင် နေသည် ဟု သိရသည်။
မူရင်း http://freedomnewsgroup.com/

Tuesday, June 29, 2010

ထောက်လှမ်းရေး အကြီးအကဲ ဟောင်း အပါအ၀င် ရာထူးမှ ဖယ်ရှား ခံရခြင်းခံခဲ့ရသည့်  စစ်ဗိုလ်ချုပ် ဟောင်းများ ကို နေပြည်တော် တွင် ခေါ်ယူ တွေ့ ဆုံ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ကို အဖွဲ့ ဝင် အချို့ ကို ရွေးကောက်ပွဲ ၀င်ရန် စည်းရုံး နိုင်ခဲ့သူ အဖြစ် တစ်ဖန် မြှောက်စားခြင်း ခံနေရသည် ဗိုလ်ချုပ်ကြီး ခင်ညွှန့် Photo : AP

၁၉၉၇ ခုနှစ် မှ စ၍ ၂၀၀၅ ခုနှစ် အတွင်း ရာထူးမှ ဖယ် ရှားခံခဲ့ရသည့် ထိပ်တန်း စစ်ဗိုလ်ချုပ် အချို့ အားကာကွယ်ရေး ၀န်ကြီးဌာန ၏ အမိန့် ဖြင့် ဇွန်လ ၂၈ ရက်နေ့ က နေပြည်တော် သို့ ဆင့် ခေါ် ၍ မြန်မာ စစ်ခေါင်းဆောင် နှစ်ဦး က တွေ့ ဆုံခဲ့ကြောင်း သတင်းရရှိသည်။

၂၀၀၄ ခုနှစ်က အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရသည့်
စစ်ထောက်လှမ်းရေး အကြီး အကဲ နှင့် ၀န်ကြီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့် လည်း ယခု တွေ့ ဆုံမှု တွင်ပါဝင်သည် ဟု အမည်မဖော်လို သည့် နေပြည်တော်ရှိ အကြီးတန်း အရာရှိ တစ်ဦး က Freedom News Groupသို့ ပြောသည်။

ယခု တွေ့ ဆုံမှု တွင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်း ရွှေ နှင့် ဒု-ဗိုလ်ချုပ်မှုးကြီး မောင်အေး တို့ ၏အမိန့် ဖြင့် ဆင့် ခေါ် တွေ့ ဆုံသည် ဟု ဆိုသော် လည်း Freedom News Group မှ အတည် ပြု နိုင်ခြင်း မရှိချေ။

ဗိုလ်ချုပ်ကြီး ခင်ညွှန့် အပါအ၀င် ဗိုလ်မှုးချုပ် အေဘယ်(လ)၊ ဗိုလ်ချုပ် ထွန်းကြည် နှင့် ဗိုလ်ချုပ် ကျော်ဘ
တို့ အပါအ၀င် ငါးဦး ထက်မနည်း ကို ခေါ် ယူ တွေ့ ဆုံခဲ့ခြင်း ဖြစ်ပြီး ထိုတွေ့ ဆုံမှု သတင်း အား ကာယကံရှင် များ မှ လွဲ၍ မည်သူမှ မသိရ အောင် သိုသိပ် စွာ လုပ် ဆောင် ခဲ့သည် ဟု ဆိုသည်။

မြန်မာ စစ်တပ် မှ အရာရှိ ဟောင်း တစ်ဦးက ‘လွန်ခဲ့တဲ့ နှစ်လ လောက် ကတည်း ကလည်း ဗိုလ်သန်းရွှေက
ဗိုလ်ခင်ညွှန့် ကို နေပြည်တော် ကို ပြောင်း နေ ဖို့ ပြောထား တာ ကြားတယ်။ အခု တွေ့ တာကတော့ ၂၀၁၀ရွေးကောက်ပွဲ အတွက် ဖြစ်ရင်လည်း ဖြစ်နိုင်တယ် ၊ရွေးကောက်ပွဲ အတွက် ဆိုတာ မှာ အကြံဥာဏ် တောင်းတာမျိုး မဟုတ်ပဲ သတိပေးတာ မျိုး ။ဒါမှ မဟုတ် ဗိုလ်ခင်ညွှန့် ပါတယ် ဆို တော့ လက်ရှိ ညူကလီးယား စတဲ့ လျို့ ဝှက်သတင်း တွေ ပေါက်ကြား နေမယ့်  ထောက် လှမ်း ရေး နဲ့  လုံခြုံရေး ဟာကွက်တွေ ကို ဖာ ထေး ဖို့ုဖြစ် နိုင်တယ် ဟု သုံးသပ် သည်။

ပြီးခဲ့သည့် လ က ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ၏ ညွှန်ကြားချက် ဖြင့် ထောက်လှမ်း ရေး အကြီးအကဲ ဟောင်း
အား ၂၀၁၀ ရွေးကောက်ပွဲ နှင့် နယ်စပ် ဒေသ တိုင်းရင်းသား လက်နက် ကိုင်များ အရေး အား သဘောထား
အမြင် အစီရင် ခံစာ တင် ခိုင်ရန် ဗိုလ်ချုပ်ကြီး ခင်ညွှန့် က ယခု ရွေးကောက် ပွဲတွင် တတိယ အုပ်
စု သည် အန္တရာယ် ကောင်များ ဖြစ်ကြောင်း(ရွေးကောက်ပွဲ တွင် အတိမ်းအစောင်း ဖြစ်ပါက ချက်ခြင်း အရောင် ပြောင်းမည့်  သူများ ဖြစ်ကြောင်း နှင့်) နယ်စပ် တိုင်ရင်းသား လက်နက် ကိုင် အရေး မှာ ရွေးကောက်ပွဲ မပြီး မချင်းမဆုံးဖြတ်သင့် ဟု ထိုစာ ကို ဖတ်ရှု ခဲ့ရသူ တစ်ဦး က Freedom News Group သို့ ပြောသည်။

တနင်္လာ နေ့ က ရာထူးမှ ဖယ်ရှားခံရသူ များ နှင့် တွေ ဆုံမှု တွင် ၎င်း တို့ မိသားစုများ ပါရှိပြီး ၊ဗိုလ်ချုပ်ကြီး ခင်ညွှန့်  နှင့် အတူ ဒေါက်တာ ဒေါ်ခင်ဝင်း ရွှေ လည်း ပါရှိလာ သည် ဟု သိရသည်။ မြန်မာ စစ်ခေါင်းဆောင်များသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဒေါက်တာ သန်းငြိမ်း အား ရွေးကောက်ပွဲ ၀င်ရန် စည်းရုံး နိုင်ခဲ့သည့်အတွက် လွန်ခဲ့သည့် သုံးလခန့် မှ စ၍ နေအိမ်အကျယ်ချုပ် ဖြင့် ထားရှိခြင်း အမိန့် ထုတ်ပြန် ထားသော် လည်း၎င်း ၏ သွားလာ မှု အချို့ အား မသိကျိုးကျွံ့ ပြုထားသည်။

နေပြည်တော် မှ လာသည့် သတင်းတစ်ရပ် တွင်မှု ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား ဖယ်ရှားစဉ်က ထောင်ဒဏ်ကျခံခဲ့ရသည့်သူ ၏ သား နှစ်ဦး ကို ပြန်လွှတ်ပေးမည် ဟု သတင်းရရှိသည်။ မြန်မာ စစ်ခေါင်းဆောင်သည်
သမ္မတ ဟောင်း ဦးနေ၀င်း ၏ သားမက် နှင့် မြေးများ ကို လည်း ပြန်လွှတ်ပေးရန် အသင့်ရှိနေသည် ဟု ဆိုသည်။မြန်မာ စစ်အစိုးရသည် ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် နှစ်တစ်ဝက် ကျိုးသည်အထိ မည်သည့်နေ့ ရက် တွင် ကျင်းပမည် ဟု သတင်း ထုတ်ပြန် ခြင်း မပြုလုပ်ခြင်း ကြောင့် ရွေးကောက်ပွဲ ၀င်မည့် သူ များ စိတ်အနှောင့်အယှက် ဖြစ်နေရသည် ဟု သိရသည်။
မူရင်း http://freedomnewsgroup.com/

မြန်မာ့အလှမယ်ရွေးချယ်ပွဲ ၂၀၁၀

> က) အခုအစီအစဉ်ကတော့ ၂၀၁၀ မြန်မာ့ အလှမယ်ရွေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အလှမယ်လေးများကို ဥာဏ်စမ်းမေးခွန်းများ မေးမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ အခုဖြေဆိုမယ့် အလှည့်ကျသူကတော့ ရှားရှားပါးပါး တယောက်တည်း ဝင်ပြိုင်ပြီး ပြိုင်ဘက်မရှိ နံပါတ် ၁ ပြေးနေတဲ့ အလှမယ်လေး ဆည်းဆာဝါဝါ ဖြစ်ပါတယ်၊ ညီမလေးက စိတ်အရမ်းကို လှုပ်ရှားနေတယ် ထင်တယ်....မျက်နှာက ငိုမလို ရယ်မလိုနဲ့။

> ခ) စိတ်လှုပ်ရှားတာပေါ့ရှင်.. ပြိုင်ဘက်မရှိတဲ့ ပွဲတွေမှာတောင် ရှုံးသွားရင် မရှိတဲ့အရှက် ကွဲရချည်ရဲ့။

> က) ကဲ.. ညီမလေးရေ ပထမမေးမယ့် မေးခွန်းလေးကတော့ မြန်မာနို်င်ငံမှာ အမြဲတမ်း စိမ်းလန်းနေတဲ့ အရာပာာ ဘာလဲ၊ ဘာကြောင့်လည်း ဆိုတာဖြေပါ။

> ခ) မြန်မာနိုင်ငံမှာ အမြဲတမ်း အစိမ်းလန်းဆုံး ဖြစ်နေတဲ့ အရာကတော့ စစ်တပ်ရဲ့ ယူနီဖောင်းပဲ ဖြစ်ပါတယ်ရှင်။ ဘာလို့လည်းဆိုတော့ သစ်ပင်တွေတောင် အမြဲတမ်း မစိမ်းနိုင်ပါဘူး။ ဒါပေမယ့် စစ်တပ်ကတော့ ပိာုး...လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်ကနေ အခုထိ အာဏာ တည်မြဲနေပြီး စိမ်းနေတဲ့ စစ်ယူနီဖောင်းတွေက လျော့ဖို့မရှိပဲ တိုးတိုးလာလို့ပဲ ဖြစ်ပါတယ်။

> က) ပာုတ်ပါပြီ... ဒုတိယမေးခွန်းကတော့ ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံး တိရစ္ဆာန်ကို ပြောပြပေးပါ။

> ခ) ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံး တိရစ္ဆာန်တော့ မသိပါဘူးရှင်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အမြင့်မြတ်ဆုံး တိရစ္ဆာန်ကတော့ ဆင်ဖြူတော်ပဲ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ခေတ်အဆက်ဆက်မှာ ဆင်ဖြူတော်ပိုင်တဲ့ ဘုရင်တွေပာာ ဘုန်းတန်ခိုးကြီးပြီး ရန်အပေါင်းကို အောင်နိုင်စေတယ်လို့ အယူရှိပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း မရှိတဲ့ ဘုန်းတန်းခိုး ကြီးချင်တဲ့အတွက် ဆင်ဖြူတော်အမှတ်နဲ့ ရှိတဲ့လေယာဉ် ၂ စီးကို ဆေးဖြူသုတ် ဆင်ဖြူတော်လို့ အမည်ပေးပြီး စီးနေလို့ပါပဲ။

> က) ပာုတ်ကဲ့ပါ .. တတိယမေးခွန်းကတော့ တိုးတက်မှု တခုကြောင့် ဖြစ်ပေါ်လာတဲ့ ဆုတ်ယုတ်ပျက်စိးမှုအခြေအနေတွေကို ဖြေပေးပါ။
> ခ) ဒါကတော့လွယ်ပါတယ်ရှင်... စစ်သားဦးရေ တိုးတက်မှုကြောင့် ပြည်သူတွေ ပိုပြီး ဒုက္ခ ရောက်ကြရပါတယ်။ ဘာလို့လည်းဆိုတော့ စစ်တပ်က အုပ်ချုပ်နေတဲ့ ကာလတလျှောက်လုံး စစ်တပ်က ပြည်သူတွေကို မကာကွယ်ပဲ ပြည်သူတွေဆီကနေ အမြတ်ထုတ်နေရုံမက မုဒိန်းကျင့်၊ ခိုးဆိုး၊ လုယက်၊ သတ်ဖြတ် စတဲ့ အကြမ်းဖက်မှု

>ူ့များစွာကိုလည်း ကျူးလွန်နေပါတယ်။ ဒါကြောင့် တဖြည်းဖြည်း ကြီးမားလာတဲ့ စစ်တပ်အင်အားနဲ့အတူ ပြန်သူတွေပာာ ပိုပိုပြီး ဒုက္ခတွင်း နက်နေပါတယ်ရှင်။
> က) နောက်ဆုံးမေးခွန်းကတော့ ... ဘဝတသက်တာမှာ မမေ့နိုင်တဲ့ ထူးဆန်းတဲ့ အကြောင်းအရာကို ဖော်ပြပေးပါ။

> ခ) ကျွန်မတသက်မှာ အထူးဆန်းဆုံးနဲ့ အံ့သြစရာ အကောင်းဆုံးကတော့ မြန်မာနိုင်ငံရဲ့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်ရှင်။ ဘာလို့လည်းဆိုတော့ အခု ကျွန်မအသက် ၂၀ ပြည့်တဲ့အထိ နေကြတ်တာကိုတောင် ၂ ခါ ၃ ခါ ကြုံဘူးပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ဆိုတာကိုတော့ ကျွန်မ ဘဝတလျှောက် တခါမှကို မကြားဖူးခဲ့ပါဘူးရှင်။ ဒီတခါ ပထမဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မအတွက် အရမ်းအရမ်းကို ထုူးဆန်း အံ့သြစရာ ကောင်းနေပါတယ်။
က) ၂၀၁၀ ရဲ့ မြန်မာ့အလှမယ်သရဖူကို ပြိုင်ဘက်မရှိ ရသွားသူကတော့ မ......... ဆည်းဆာဝါဝါပဲ ဖြစ်ပါတယ်ရှင်။ ဒါ့အပြင် သူ့ရဲ့အဖြေတွေက အရမ်းကို မှန်လွန်းတဲ့အတွက် အထူးဆုအနေနဲ့ စစ်အစိုးရက အင်းစိန်ထောင်အတွင်း ရက်အကန့်အသတ်မရှိ လည်ပတ်နေထိုင်ခွင့်ကို ထပ်လောင်း ချီးမြှင့်လိုက်ပါတယ်ရှင်။
phyoe


Mail from Aye nandar

Monday, June 28, 2010

နာဂစ်ဒဏ်သင့် လူထုအတွက် စီမံကိန်း ၃ ခု လွှဲပြောင်းပေး
(ဓာတ်ပုံ AP)အကူအညီလိုအပ်ဆဲ နာဂစ်မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များ။ မေ ၂၀၊ ၂၀၀၈။

TCG ခေါ် ကုလသမဂ္ဂ၊ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) နဲ့မြန်မာစစ်အစိုးရတို့ပါဝင်ဖွဲ့စည်းထားတဲ့သုံးပွင့်ဆိုင်အဖွဲ့က ကမကထပြု ဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသက ပြန်လည်ထူထောင်ရေး စီမံကိန်း ၃ ခုကို ဒီကနေ့မှာ အာဆီယံအဖွဲ့ကနေ ဒေသခံ တာဝန်ရှိသူတွေရဲ့ လက်ထဲ ပြန်လည် လွှဲပြောင်းလိုက်ပါတယ်။
အဲဒီလို လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို အာဆီယံအသင်းရဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Dato’MisranKarmainက ကြီးမှူးပြီး ဒီနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ကြောင်း အာဆီယံက သတင်းထုတ်ပြန်ခဲ့ပါတယ်။

TCG အဖွဲ့ကနေပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလနဲ့ ၂၀၁၀ ဇွန်လအတွင်းမှာ ကွမ်းခြံကုန်း၊ ကော့မှူး၊ လပွတ္တာနဲ့ ဖျာပုံမြို့နယ်တွေမှာ နေထိုင်ကြတဲ့ အိမ်ထောင်စုဦးရေ အနည်းဆုံး ၅,၀၀၀ တို့ရဲ့ ဘ၀ ပြန်လည်ထူထောင်ရေး၊ သောက်သုံးရေ ရရှိရေးနဲ့ တကိုယ်ရေ ကျန်းမာရေးဆိုင်ရာ စီမံကိန်း ၃ ခုမှာ ကမကထပြု ဆောင်ရွက်ပေးခဲ့တာကို ဒေသခံ တာဝန်ရှိသူတွေလက်ထဲ တာဝန်လွှဲပြောင်းပေးခဲ့တာ ဖြစ်ကြောင်း ဒီနေ့ထုတ်ပြန်တဲ့ အာဆီယံရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားတာပါ။

ခုလို လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားနဲ့အတူ တံတားသစ်တခုကို ဖွင့်လှစ်လိုက်ပြီး TCGက စီမံကွပ်ကဲခဲ့တဲ့ စက်လှေတွေ၊ ရေတိုင်ကီတွေ၊ အ၀ီစိတွင်းတွေ၊ ဆန်စက်တွေကိုလည်း ကွမ်းခြံကုန်း ဒေသခံတွေလက်ထဲ အပ်နှံခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ အာဆီယံ၊ မြန်မာစစ်အစိုးရနဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ အာဆီယံရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

လာမယ့် ဇူလိုင်လ အကုန်မှာတော့ TCG အနေနဲ့ နာဂစ် မုန်တိုင်းဒဏ်သင့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ကမကထပြု ဆောင်ရွက်ပေးနေတာတွေ အားလုံး အဆုံးသတ်ရတော့မှာ ဖြစ်ပါတယ်။
မူရင်း ဗွီအိုအေ

Saturday, June 26, 2010

ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ရေး စက်မှုထိပ်သီးတွေတိုက်တွန်း
(ဓာတ်ပုံ AP)စက်မှု ၈ နိုင်ငံခေါင်းဆောင်တွေ ကနေဒါနိုင်ငံ Muskoka အပန်းဖြေစခန်းမှာ ဇွန်လ ၂၆ ရက်နေ့က စည်းဝေးကြစဉ်
G-8 စက်မှု နိုင်ငံခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပရေးနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ တိုက်တွန်းလိုက်ကြပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန် ဆုံး လွှတ်ပေးပါလို့ မနေ့က စနေနေ့ကကျင်းပပြီးစီးခဲ့တဲ့ စက်မှု ၈ နိုင်ငံ G-8 ထိပ်သီးညီလာခံမှာ ခေါင်းဆောင် တွေက တိုက် တွန်းတောင်းဆိုလိုက်ကြတာပါ။ စစ်အစိုးရ အနေနဲ့ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေနဲ့ ကျယ်ကျယ် ပြန့်ပြန့် ထိတွေ့ ဆက်ဆံပြီး အနှစ်သာရပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှု တွေလုပ်ကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။

တောင်ကိုရီးယားရေတပ် ချုံနမ်စစ်သင်္ဘောကို မြောက်ကိုရီးယားက နှစ်မြုပ်ခဲ့တာကို ပြစ်တင်ရှုတ်ချတာကအစ အီရန်က လူ့အခွင့်အရေးလေးစားလိုက်နာရေးနဲ့ တရားဥပဒေစိုးမိုးရေးအဆုံး စက်မှုထိပ်သီးတွေကတောင်းဆိုလိုက်ကြပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မြောက်ဘက် Muskoka အပန်းဖြေစခန်းမှာ ကျင်းပခဲ့တဲ့ စက်မှု ၈ နိုင်ငံထိပ်သီးညီလာခံ ဆုံးဖြတ်ချက်မူကြမ်းမှာ ဖေါ်ပြထားတာဖြစ်ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေဟာ သူတို့ရဲ့ရည်ရွယ်ချက်ကို နားလည်ခံယူထားတဲ့အတိုင်း အခြေခံကျကျ ပိုပြီး စည်းလုံး ညီညွတ်စွာနဲ့ ဆွေးနွေး နိုင်ခဲ့ကြတဲ့ ဒီလိုအစည်းအဝေးမျိုးကို သူဘယ်တုံးက မှ မတက်ရောက်ခဲ့ဘူးကြောင်း အိမ်ရှင် ကနေဒါဝန်ကြီးချုပ် StephenHarperကပြောပါတယ်။ ဒီစည်းလုံးညီညွတ်မှု စိတ်ဓါတ်ကို စနေနေ့ညနေပိုင်းမှာ စတင်မယ့် G-20စက်မှုနိုင်ငံ ၂၀ ထိပ်သီးညီလာခံကို သယ်ဆောင် သွားစေလိုတယ်လို့ Mr. Harper ကအလေးအနက်ပြောဆိုလိုက်ပါတယ်။

---------------------------------------------------------------------------------------------------------
နိုင်ငံရေးပါတီများ ခွဲခြား ကန့်သတ်ခံရ
ဇွန်လ ၂၆ ~ ဇူလိုင် ၀၃ ရက်နေ့ အစီအစဉ်မှာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေးပါတီများအနေနဲ့ စစ်အစိုးရကန့်သတ်ချက်များကို ရင်ဆိုင်နေရတဲ့အကြောင်း ပြည်တွင်းနိုင်ငံရေးပါတီ ခေါင်းဆောင်များရဲ့  ပြောဆိုချက်သတင်း။ စစ်အစိုးရ နျူကလီးယားထုတ်လုပ်ရေး ကြိုးပမ်းလုပ်ကိုင်နေတဲ့အကြောင်း အနုမြူစွမ်းအင်အေဂျင်စီ (Association of International Education Administrators-AIEA)အရာရှိဟောင်းတဦးရဲ့ရှင်းလင်းပြောဆိုချက်သတင်း။မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (UnitedNations Office on Drugs and Crime -UNODC)ပြောဆိုတင်ပြချက်သတင်း။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ရဲ့  မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသမားများ အခြေအနေ တင်ပြထားတဲ့ နယူးရော့ခ်မြို့  အနုပညာပြပွဲအကြောင်း။ ဘန်ကောက်မြို့ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ထိုင်းအနီဝတ်အုပ်စု ဆန္ဒပြပွဲခေါင်းဆောင် ဗိုလ်ချုပ် ခတ္တီရာ (Gen. Khattiya Sawasdiphol) ဇာပန အခမ်းအနားသတင်း။ တရုတ်ပြည် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမှု ဖြစ်ပေါ်နေတဲ့ သတင်း။ တောင်ကိုရီးယား နဲ့ ဂျပန် တက်ကြွသူများရဲ့  မြောက်ကိုရီးယားဆန့်ကျင်ရေး နိုင်ငံရေးဝါဒဖြန့် လုပ်ကိုင်နေမှု။ အမေရိကန်နိုင်ငံ အာဖဂန် ထိပ်တန်း စစ်ရေးဗျူဟာမှုး Gen. Stanley McCrystal တာဝန်မှ နုတ်ထွက်မှုသတင်း စတဲ့ မြန်မာ နဲ့ နိုင်ငံတကာ သတင်း နဲ့ ဆောင်းပါးများကို ဒီတပတ် ဇွန်လ နောက်ဆုံးပတ် တီဗွီမဂ္ဂဇင်း အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ-တီဗွီသတင်း
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
ဓာတ်ပုံမော်ဒယ်လ် ဖြစ်ချင်တဲ့ ဟန်နီဦး
ဟန်နီဦး၏ အနုပညာ အမည်မှာ Hazel Moe ဖြစ်ပြီး လန်ဒန်တွင် Business Accounting ဘာသာရပ် သင်ယူလျက် ရှိသည်။ ငယ်စဉ် ကတည်းက ဓာတ်ပုံ ရိုက်ခြင်း၊ မော်ဒယ်လ် သရုပ်ဆောင်ခြင်း များကို ဝါသနာပါ၍ ရန်ကုန် အခြေစိုက် Talent & Model အေဂျင်စီတွင် ကလေး မော်ဒယ်လ် အဖြစ် ရှိုးပေါင်း ၂၀ ကျော် လျှောက်ခဲ့ ဖူးသည်။ ယခုလက်ရှိ လန်ဒန်တွင် အေဂျင်စီများနှင့် ချိတ်ဆက်ကာ ဓာတ်ပုံမော်ဒယ်လ်အဖြစ် ကြိုးစား လုပ်ကိုင်လျှက်ရှိသည်။ ဟန်နီဦး၏ ရေကူးဝတ်စုံကြော်ငြာ ဓာတ်ပုံများမှာ အင်တာနက်ပေါ်တွင် ပျံ့နှံ့လျက်ရှိပြီး လူပြောများနေသောကြောင့် ဧရာဝတီ သတင်းထောက် နရီလင်းလက်က မေးမြန်း ထားပါသည်။
မေး။ ။ လန်ဒန် ရောက်ပြီးမှ ပထမဆုံး ဓာတ်ပုံ စရိုက်ဖြစ်တဲ့ အကြောင်း ပြောပြ ပေးပါဦး။
ဖြေ။ ။ ညီမ လန်ဒန် စရောက်တဲ့ အချိန်က အသက် ၁၆ နှစ်ပဲ ရှိသေးတယ်။ ညီမနဲ့ သိတဲ့ အစ်ကိုကြီး တစ်ယောက်က University မှာ ဓာတ်ပုံနဲ့ ပတ်သက်တဲ့ မာစတာတန်း တက်နေတာ။ သူ့ ပရောဂျက် အတွက် ဓာတ်ပုံ ရိုက်ဖို့ မော်ဒယ်လ် လိုက်ရှာ နေတယ် ဆိုပြီး အကူအညီ တောင်းတာနဲ့ ကိုယ်ကလည်း မြန်မာ ပြည်မှာ တုန်းက နည်းနည်း ပါးပါး လုပ်ခဲ့ဖူးတဲ့ အတွေ့ အကြုံလည်း ရှိတယ်၊ ၀ါသနာလည်း ပါတော့ ကူညီပေးမယ် ဆိုပြီး စရိုက် ဖြစ်ခဲ့ပါတယ်။ အဲဒါ ပထမဦးဆုံးပေါ့။
မေး။ ။ စသရုပ်ဆောင်ချိန် တုန်းက ဘယ်လို အခက်အခဲ ရှိခဲ့လဲ။
ဖြေ။ ။ ကိုယ်က ၀ါသနာ ပါလို့လား မသိဘူး။ ကင်မရာရှေ့ ရောက်တာနဲ့ အိုက်တင်က အလိုလို လုပ်ပြီးသား ဖြစ်နေတာ။
မေး။ ။ အဲဒီတုန်းကရော စိတ်လှုပ်ရှားမှုရှိခဲ့လား။
ဖြေ။ ။ အဲဒီ တုန်းကတော့ ဒီအတိုင်းပဲ၊ ကိုယ်ဒီလောက် အထိ ဖြစ်လာမယ် လို့လည်း ထင်မထားဘူး။ အပျော်လေးနဲ့ပဲ။ ကိုယ်ကလည်း ၀ါသနာ ပါတယ်၊ ၀ါသနာပါတော့ ကင်မရာရှေ့ ရောက်ရင်ပဲ ပျော်နေတယ်လေ။ အဲဒီ အစ်ကိုကြီးနဲ့ တင်ပဲ သုံးခေါက်လောက် ရိုက်ဖြစ်တယ်။ မော်ဒယ်လ် ၀က်ဘ်ဆိုက် တွေမှာ ဓာတ်ပုံ ဆရာအနေနဲ့ အလုပ်လုပ်နေတဲ့ မြန်မာ အစ်ကိုကြီး တယောက်နဲ့ ထပ်ရိုက်ဖြစ်ခဲ့သေးတယ်။ သူကနေပြီး မော်ဒယ်လ်ဝက်ဘ်ဆိုက်တွေ ရှိတယ်၊ ပိုက်ဆံလည်းမပေးရဘူး၊ ကိုယ့်ဓာတ်ပုံတွေ တင်ကြည့်၊ ဒီအတိုင်းနေတာထက် စာရင် အဆက်အသွယ်တွေ ပိုရနိုင်လာတယ်ဆိုပြီး မော်ဒယ်လ်ဝက်ဘ်ဆိုက် တွေမှာလည်း တင်ဖြစ်ခဲ့ပါတယ်။ ၀က်ဘ်ဆိုက်ကနေ တဆင့် ဒီမှာ ရှိတဲ့ ဓာတ်ပုံဆရာတွေ၊ မိတ်ကပ် ဆရာတွေ၊ နောက် အေဂျင်စီတွေနဲ့ အဆက်အသွယ် ရလာတာပါ။

မေး။ ။ အဲဒီလို တင်လိုက် ပြီးတဲ့ နောက်မှာ ပိုပြီးတော့ လူသိများလာတယ်လို့ ပြောလို့ ရနိုင်မလား။
ဖြေ။ ။ လူသိများတယ်လို့ ညီမထင်တာကတော့ ... ကမ်းခြေမှာ ရေကူးဝတ်စုံနဲ့ ရိုက်တာကို လူက တော်တော်ကို အသိများသွားတယ်လို့ ညီမက ထင်တယ်။
မေး။ ။ အဲဒီလို ရေကူးဝတ်စုံမျိုးတွေနဲ့ ရိုက်တဲ့ အခါမှာ ဟန်နီဦး အနေနဲ့ ဘယ်လို စိတ်ခံစားမှုဖြစ်လဲ။ တော်တော်ကြိုးစား ခဲ့ရတာရှိလား။
ဖြေ။ ။ အဲဒီတုန်းက ညီမတို့ ဆီမှာ အပူချိန်က ၇ ဒီဂရီ၊ ၈ ဒီဂရီ ဆိုတော့ ရေဆိုတာလည်း အရမ်းခဲနေတာ။ နွေရာသီ ၀င်ခါစ ဆိုတော့ ပထမအပတ်မှာတော့ နေပူတယ်ဆိုပြီး နောက်တပတ် ရိုက်ဖို့ချိန်းလိုက်တယ်။ ညီမက လန်ဒန်မှာ နေတယ်ဆိုတော့ အဲဒီကို သွားရတာလည်း နှစ်နာရီ၊ သုံးနာရီလောက် ကားစီးရတယ်လေ။ ညီမကလည်း ဒီမှာ လုပ်ရမယ့် ဟာတွေက အချိန်ဇယား အပြည့်ဆိုတော့ မရ … ရတဲ့ ရက်ကလေးကို ရွေးပြီးတော့ အဲဒီနေ့ကတော့ မိုးမရွာလောက်ဘူး ထင်ပါတယ် ဆိုပြီး သွားတာ မိုးတော့မရွာဘူး၊ ဒါပေမယ့် နေလည်း မပူဘူး အရမ်းကိုအေးတယ်။ ဒါပေမယ့် ကိုယ်က အလုပ်လုပ်နေရတာလေ။ အရမ်းအေးတယ် ဆိုတဲ့ ဆင်ခြေပေးပြီး ကိုယ်က ပြန်သွားဖို့လည်း ညီမက အဲဒီလို မလုပ်တတ်ပါဘူး။ ညီမ တတ်နိုင်သလောက် ကြိုးစားတယ်။ ညီမ မျက်နှာမှာ လုံးဝ အေးတယ်ဆိုတာကို မပေါ်အောင်လို့ တတ်နိုင်သမျှ သရုပ်ဆောင်ခဲ့ပါတယ်။

မေး။ ။ ဒီပုံမှာ သရုပ်ဆောင်ထားတာ အရမ်းပီပြင်တော့ ဒီအတွက်ရော ကြိုတင်လေ့ကျင့်ထားတာတွေ ရှိခဲ့လား။

ဖြေ။ ။ ညီမကတော့ ကတ်တလောက်တွေ အရမ်းကြည့်တယ်။ ဓာတ်ပုံတွေ၊ မဂ္ဂဇင်းတွေ တော်တော်များများ ဖတ်တယ်။ ပို့စ်အဆန်းလေးတွေ တွေ့ရင်လည်း မှန်ရှေ့မှာ လုပ်ကြည့်တယ်။ နောက်ပြီး ကင်မရာရှေ့ ရောက်ရင် အလိုလိုနေရင်းနဲ့ကို ဘာလေးလုပ်မယ်၊ ညာလေးလုပ်မယ် ပေါ့နော်။ ဒါကလည်း ညီမ တယောက်တည်း မဟုတ်ပါဘူး။ ညီမလည်း ဓာတ်ပုံတချို့ ရိုက်ဖူးတယ်ဆိုတော့ တခါတလေ အဲဒီလို ဓာတ်ပုံဆရာနဲ့ မော်ဒယ်လ်နဲ့ အဲဒီလိုမျိုး ဆက်သွယ်မှု မရှိတဲ့ အခါကျ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား မကောင်းတတ်ပါဘူး။ ကမ်းခြေမှာ မိန်ကလေး တယောက် ရေဆော့မယ်၊ ဒီအတိုင်း အဲဒီ ပုံစံ လေးနဲ့ အဲဒီလို ပက်လက်လှဲပြီး အနေထားကျတော့ နည်းနည်း ပြုံးလိုက် ရယ်လိုက်မယ် ဆိုရင် သဘာဝ သိပ်မကျ ဖြစ်တာပေါ့။ တခုခု စိတ်သွင်းပြီးတော့ အဲဒီ ကင်မရာကို စိုက်ပြီး အဲဒီလိုမျိုး ကြည့်လိုက်မယ်၊ နောက် မျက်လုံး အနေအထားကို ကြည့်မယ်ဆိုရင် စူးရှပြီးနေမယ်၊ ကိုယ့် attraction လေး ရှိအောင် ပေါ့နော်။ အဲဒီလိုပဲ ရိုက်လိုက်တယ်။ နောက် ထွက်လာမှ ပုံလေးက တော်တော် ကောင်းသွားတာ။

မေး။ ။ ယဉ်ကျေးမှု ဆိုပြီး ဦးစားပေးတဲ့ မြန်မာပြည်လို နိုင်ငံမှာ ဒီလိုဓာတ်ပုံရိုက်ခွင့်ရမယ်ဆို ရိုက်လိုက်တဲ့ မော်ဒယ်အပေါ်မှာ ဘယ်လို အမြင်မျိုးရှိသွားစေနိုင်လဲ။

ဖြေ။ ။ မြန်မာပြည်မှာတော့ ရိုက်ခွင့် ရ မရတော့ မသိဘူး။ မြန်မာပြည်မှာ ရှိတဲ့ မင်းသမီး တယောက် အနေနဲ့ အဲဒီလို ရိုက်လိုက်ပြီ ဆိုရင် သူတို့ အတွက် မကောင်းတဲ့ အရိပ်ထိုးသွားနိုင်မလားလို့ ညီမ ထင်တယ်။ ဒီမြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူ အများစုက ကိုယ့်မြန်မာနိုင်ငံကို တိုးတက်ချင်ကြတယ်လေ။ ဥပမာ - ယိုးဒယားတို့၊ ကိုရီးယားတို့၊ တရုတ်တို့ကိုပဲကြည့်၊ သူတို့လည်း လွန်ခဲ့တဲ့ တချိန်တုန်းက ညီမတို့လိုပဲ ယဉ်ကျေးမှုကြောင့် ၀တ်စုံတွေ ၀တ်တယ်။ ဒါပေမယ့် အခုအချိန်မှာ သူတို့ အောင်မြင်တိုးတက် သွားကြတယ်။ သူတို့မှာ ဒါတွေ ကျန်လားဆိုတော့ မကျန်တော့ ဘူးပေါ့နော်။ ဒါတွေကို သူတို့ ယဉ်ကျေးမှု အနေနဲ့ တချိန်တုန်းက သူတို့ မိန်ကလေး တယောက်အနေနဲ့ ဒီလိုမျိုး မရှိခဲ့ဘူး။ ဒါပေမယ့် ဒါက ခေတ်နဲ့ အညီ ကိုယ်က ပြောင်းတာလေ။ ကိုယ့် နိုင်ငံကြီးပဲ တိုးတက်ပြီးတော့ ၀တ်စုံက ဒါကြီးတွေပဲ ၀တ်ပြီးတော့ ဒီလိုကြီးပဲ နေနေလို့ ဖြစ်ပါ့မလား။ အဲဒီလို နိုင်ငံမျိုးလည်း မရှိဘူးလို့ ညီမ ထင်တယ်။
နောက်ပြီးဒီမှာ ဓာတ်ပုံ တပုံ ရဖို့ ဒေါ်လာဆိုလည်း သိန်းနဲ့ ချီပြီး ကုန်ကြတယ်။ မြန်မာနိုင်ငံမှာ ကျတော့ အဲဒီလောက်အထိ သုံးနိုင်တဲ့ ငွေပမာဏလည်းမရှိဘူးထင်တယ်။

နောက် တခုက အနေအထား မျိုးစုံ ရှိတယ်လေ။ ဒီနိုင်ငံမှာ မော်ဒယ်လ် အမျိုးအစား ပေါင်းစုံရှိတယ်။ play boy မော်ဒယ်လ် လိုမျိုး၊ ရည်ရွယ်ချက် မျိုးနဲ့ ရိုက်တာ မဟုတ်ဘူး။ ရေကူးကန်မှာ သဘာဝ အတိုင်း ရေကူးတယ် ဆိုတဲ့ သဘောမျိုး ပါအောင် သရုပ် ဆောင်တယ်။ အဲဒီလို သဘောမျိုး ရိုက်တာပါ။ မြန်မာ အများစု ကတော့ မြန်မာ နိုင်ငံမှာ မျက်စိပိတ်၊ နားပိတ်ဆိုတော့ အမြင်ကျဉ်းကြတော့ တမျိုးမြင် ကြတာပေါ့။ ညီမကိုလည်း အီးမေးလ်တွေ ဘာတွေ လာကြ၊ ညီမ ပုံတွေ ကိုလည်း ဝေဖန်ကြပါတယ်။
ကိုယ်လည်း တချိန်တုန်းက အဲဒီလို အမြင်ကျဉ်းတဲ့ နေရာမှာ နေခဲ့ရတော့ ကမ္ဘာကြီးနဲ့ အဆက် အသွယ် ပြတ်နေတယ်။ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာလည်း မသိဘူး။ ဒီလိုပဲ သဘောထား လိုက်တယ်။ တချို့တွေလည်း နိုင်ငံ အသီးသီး ရောက်ပြီး မျက်စိပွင့်၊ နားပွင့် လာကြပြီး ဒါကို လက်ခံလာ နိုင်တယ်ပေါ့နော်။ ကိုယ်က မြန်မာ့ ယဉ်ကျေးမှု ဆုတ်ယုတ်အောင် ဘာမှ လုပ်နေ တာလည်း မဟုတ်ဘူးလေ။

မေး။ ။ အဲဒီနေ့က ၀တ်စုံ ဘယ်နှစုံနဲ့ ရိုက်တာလဲ။

ဖြေ။ ။ ၄ စုံ ရိုက်တယ်။ အဲဒါရိုက်နေတုန်းက ကမ်းခြေ တခုလုံးမှာ ရေကူးဝတ်စုံနဲ့ ဆိုလို့ ညီမတယောက်ပဲ ရှိတယ်။ အကုန်လုံး က ၀ိုင်းကြည့်နေကြတယ်။ ဟယ် ...မအေးဘူးလားဆိုပြီး ပေါ့နော်။ ဒါပေမယ့်လည်း အဆင်ပြေသွားပါတယ်။ အဲဒီနေ့ကတော့ မနက်ကနေ ညနေအထိပဲ တနေကုန်တယ်။

မေး။ ။ အဲဒါက ဘယ်ကမ်းခြေမှာလဲ။

ဖြေ။ ။ အဲဒါက BOUNE MOUTH ကမ်းခြေ မှာပါ။ သူက လန်ဒန်ကနေတဆင့် ထပ်သွားရတဲ့နေရာမှာ ရှိပါတယ်။ မြန်မာပြည် အနေနဲ့ ပြောရင်တော့ ရခိုင်ဘက်အခြမ်းလိုနေရာပေါ့။ အဲဒီတုန်းက ဓာတ်ပုံတွေ ကြည့်ကောင်းတယ်ဆိုတာ ညီမတယောက် တည်းကြောင့် မဟုတ်ပါဘူး။ ဓာတ်ပုံ ဆရာတွေရော၊ အကုန်လုံးကြိုးစားကြလို့ပါ။

မေး။ ။ ရေကူးဝတ်စုံကြော်ငြာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုဝေဖန်ကြသူတွေ အများကြီးရှိတယ်ဆိုတော့ ဒီလို ဝေဖန်ချက်တွေ အပေါ်မှာရော ဟန်နီဦးအနေနဲ့ ဘယ်လိုသဘောထားပြီးနေဖို့ စဉ်းစားထားလဲ။

ဖြေ။ ။ ဝေဖန်ခံရတာတော့ အနုပညာသမားတိုင်းပါပဲ။ အောင်မြင်တဲ့ သူရော၊ မအောင်မြင်တဲ့ သူရော။ ချီးမွမ်းတာလည်း ရှိသလို ကဲ့ရဲ့တာလည်းရှိတယ်လေ။ ညီမ ကြားဖူးတာက ချီးမွမ်း မခံရတဲ့ လူရှိတယ်တဲ့၊ ဒါပေမယ့် ကဲ့ရဲ့ မခံရတဲ့လူ မရှိဘူးတဲ့။

မေး။ ။ မြန်မာပြည်က မော်ဒယ်လ် တွေရဲ့ အနေအထားနဲ့ နိုင်ငံတကာက မော်ဒယ်လ်တွေရဲ့ အနေအထား ဘယ်နေရာတွေမှာ ကွာခြားမှုရှိတယ်လို့ မြင်မိလဲ။

ဖြေ။ ။ ပြည်တွင်းမှာ လုပ်ခဲ့ တုန်းကတော့ ညီမ အရမ်းငယ်သေးတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ညီမက ပြည်တွင်း လောကကို သေသေချာချာမသိပါဘူး။ ဒါပေမယ့် ညီမ သိသလောက် ပြောမယ်ဆိုလို့ ရှိရင်တော့ ဥပမာ - မြန်မာပြည်က မော်ဒယ်လ် တယောက်က မင်းသမီးလည်း လုပ်တယ်၊ သီချင်းလည်းဆိုတယ်၊ ကြော်ငြာလည်း ရိုက်တယ်။ အဲဒီလို အစုံပေါ့နော်၊ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာပြည်မှာ ရှိနေတဲ့ ဈေးကွက်က ကျဉ်းတာကိုး ဒီမှာက မော်ဒယ်လ် တယောက်ဆိုတာ ဥပမာ - သူခြေထောက်လှရင် ခြေထောက်မော်ဒယ်လ်၊ သူ့ခြေထောက်ကို သူ အာမခံ ထားမယ်။ လာသမျှ ဖိနပ်တွေ ရိုက်မယ်ဆို ခြေထောက် မော်ဒယ်လ် ပေါ့နော်။ ဒါပေမယ့် များသောအားဖြင့် ဖက်ရှင် မော်ဒယ်လ် ဆိုလို့ ရှိရင် အေဂျင်စီတွေနဲ့ ဟောင်ကောင် သွားပြီးတော့ ဓာတ်ပုံရိုက်တာရှိတယ်။ ဒီနိုင်ငံတွေမှာက ဈေးကွက် နယ်မြေက အရမ်းကြီးတော့ လုပ်ရတာ အဆင်ပြေတယ်။ မြန်မာပြည်မှာက ဈေးကွက်နယ်မြေ အရမ်းကျဉ်းတော့ ကိုယ်တယောက်တည်းနဲ့ အစုံလုပ်ရတာပေါ့။ Kate Mossဆိုရင် သူ ရုပ်ရှင် မရိုက်ဘူး၊ သူ မော်ဒယ်လ်ဆို မော်ဒယ်လ်ပဲလုပ်တယ်။ ဒီမှာက နယ်ပယ်အရမ်းကျယ်တော့ ကိုယ့်မှာပါလာတဲ့ စွမ်းရည်နဲ့ အံဝင်ခွင်ကျလေး ဖြစ်အောင် သုံးလို့ရတယ်။နောက်ပြီးတော့ မြန်မာနိုင်ငံမှာ ဆိုရင် ကိုယ်က ဘယ်လောက်ကြီးပဲ ချောချော နိုင်ငံခြားကို သွားပြီးတော့ အလုပ်လုပ်မယ်ဆိုရင် မြန်မာဆိုတာနဲ့ ခက်ခဲတယ်။ မြန်မာပတ်စ်ပို့စ်က သိတဲ့အတိုင်းပဲ။ အဲဒီလိုတွေ အရမ်းကွာခြားတယ်လို့ ညီမ ထင်ပါတယ်။ နောက်တခုက မော်ဒယ်အလုပ်ကို ကိုယ်က အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ရွေးချယ်ပြီဆိုတာနဲ့ ကြော်ငြာတွေ များများ ရိုက်ရမှဖြစ်မယ်လေ။ မြန်မာပြည်မှာက မော်ဒယ်လ် ရှိုးချည်းပဲ သွားပြီး အားကိုးလို့မရဘူး၊ ဓာတ်ပုံချည်းပဲ ရိုက်မယ်ဆိုရင်လည်း ကိုယ်က ဘာမှ ဖြစ်မလာဘူးလေ။ အဲဒီတော့ ကိုယ်က ကိုယ့် အသက်မွေးဝမ်းကျောင်းမှု အတွက် သရုပ်ဆောင်တာရော၊ သီချင်း ဆိုတာရော ၊ မော်ဒယ်လ်ရော မျိုးစုံ လုပ်ရတော့မယ်။ အဓိက ကတော့ ဈေးကွက်နယ်ပယ် ကျဉ်းလို့ပါ။
ပြည်ပမှာကတော့ အောင်မြင်နေတဲ့ မော်ဒယ်တယောက်က တနာရီကို ပေါင် တထောင်၊ ဒေါ်လာ နှစ်ထောင် အဲဒီလိုမျိုး ရတယ်ဆိုတော့ သူတို့အတွက် ဓာတ်ပုံ ရိုက်ရတာ ရပ်တည်လို့ရနေပြီ။ သူတို့ ဒီလိုင်းသက်သက်ပဲ သွားတယ်။ အဲဒီလိုမျိုးတွေ ကွာခြားတယ်လို့ ထင်ပါတယ်။

မေး။ ။ ဟန်နီဦး အားကျ အတုယူတဲ့ ပြည်တွင်းပြည်ပ အနုပညာရှင်တွေရှိရင် ပြောပြပေးပါဦး။

ဖြေ။ ။ ပြည်တွင်းမှာ အားကျတဲ့ မော်ဒယ်လ်တွေကတော့ တင်မိုးလွင်၊ သန္တာလှိုင်နဲ့ ပပ၀င်း တို့ပါပဲ။ ပြည်ပမှာ Kate Moss ကိုကြိုက်တယ်။

မေး။ ။ နိုင်ငံရဲ့ ယဉ်ကျေးမှု အရ မော်ဒယ်လ်ဆိုတဲ့ အပေါ်မှာ အမြင်တွေ ကွာနေသေးတာ၊ လက်ခံမှုနည်းသေးတာကို ဟန်နီဦး ဘယ်လို မြင်လဲ။

ဖြေ။ ။ အမြင်ကျဉ်းကြလို့ လက်မခံနိုင်တာလို့ ညီမမြင်တယ်။ ဒါက မဟုတ်တာ၊ မကောင်းတာ လုပ်စားနေတာလည်း မဟုတ်ပါဘူး။ ညီမ ကျင်လည်နေရတာလည်း ဒီနိုင်ငံမှာရှိတဲ့ အဲဒီလို အနုပညာ လောကလည်း ဖြစ်တယ်။ နောက်ပြီးတော့ ၀က်ဘ်ဆိုက်မှာ ဒီဟာက မော်ဒယ်လ် တယောက် အနေနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားကို ပြဖို့ အတွက်ပေါ့နော်။ ညီမ Nude မရိုက်ဘူး။ ဒါပေမယ့် ဒီလိုမျိုး ရေကူးဝတ်စုံကတော့ Mask အနေနဲ့ ကိုယ့်ရဲ့ body structure ပြရတာပါ။ ဘယ်လောက် နှုန်းနဲ့ ပြရမယ် ဆိုတာမျိုး အဲဒီလို သတ်မှတ်ချက်တော့ မရှိပါဘူး။ ဒါပေမယ့် များသော အားဖြင့် ၉၉. ၉ ရာခိုင်နှုန်းလောက်ကတော့ ကိုယ်ခန္ဓာကိုပြရတယ်ပေါ့နော်။ အဲဒီလိုမှပဲ အေဂျင်စီက ကိုယ့်ရဲ့ အခြေအနေကို ကြည့်ပြီး ကိုယ့်ဓာတ်ပုံ၊ ကိုယ့်ခန္ဓာကိုယ် အချိုးအစားကို သိပြီးတော့မှ သူတို့က ဒီမော်ဒယ်လ်နဲ့ အလုပ်အတူတူ တွဲလုပ်၊ မတွဲလုပ်ဖို့ ဆိုတာ သူတို့ ဆုံးဖြတ်ချက် ချရတာပေါ့နော်။

မေး။ ။ နိုင်ငံတကာ အဆင့်ကိုရောက်သွားတဲ့ မြန်မာမော်ဒယ်လ်တွေ အခုချိန်ထိ မရှိသေးတာ ဘာကြောင့်လို့ထင်မိလဲ။

ဖြေ။ ။ ညီမထင်တာကတော့ အဓိက မြန်မာနိုင်ငံကနေပြီးတော့ နိုင်ငံတကာပွဲတွေမှာ ကိုယ်က apply လုပ်လို့ရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကနေပြီး apply လုပ်ရတာ ခက်ခဲမယ်လို့ ညီမထင်တယ်။ ဥပမာ - များသောအားဖြင့် ထိုင်းဆိုရင်လည်း သူတို့ အတွက်က ဘယ်နိုင်ငံသွားသွား ဗီဇာက လွယ်တယ်လေ။ မြန်မာနိုင်ငံသား တယောက် အနေနဲ့က ဗီဇာက ဘယ်လိုရှိမလဲ မသိဘူး။ Unknown reason တချို့ကြောင့် ဗီဇာက ခက်ကြတယ်။ အခုကျတော့ မြန်မာပြည်မှာ အင်တာနက်ကို အများဆုံး သုံးလာကြပါပြီ။ မြန်မာလူမျိုးတွေ ညီမ တွေ့ရပါတယ်။ အရင်ခေတ်တုန်းက အဲဒီလိုမျိုး မသုံးခဲ့ကြတော့ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေလဲဆိုတာ မသိ၊ သုံးခဲ့ ပြန်ရင်လည်း ဟိုက ပိတ်လိုက်၊ ဒီက တားလိုက်နဲ့ အဲဒီလိုမျိုး ကြောင့်လို့လည်း ညီမ ထင်တယ်။ နောက်ပြီးတော့ ဒီမြန်မာနိုင်ငံ အေဂျင်စီတွေ အနေနဲ့လည်း အဲဒီလို world wide ကို ဆက်သွယ်ဖို့ ဘာညာဆိုရင် မြန်မာနိုင်ငံမှာ အခုထိ မက်ဒေါ်နယ်တို့ ဘာတို့တောင် မရှိသေးတဲ့ အခါကျတော့ ... ညီမလည်း အဲဒီလောက်ပဲ နားလည်တယ်။
အဓိက အားဖြင့် ညီမ ထင်တယ် အုပ်ချုပ်မှုပိုင်း ဆိုင်ရာ ပြောင်းလဲမှ အများသော အားဖြင့် ဒီလိုမျိုး ပွင့်လင်း လာမယ်။ လူတွေက ဦးနှောက်ပွင့်၊ နားပွင့်၊ အသိဉာဏ်ပွင့် ဖြစ်လာမယ်။ မြန်မာ နိုင်ငံက မြန်မာ လူမျိုးတွေ တော်ကြပါတယ်။ အများသော အားဖြင့် သူတို့ ကြိုးစား ချင်စိတ် ရှိတယ်။ သူတို့ လူမှုရေး တွေမှာ တော်ကြပါတယ်။ သူတို့ အခွင့် အရေး မရှိကြလို့ပါ။ အခြေ အနေကြောင့် အခွင့်အရေး မရှိတော့ ကြိုးစားဖို့ လမ်းမှ မရှိတာ။ အဲဒါကြောင့်လို့ ညီမ ထင်ပါတယ်။
အခုဆိုရင် ညီမ ကြည့်နေတာ ချမ်းချမ်း ဆိုတဲ့ မော်ဒယ်လ် တယောက် သူဒီနိုင်ငံကို လာရင် တော်တော်ကို အောင်မြင် မယ်လို့ ညီမ မြင်ပါတယ်။ ညီမက အရပ် ၅ ပေ၊ ၄ လက်မပဲ ရှိတယ်။ ဒီမှာ မော်ဒယ်လ် တယောက် ဖြစ်ဖို့က အရပ် ၅ ပေ ၉ လက်မ ကနေ ၅ ပေ ၁၁ လက်မ အတွင်း ရှိမှ ၉၈ ရာခိုင်နှုန်း အောင်မြင်တယ်။ အရပ် ၅ ပေ ၉ လက်မ အောက်နဲ့ ၅ ပေ ၁၁ လက်မ အထက်ရှိတဲ့ မော်ဒယ်လ် တွေက အောင်မြင်ဖို့ အတွက် ၁ ရာခိုင်နှုန်း ပဲရှိတယ်။ ဒါပေမယ့် ညီမ အခုသွားမှာ ကျတော့ ဖက်ရှင် မော်ဒယ်လ် သွားမှာ မဟုတ်ဘူး။ ညီမ အခု သွားမှာက ဓာတ်ပုံ မော်ဒယ်လ်၊ Commercial ပေါ့။ ဒါပေမယ့် ညီမက အဓိက ဒါကြီးကို အသက်မွေး ဝမ်းကျောင်းမှု အနေနဲ့ ဆုံးဖြတ်ချက် ယနေ့တိုင် ချမထားပါဘူး။ ညီမက ၀ါသနာ အရလုပ်တယ်။ ညီမရဲ့ အိပ်မက်က ဘာလဲဆိုတော့ ညီမ နာမည် အရကြီး မဟုတ်ပေမယ့် လူ တော်တော် များများ ညီမကို သိကြမယ် ဆိုတာ လောက်ပဲ။ ညီမ လုပ်ချင်တာကို ထပ်ပြီးတော့ ကြိုးစားသွားမယ်၊ လုပ်သွားမယ်။

တနေ့မှာ ညီမလုပ်ချင်တာက ဘာလဲဆိုတော့ လူမှုရေးအလုပ်တွေ လုပ်ချင်တယ်။ မြန်မာနိုင်ငံနယ်စပ်တွေမှာ ကျောင်းလေးတွေ ဖွင့်ပြီးတော့ ကိုယ့်နာမည်နဲ့ အဲဒီလို လုပ်မယ်။ အဲဒါကတော့ ညီမရဲ့ အိပ်မက်ပါ။ ။
မူရင်း ဧရာဝတီ

Friday, June 25, 2010

တောင်ကိုရီးယားနိုင်ငံမှ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ၆၅နှစ်မြောက် မွေး
နေ့ ဆုတောင်းပွဲတွင် စီစဉ်တင်ဆက်သည့်
မေတ္တာသည်သာ ….. တခန်းရပ်ပြဇာတ်

Sunday, June 20, 2010

မြန်မာ့ဒီမိုကရေစီအင်အားစု(နယ်သာလန်) မှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့်မွေးနေ့ပွဲအခမ်းနားကျင်းပ



Saturday, June 19, 2010

(နယ်သာလန်နိုင်ငံ) "မြန်မာ့ဒီမိုကရေစီအင်အားစု မှ ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ ဂုဏ်ပြုအခမ်းအနား"

Friday, June 18, 2010

Hope your birthday wishes come true soon

Daw Aung San Suu Kyi

DASSK Burma

HAPPY HEALTHY 65th BIRTHDAY DAW AUNG SAN SUU KYI

DASSK

Thursday, June 17, 2010

Birthday Celebration For Aung San Suu Kyi in Singapore


Myanmar Community from Singapore are going to hold a Birthday celebration for Myanmar Democracy Icon, Aung San Suu Kyi on 20 June 2010, at Toa Payah Myanmar Monastery, Singapore. Myanmar Celebrity, Aung San Suu Kyi is turning to 65 years old on 19 June, 2010.

Aung San Suu Kyi is a Burmese opposition politician and was General Secretary of the National League for Democracy. In the 1990 general election, Aung San Suu Kyi was elected Prime Minister, as leader of the winning National League for Democracy party, which won 59% of the vote and 394 of 492 seats. She had, however, already been detained under house arrest before the elections. She has remained under house arrest in Myanmar for almost 14 out of the past 20 years. Aung San Suu Kyi was the recipient of the Rafto Prize and the Sakharov Prize for Freedom of Thought in 1990 and the Nobel Peace Prize in 1991. In 1992 she was awarded the Jawaharlal Nehru Award for International Understanding by the Government of India. Aung San Suu Kyi is the third child and only daughter of Aung San, considered to be father of modern-day Burma.
"How About Tomorrow" Start Filming in Singapore
Director Sin Yaw Mg Mg starts filming his new movie, titled "How About Tomorrow", in Singapore from June 16, 2010. In this film, Nay Toe and Moe Yu San are starring as the main characters.

စင်ကာပူမှာ ရိုက်ကူးတဲ့ မနက်ဖြန်အစီအစဉ်
စင်ရော်မောင်မောင် ရိုက်ကူးတဲ့ မနက်ဖြန် အစီအစဉ် ဇာတ်ကားကို စင်ကာပူမှာ သွားရောက် ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ နေတိုးနဲ့ မိုးယုစံတို့က အဓိက ပါဝင်သရုပ်ဆောင်ထား ပါတယ်။
more photos  . . . .
Moe Yu San, Sin Yaw Mg Mg and Nay Toe In Singapore Airport
Director Sin Yaw Mg Mg starts filming his new movie, titled "How About Tomorrow", in Singapore from June 16, 2010. In this film, Nay Toe and Moe Yu San are starring as the main characters.

မူရင်း http://www.myanmarcelebrity.com/

Wednesday, June 16, 2010

ချစ်ခြင်းဖွဲ့  အတ္ထုပ္ပတ္တိ


ချစ်ခြင်းဖွဲ့  အတ္ထုပ္ပတ္တိ

ဘယ်လို မိစ္ဆာဆိုးတို့ ရဲ့ 
ကျိန်စာများပါလိမ့်
အယူတိမ်းလို့ 
နတ်စိမ်းဖြစ်သွားရှာသူများ
အမေ့ မျက်ဝန်း အောက်မှာ …….။
 
ညောင်စေ့လောက်လှူပြီး
ညောင်ပင်ကြီးလောက်
လိုချင်နေတဲ့ ကျေးဇူးတရားများ
အမေ့ မျက်ဝန်း အောက်မှာ …….။

စွန့် လွှတ် ပေးဆပ်မှုတဲ့
အရောင်ပြောင်းလွယ်သူများရဲ့ 
နှုတ်ထွက်စကား
အချိန်ကာလများကသက်သေ
အမေ့ မျက်ဝန်း အောက်မှာ …….။

နှစ်နှစ်ဆယ်ကျော် ကြာရှည်ခဲ့တဲ့ ခရီးမှာ
အမေ့ မျက်ဝန်း အောက်က
အဖြစ်အပျက်များ
ခံပြင်း နာကျည်းစရာများ
သံဝေဂရစရာ တရားကျစရာ
အမေကတော့
မေတ္တာနဲ့  တုန့် ပြန်ပြုံးနေဦးမှာပဲ
သားတို့  …. ယုံတယ်

သားတို့  ….. ကြားတယ်
အမေ့  နှလုံးသားထဲကလာတဲ့ တရား
ချစ်ချင်းများနဲ့  မွှမ်းထုံ
ကမ္ဘာကုန် ကျယ်သရွေ့ ပါပဲ
လူအချင်းချင်း နှိပ်စက်ခြင်း
ကင်းဝေးကြပါစေ
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း
ငြိမ်းချမ်းကြပါစေ
ရွှေဂုံတိုင်ကြေညာစာတမ်းသာ
တိုင်းပြည်ရဲ့  အသက်ဖြစ်တယ် …..။..

(အမေ သက်တော် ရာကျော်ရှည်စေသောဝ် )
ဖွန် ၁၃ ၂၀၁၀ ရဲရင့်သက်ဇွဲ

Several dead in French flash floods

စစ်ရဟတ်ယာဉ် ပင်းတယမြို့အနီးပျက်ကျ။ လေးဦးသေ

စစ်အစိုးရရဲ့ ရဟတ်ယာဉ်တစီး ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယ မြို့အနီးမှာ ပျက်ကျသွားတယ်လို့ သိရပါတယ်။

ပျက်ကျတဲ့ MI – 1 ရဟတ်ယာဉ်ပေါ် ပါလာတဲ့ လူ လေးဦး သေဆုံးသွားပြီး တဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

ရာသီဥတု မကောင်းလို့ ပျက်ကျတာဖြစ်ပြီး လေးယောက်သေတယ်၊ ဒဏ်ရာရတဲ့ တယောက်ကိုတော့ ပင်းတယဆေးရုံကိုပို့ထားတယ်လို့ စစ်တပ်က အရာရှိတယောက်က ပြောတာကို The Nation သတင်းစာမှာ ဖော်ပြထားပါတယ်။

ရဟတ်ယာဉ်ပျက်ကျတဲ့ အကြောင်းရင်းနဲ့ သေဆုံးသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုတော့ စစ်ဆေးနေတုန်းလို့ ဆိုပါတယ်။

Four people were killed and another was seriously injured when a military helicopter crashed in central Myanmar during bad weather on Wednesday, officials said. The Mi-1 helicopter came down in jungle near the town of Pindaya in the west of Shan State, a Myanmar official said, declining to be named. "Four people on board were killed and one was sent to a nearby hospital," he added. Another military official said bad weather was to blame for the crash, without giving further detail such as the victims' identities.

(The Nation)

Tuesday, June 15, 2010

Strong quake hits eastern Indonesia

An earthquake with a preliminary magnitude of 6.4 has hit eastern Indonesia.

Indonesian authorities issues a tsunami warning after the quake early on Wednesday.

Residents say the earthquake, which struck off Papua province in the east, caused panic, but there were no initial reports of damage or casualties.
The US Geological survey said the quake was centred 33km beneath the ocean floor.
မူရင်း http://english.aljazeera.net/

နျူကလီးယားလက်နက်ပိုင်ရှင်များနဲ့ ယှဉ်ပြိုင်အရွေးခံဝံ့ကြသလား


နအဖစစ်အစိုးရဟာ ရွေးကောက်ပွဲကို အီးလေးဆွဲနေပါတယ်။ ကြိုက်တဲ့အချိန်မှာ သူတို့ထင်သလို လုပ်နိုင်တယ်ဆိုတဲ့ အချိုးမျိုးနဲ့ ထီမထင်ဂိုက်ဖမ်းနေတာဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့ ဒီလိုကြိတ်ကြံ၊ လိပ်ဉာဏ်တွေ ထုတ်နေကြတုန်းမှာပဲ နျူကလီးယားဗုံးက သူတို့အနားမှာ ထပေါက်ပါတယ်။ နိုင်ငံတကာအဝန်းအဝိုင်းမှာ နအဖဗိုလ်ချုပ်တွေ ခံစစ်အနေအထားကနေ မပြောင်းနိုင်တဲ့အပြင် ပိုလို့တောင် နစ်လာနေတဲ့သဘောပါ။ မြွေပူရာကင်းမှောင့်တာလေလား။ ကောက်ကောက်ကျစ်ကျစ် လုပ်တယ်ဆိုတာမှာ အမြဲ အဆင်မချောတာဟာ ဆန်းတော့ မဆန်းဘူးလို့သာ ဆိုရတော့မှာပါ။

နိုင်ငံတကာအလယ်မှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မဖြစ်နိုင်လို့ ငပွကြီးလုပ်မယ်စဉ်းစားတဲ့ ဗိုလ်ချုပ်တွေဟာ မာဖီးယား သာသာအတွေးအခေါ်နဲ့ နျူကလီးယားဗုံးကိုပိုင်ဖို့ လုပ်တယ်ဆိုရင်တော့ နွေလယ်မှာ အရူးအိပ်မက် မက်သလိုဖြစ်ရုံမက တန်ပြန်ဆိုးကျိုးတွေ ထွေးရောဥပဒ်ပါ ဖြစ်ပေါ်လာပါလိမ့်မယ်။ ယိုးဒယားကို ရန်လို၊ တရုတ်နဲ့ကုလားကို ပုဆိုးခြုံထဲက လက်သီးပြ၊ အမေရိကန်နဲ့ ဥရောပကို မေးငေါ့လုပ်နေတဲ့ နိုင်ငံခြားရေးဝါဒအောက်က ပေါ်ထွက်လာတဲ့ လုပ်ရပ်တွေကြောင့် မြန်မာပြည် ပြည်သူတွေပါ နျူကလီးယားလက်နက်ရဲ့ ခြိမ်းခြောက်မှု ရောက်မှန်းမသိ ရောက်လာရပါတော့မယ်။

ဒီလိုအခါမှာ နအဖအတွက် ရှေ့နေလိုက်၊ ကြားကနေ ဗိုက်ထိုးပေးပြီး ဓားထိုးခံနေတဲ့ ဗောင်းတော်ညိတ် ဂျာနယ်တခုမှာ ကိုယ့်ကိုယ်ကိုယ် လက်နက်ချပါလို့ ဂုဏ်ယူစွာကိုယ်တိုင်ကြေညာထားတဲ့ လက်နက်ချတယောက်က ရွေးကောက်ပွဲပြီးရင် အာဏာလွှဲပြောင်းပေးရေးဟာ ချောချောမွေ့မွေ့မှ ဖြစ်ပါ့မလားလို့ ဆင်ဝန်ကတော်လို ကြောင့်ကြပြနေတာ တွေ့လိုက်ရပါတယ်။ သူဟာ ဒီရွေးကောက်ပွဲမှာ နအဖပဲ နိုင်မယ်ဆိုတာကိုသိလို့ ပူပန်တာလား၊ မသိချင်ဟန်ဆောင်ပြီး ပူရုပ်ဆင်ပြတာလား ဆိုတာကိုတော့ ကာယကံရှင် ကိုယ်တိုင်မှသိမှာပါ။ နိုင်ငံ့အာဏာကို အကြိမ်ကြိမ်သိမ်းဖူးတဲ့ စစ်အုပ်စုနဲ့စစ်တပ်ဟာ အာဏာလွှဲပြောင်းရေးမှာ အဖုအထစ်ဖြစ်နေရင် လုယူမှာသာဖြစ်တယ်၊ သူတို့အတွက် ဘာမှမချောမွေ့စရာမရှိဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံကလည်း သူတို့ကို ရှောရှောရှူရှူ အာဏာသိမ်းခွင့်ပေးထားတယ်ဆိုတာကို အဲဒီကပ်ပါး ကလောင်ရှင် မေ့နေဟန် တူပါတယ်။ အခုမြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေက ဒီရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတဲ့ မေးခွန်းမျိုးကိုမေးလာရင် အညံ့စားဟာသတခုကို ထုတ်လာတယ်လို့ ပြောရမယ့်အခြေအနေဖြစ်ပါတယ်။ ဗေဒင်မေးနေရင် ဆန်တပြည် ငွေတမတ် အလဟဿ ဆုံးသွားတာသာ ရှိမှာပါ။
 
သူ့လိုပဲ နအဖရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပူပင်နေကြတာတွေအထဲမှာ ရွေးကောက်ပွဲဟာ လုပ်မှလုပ်ဖြစ်ပါ့မလားလို့ ပူပင်တာမျိုးလည်း ပါဝင်ပါတယ်။ အဲဒီအထဲက အထင်ရှားဆုံးကတော့ နအဖကို ကမ္ဘာ့အလယ်မှာ လူရာသွင်းပေးပြီး ချူစားချင်တဲ့ အမေရိကန်က ဆီနိတ္တာ ဂျင်မ်ဝက်ဘ်လိုလူတွေပါ။ ဂျင်မ်ဝက်ဘ်ဟာ နအဖရဲ့ ရွေးကောက်ပွဲကို ဘယ်လိုကြံဖန် ချီးကျူးရပါ့မလဲလို့ စဉ်းစားပြီး ပြင်ဆင်လာခဲ့ပါမှ နအဖက ဆေးဖော်ကြောဖက်မလုပ်တာနဲ့ ကြုံတွေ့ရပါတယ်။ ဒီအခါမှာ ဒါကိုအရှက်ပြေဖုံးကွယ်ဖို့အတွက် နအဖဗိုလ်ချုပ်တွေ နျူကလီးယားနဲ့ ကစားနေတာကို အခုမှသိလေဟန်နဲ့ တောပြောတောင်ပြော ပြောပြီး မြန်မာပြည်တံခါးဝ ရောက်ကာမှ ပြန်လှည့်ထွက်သွားတာဖြစ်ပါတယ်။ သူတို့လိုလူတွေအတွက်တော့ နအဖက တရားမဝင်တဲ့နည်းနဲ့ (၁ဝ)လ (၁ဝ)ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ လေလည်ပေးလိုက်ပါတယ်။

အာဏာလက်ကိုင်ထားသူနဲ့ အာဏာမဲ့သူတို့ ပြိုင်ကြတယ်ဆိုရင် အာဏာရထားသူတွေက အချိန်ဆွဲတာ၊ အချိန်ကစားတာတွေ ပိုပြီးလုပ်နိုင်ပါတယ်။ နအဖသက်တမ်းမှာ ဒီလိုလုပ်ခဲ့တာတွေ တွေ့ခဲ့ဖူးလှပါပြီ။ ဒီတခါ ရွေးကောက်ပွဲမှာကျတော့ နအဖအဖို့ ဒီနည်းပရိယာယ်ဟာ ပိုလို့တောင်အသုံးတည့်နေတာ တွေ့ရပါတယ်။ အခုဆိုရင် တစညအဖွဲ့တောင် အတော်လေသံ ပျော့သွားတာကို သတိထားမိကြလိမ့်မယ် ထင်ပါတယ်။ ဒီရွေးကောက်ပွဲမှာ နအဖဟာ သူတို့ထင်ထားတာထက် ပိုကောက်လိမ့်မယ်ဆိုတာ ထင်ရှားသထက် ထင်ရှားလာတာနဲ့အမျှ ပါတီဝင်သန်းနဲ့ချီ ရှိပါတယ်လို့ ကြွားနေတဲ့ တစညဟာ အပျောက်ပေးရမယ့်ငွေအတွက် အတော်လေး စဉ်းစားနေတဲ့ သဘောကို တွေ့နေရပါတယ်။ ဖဆပလအဆက် နု-ဆွေ-ငြိမ်း သမီးတွေဆိုရင်လည်း အသံသိပ်မထွက်နိုင်တော့ပါဘူး။ သူတို့အနေနဲ့ စည်းစိမ်အပြုတ်ခံပြီး ကြံ့ဖွံ့ကိုရင်ဆိုင်ဖို့ဆိုတာကို နှစ်ခါမကပြန်စဉ်းစားနေရပါပြီ။ ဒီနေ့အခါမှာ သူတို့နည်းတူပဲ “ပြည်ပက အထောက်အပံ့မှတပါး အခြားအားကိုးစရာမရှိပြီ” ဖြစ်နေတဲ့ ရွေးကောက်ပွဲ ရူးနေသူတွေမနည်းဘူးလို့ ထင်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ထမ်းပိုးနဲ့လှည်းတုတ်အကြားမှာ ဒုက္ခတွေ့နေကြတယ်လို့ဆိုရင် မမှားပါဘူး။ 

ဒီလိုအချိန်မှာ နအဖဟာ လက်နက်ကိုင်တပ်နောက်ခံမရှိတဲ့ တိုင်းရင်းသားပါတီတွေကိုတော့ မှတ်ပုံတင်ခွင့်တွေ ဖောခြင်း သောခြင်း ထုတ်ပေးနေတာ တွေ့ရပါတယ်။ သူတို့ဘာလို့ ဒီလိုပေးတယ်ဆိုတာကတော့ ရှင်းပါတယ်။ နံပါတ်တစ်က နအဖစစ် အစိုးရဟာ တိုင်းရင်းသားတွေကို အခွင့်အရေးပေးကြောင်း၊ နေရာပေးလိုကြောင်း အသားယူချင်လို့ဖြစ်ပါတယ်။ တိုင်းရင်းသား ပြဿနာနဲ့ပတ်သက်လို့ နာမည်ပျက်လှတဲ့အနေအထားကို တစုံတရာဖာထေးလို့ ရလိုရငြား စဉ်းစားပြီးလုပ်တာ ဖြစ်ပါတယ်။ နံပါတ်နှစ်က တချို့တိုင်းရင်းသားပါတီတွေကို မှတ်ပုံတင်ခွင့်မပြုဘဲထားတာကို ဖုံးကွယ်နေအောင်လုပ်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ နောက်ဆုံးတချက်ကတော့ အခုခွင့်ပြုလိုက်တဲ့ အဖွဲ့စည်းတွေဟာ ဘယ်လိုနည်းနဲ့မှ ဗဟိုအာဏာကို မမှန်းနိုင်တာ၊ သူတို့စစ်အုပ်စုရဲ့ အာဏာချုပ်ကိုင်မှုကို အန္တရာယ်မပေးနိုင်တာ သေချာနေလို့ပဲ ဖြစ်ပါတယ်။ မှန်တာပြောရရင် ဒီအဖွဲ့အစည်းတွေဟာ ပြည်နယ် အာဏာကိုတောင်မှ မှန်းနိုင်လှတာမဟုတ်ပါဘူး။ သူတို့ဒေသတွေမှာ ကြံ့ဖွံ့တွေ ဝင်ပြိုင်မှာကလည်း သေချာနေသလောက်ပါ။ အဲဒီကြံ့ဖွံ့တွေရဲ့နောက်မှာက ပြည်နယ်တွေမှာ ရမ်းချင်တိုင်းရမ်းနေတဲ့ စစ်တပ်က ကျောထောက်နောက်ခံပြုပေးမှာပါ။ ဒီတော့ ဒီတိုင်းရင်းသားအဖွဲ့အစည်းတွေ ကံကောင်းမှဖားလောင်းက ဖားဖြစ်မယ့်ကိစ္စ၊ နအဖအတွက် ဝါဒဖြန့်လို့ ကောင်းမယ့်ကိစ္စကို နအဖစစ်ဗိုလ်တွေက လိုလိုလားလားခွင့်ပြုနေတာဟာ ဘာမှမဆန်းပါဘူး။

တကယ်က ဒီရွေးကောက်ပွဲက တင်မြှောက်မှာက တိုင်းပြည်ကိုအုပ်ချုပ်စီမံတဲ့ လွှတ်တော်တခုမဟုတ်ပါဘူး။ တိုင်းပြည်ကို တကယ်တမ်းအုပ်ချုပ်မှာက “စစ်ရေးအမြင်ရှိတဲ့” သမ္မတနဲ့ လွှတ်တော်အတွင်းရှိ စစ်တပ်ကိုယ်စားလှယ်အစုက ရွေးတင်လိုက်တဲ့ ဒုသမ္မတတို့သာဖြစ်ပြီး ဒီလွှတ်တော်ဆိုတာက အဲဒီသမ္မတ နှစ်ယောက် ပြောတာတွေကို အတည်ပြုပေးတဲ့ အလုပ်ပဲ လုပ်ရမှာ ဖြစ်ပါတယ်။ ပိုတိကျအောင်ပြောရရင် သမ္မတကပဲ အုပ်ချုပ်မှာဖြစ်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေရဲ့ အခန်း (၅) မှာ ဒီသမ္မတဆိုသူကို လွှတ်တော်မဖြတ်သန်းဘဲ လုပ်ပိုင်ခွင့်တွေ အများကြီးပေးထားပါသေးတယ်။ စဉ်းစားကြည့်ပါ။ ဗိုလ်သန်းရွှေလို သမ္မတက လွှတ်တော်ကို အတည်ပြုခိုင်းတယ်ဆိုရင် ဘယ်သူကဆန့်ကျင်ရဲ၊ ငြင်းရဲမှာတဲ့လဲ။ တကယ်ကျတော့ ဒီလိုလွှတ်တော်မျိုးမှာ ကိုယ်စားလှယ် လုပ်ရတယ်ဆိုတာဟာ တိုက်ကြက်အတွက် အနာခံလေ့ကျင့်ပေးရတဲ့ ခွပ်လက်ခံကြက် ဘဝလောက်တောင်မဟုတ်ဘဲ ကျွန်ဝယ်ရာ အဆစ်ပါသလိုသာဖြစ်ပါလိမ့်မယ်။ တနည်းအားဖြင့် ကျွန်တွေရလေ့ရှိတဲ့ လှုပ်ရှားခွင့် စပေ့စ်တွေမျိုးသာ ရပါလိမ့်မယ်။ တကယ်တော့ လူတချို့ဟာ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခွင့်ရတဲ့ စပေ့စ်မျိုးနဲ့သာ ထိုက်တန်တာပါ။
ခေတ်ပြိုင်မှ

ဒုက္ခပေးပြန်ပြီ ကြက်ဆူပင်

ယခင်နှစ်များတွင် စိုက်ပျိုးရန် ပြင်ဆင်နေရသော ကြက်ဆူပင်များ (ဓါတ်ပုံ-KNYO)“

မိုးဦးကာလချိန် တောင်သူဦးကြီးများ သီးနှံစိုက်ပျိုးရေးကို အလေးထား စိုက်ပျိုးနေကြချိန်တွင် စစ်အစိုးရမှ ဌာနဆိုင်ရာ ၀န်ထမ်းများက လည်း ကြက်ဆူပင် အစားထိုး သီးနှံများ စိုက်ပျိုးနိုင်ရန် အလုပ်များနေကြသည်ကို တွေ့ရှိရသည်။

Friday, June 11, 2010

သမိုင်းထဲကအမေ


သမိုင်းထဲကအမေ
(ဆွေနိုင်)

အမေ့ရွာမှာ
စက်ဆုပ် ရွံရှာဖွယ်ကောင်းတဲ့
ရာသီမဲ့ ညတာများ
ရှည်လွန်းအားကြီးတယ်
ဝင်ချည် ထွက်ချည်နဲ့  ။

Monday, June 7, 2010

ဆုတ်ကပ်ထဲကလုပ်ဇာတ်ပွဲ

ဆုတ်ကပ်ထဲကလုပ်ဇာတ်ပွဲ
(ဆွေနိုင်)

နာဂစ်ကိုအခြေပြု
လူသေအလောင်းတွေထဲကထွက်လာတဲ့
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ
လူတစ်စုရဲ့ခံတုတ်ကျင်းဖြစ်တယ်။

နာဂစ်ကိုအခြေပြု
လူသေအလောင်းတွေထဲကထွက်လာတဲ့
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ
ကျွန်ပြုရေး နည်းစနစ်”ပုဒ်ထီး ပုဒ်မ”တွေနဲ့
ပြည်သူလူထုကို လူလုံးမလှအောင်လုပ်မှာလည်းဖြစ်တယ်။

ပြည်တွင်းဖြစ် ပြည်တွင်းစစ်ကြီးထဲ
သဲလက်တစ်ဆုပ်လောက်နဲ့
ကျတ်မပြည့်သူတွေ
ကျတ်ပြေးမှာ
ငရဲပြည်တည်ဆောက်
တိုင်းပြည်ကြီး ငါးပါးမှောက်
သံဃာစင်ပါပျောက်

မင်းဆိုးမင်းညစ်အုပ်ချုပ်တဲ့တိုင်းပြည်ကြီး
နာဂစ်ကျရောက်
ဧရာဝတီမှာ လူတွေပျောက်
ဒီရေတောတွေပျောက်
သစ်တောတွေလည်းပျောက်
ရှေးဟောင်းပစ္စည်းတွေ မှောင်ခိုဈေးကွက်ရောက်
လူတောတွေလည်း မှောင်ခိုဈေးကွက်ရောက်
ကျွဲ၊နွားတိရိစ္ဆာန်တွေ
ထိုင်းနိုင်ငံက သားသတ်ရုံတွေရောက်
မြစ်ကြီး၊ မြစ်လတ်၊ မြစ်ငယ်၊ အင်းအိုင်တွေ
ရေခမ်းခြောက်
မြို့ကြီး၊ မြို့ငယ်၊ မြို့လက်တက်တွေ
ဗုံးများပေါက်
မီးတွေလည်းဟုန်းဟုန်းတောက်

သဘာဝပတ်ဝန်းကျင် အထိန်းအကွတ်မရှိ
မင်းကျင့်တရားမရှိတဲ့ မင်းတွေ
ပြည်သူတွေ ထမင်းငတ်နေတာသူတို့မသိ
ပြည်သူတွေ မီးငတ်နေတာ သူတို့မသိ
ပြည်သူတွေ ရေငတ်နေတာ သူတို့မသိ

ပြည်သူ့အာဏာကို
အဓမ္မနည်းနဲ့ ရယူထားသူတွေ
ပြည်သူကိုကျေးဇူးကန်းသူတွေ
တိုင်းတစ်ပါးရဲ့
စီးပွားရေးနယ်ချဲ့ခေတ်သစ်ကိုလိုနီတွေ ကို
မျက်နှာချိုသွေး
အမိမြေရဲ့အထွေထွေထွက်ကုံပစ္စည်းမှန်သမျှအကုန်ပေး
သူတို့ချမ်းသာတည်မြဲရေးပဲသိတယ်

ဆုတ်ကပ်ထဲမှာလုပ်ဇာတ်ပွဲ
လူသတ်ဂိုင်း ကြံ့ဖွဲ့ကို ပါတီဖွဲ့
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လို ဗိုလ်ချုပ်ကြီးတွေလူဝတ်လဲ
အာဏာတည်မြဲရေးအတွက်
ရေတို ရေရှည်စီမံကိန်းတွေဆွဲနေလေရဲ့။ ။

Sunday, June 6, 2010

Inside the secret city - Burma



----------------------------------------------------------------------------------------

---------------------------------------------------------------------------------------------------------
Myanmar's military ambitions
(အယ်လ်ဂျာဇီးယား ရုပ်သံစဆုံး)

Saturday, June 5, 2010

ထက်ထက်မိုးဦးနှင့် သတင်းထောက် မအေးသူစံတို့၏ သတင်းများ ဂျာနယ်များတွင် ဖော်ပြခွင့် မပြုတော့


ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် 7 Day News ဂျာနယ်မှ သတင်း ထောက် မအေးသူစံတို့၏သတင်းများသည် တရားရုံးတွင် ရုံးတင်စစ်ဆေးနေပြီ ဖြစ်သောကြောင့် တရားစီရင်ရေးကို အနှောင့်အယှက် ဖြစ်စေနိုင်ခြင်း အတွက် ဂျာနယ်စာမျက်နှာ များတွင် ဖော်ပြခွင့် မပြုတော့ကြောင်း သိရှိရသည်။ ယင်းသတင်းနှင့် ပတ်သက်၍ ရန်ကင်းမြို့နယ် တရားရုံးမှ ၂ဝ၁ဝ ဇွန်လ (၃)ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၂၃/၅ဝ၆)အရ တရားရုံးတင် စစ်ဆေးနေဆဲကာလ ဖြစ်သဖြင့် ဂျာနယ် စာမျက်နှာပေါ်တွင် ဖော်ပြရေးသားလျှင် နိုင်ငံတော်၏ ဥပဒေပြုမဏ္ဍိုင်ဖြစ်သော တရားစီရင်ရေးကို များစွာ အနှောင့်အယှက် ဖြစ်စေနိုင်သဖြင့် ယခုကဲ့သို့ မဖော်ပြခြင်း ဖြစ်နိုင်ကြောင်း ဥပဒေကျွမ်းကျင်သူ တစ်ဦးက ပြောဆိုသည်။ ပုဒ်မ(၃၂၃)သည် နာကျင်စေမှုဖြစ်ပြီး ပုဒ်မ(၅ဝ၆)သည် ခြိမ်းခြောက် ပြောဆိုမှုဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။ ယင်းဖြစ်ရပ်များနှင့် ပတ်သက်၍ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးသည် ပြည်ပ အခြေစိုက် ဧရာဝတီမဂ္ဂဇင်းသို့ အင်တာဗျူး ဖြေဆိုခဲ့ရာတွင် သူမကိုယ်တိုင် သတင်းထောက် မအေးသူစံအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပုံနှင့် သူမ ဘာတွေ ပြောခဲ့သည်ကို အသေးစိတ်ရှင်းရှင်း ပြောဆိုမသွားသည်ကိုလည်း တွေ့ရှိခဲ့ရပေသည်။ ယင်းဖြစ်ရပ်များ ဖြစ်ပွားချိန်တွင် မျက်မြင်သက်သေများကို တရားရုံးမှ သက်သေအဖြစ် ထွက်ဆိုရန် စစ်ဆေးခဲ့ချိန်တွင် ဟဲလိုမဂ္ဂဇင်းမှ ကိုဘုန်းနေလ၊ ဖက်ရှင်မဂ္ဂဇင်းမှ မဝင်းမာ၊ ကိုသန့်ဇင်အောင်တို့သည် တရားရုံးတွင် သရုပ်ဆောင် ထက်ထက်မိုးဦး မအေးသူစံ အပေါ် မည်သို့ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်။ ပါးစပ်မှလည်း မည်သို့ ပြောဆိုသွားသည်များကို မျက်မြင်တွေ့ခဲ့သူ အထက်ပါ သုံးယောက်မှ တရားရုံးတွင် ထွက်ဆိုသွားသည်ဟု 7 Day News ဂျာနယ်မှ အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ပြောဆိုသည်။ ပါဖက်ဂျာနယ်မှ မသက်သည် တရားရုံးသို့ ရောက်ရှိမလာခဲ့ကြောင်း တရားလိုများဘက်မှ ပြောဆိုခဲ့သည်ကိုလည်း ယင်းအင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ မသက်သည် ထက်ထက်မိုးဦးက စည်းရုံးနိုင်ခဲ့ခြင်းကြောင့် တရားရုံးသို့ မလာနိုင်ခြင်း ဖြစ်နိုင်ကြောင်း မီဒီယာ သတင်းရပ်ကွက်တွင် သတင်းများ ထွက်ပေါ်နေသည်။
7 Day News ဂျာနယ်မှ အယ်ဒီတာများက အထက်ပါ ဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးနှင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့သို့ တိုင်တန်းမှုများ

ပြုလုပ်ခဲ့ရာ ဇွန်လ ပထမပတ် အတွင်း မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့မှ ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦး သူမ၏ လုပ်ရပ်များနှင့် ပတ်သက်၍ ဝမ်းနည်းစွာ ရှုတ်ချကြောင်း ကြေညာချက် (၁)စောင် ထုတ်ခဲ့သည်။ အဆိုပါ ဝမ်းနည်းစွာ ရှုတ်ချကြောင်း ကြေညာချက်ကို မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 7 Day News ဂျာနယ်မှ တိုင်တန်းမှုတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက မည်သို့မျှ မတုံ့ပြန်ခဲ့ပေ။ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့၏ ဦးဆောင်နာယကမှာ ပြန်ကြားရေး ဝန်ကြီးဦးကျော်ဆန်း ဖြစ်သည်။

7 Day News ဂျာနယ်မှ သတင်းထောက် မအေးသူစံနှင့် ရုပ်ရှင်သရုပ် ဆောင်ထက်ထက်မိုးဦးတို့ အပြန်အလှန်ပြောခဲ့ကြသည်များကို The Voice ဂျာနယ်မှ ပြန်လည် ကူးယူ၍ ဖော်ပြလိုက်ပါသည်။

မေး ။ ။ ဟိုတလောက နှလုံးနဲ့ ပတ်သက်ပြီးတော့ အနားယူနေတယ်လို့ ပြောတယ်။
ဖြေ ။ ။ ဟုတ်တယ်။ အခု သက်သာသွားပြီ။
မေး ။ ။ ပထမဆုံးအနေနဲ့ အစ်မရဲ့ အခု လက်ရှိဘဝလေးကို အစ်မဘယ်လို ဖြတ်သန်းနေပါသလဲ။
ဖြေ ။ ။ ဒီအတိုင်းပဲ ကောင်းပါတယ်။
မေး ။ ။ အစ်မ နည်းနည်း အဆင်ပြေပြေလေး ဖြေပေးပါနော်။ အင်တာဗျူး ကောင်းကောင်းလေး ထည့်ချင်လို့ပါ။
ဖြေ ။ ။ ဟုတ်။ အဆင်ပြေပြေ ဖြေပေးဆို မေးတဲ့အတိုင်းပဲ ထက်ထက်က ဖြေနေရတာလေ။

မေး ။ ။ အစ်မရဲ့ ကျန်းမာရေး အခြေအနေအရ နောက်ထပ် ကိုယ်ဝန်ဆောင်ဖို့ အဆင်ပြေပါ့မလား။
ဖြေ ။ ။ ဟုတ်။ ပြေပါတယ်။
မေး ။ ။ အဲဒါ ဘယ်တော့လောက်လဲ မသိဘူး။
ဖြေ ။ ။ အဲဒါ မသိသေးပါဘူး။
မေး ။ ။ ဟိုတလောကလေ အဲ့လိုမျိုး ဖြစ်သွားတာ အစ်မ ဘယ်လိုမျိုး ခံစားရလဲ။
ဖြေ ။ ။ အဲဒီမေးခွန်းက မေးဖို့တောင် မသင့်ပါဘူး။
မေး ။ ။ အစ်မ အမျိုးသားနဲ့ အစ်မ ဘယ်မှာတွေ့ခဲ့ကြတာလဲ။
ဖြေ ။ ။ ဒီကိစ္စအသေးအမွှားလေးတွေကတော့ ထက်ထက်မဖြေချင်ဘူး။ ဒါတွေက အင်တာဗျူးထဲမှာ ထည့်တာတော့ ထည့်လို့ရတယ်၊ ထည့်လို့ မရလို့တော့ မဟုတ်ပါဘူး။ ဒါတွေက ဘာမှမဟုတ်တဲ့ မေးခွန်းလေးတွေ ဖြစ်နေတဲ့အတွက် တခြားမေးခွန်းလေးတွေ မေးပေးပါလားလို့ ….. နော်။
မေး ။ ။ ပရိသတ်တွေက ပြောကြတယ်။ ထက်ထက်မိုးဦး ဘဝကို ခဏခဏ ပြန်စနေရတယ်။ အဲဒီဝေဖန်မှု တွေကို အစ်မဘယ်လိုမျိုး ခံစားရလဲ။
ဖြေ ။ ။ သွားလိုက်တော့။ နင်သွားလိုက်တော့ ဟုဆိုသဖြင့် အဆိုပါသတင်းထောက်မှာ တောင်းပန်ပြီး ခန်းမ အပြင်သို့ ထွက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထို့နောက် မအေးသူစံ အပြင် ရောက်သောအခါ ထက်ထက်မိုးဦးမှာ အပြင်သို့ ကြိုတင် ရောက်နေပြီး မအေးသူစံအား “ ဒီမေးခွန်းတွေကို ဘယ်သူ မေးခိုင်းတာလဲ”ဟု ဆိုကာ မအေးသူစံ၏ ဆံပင်ကိုဆွဲပြီး လည်ပင်းကို ၄င်း၏ လက်ဖြင့် ညှစ်သည်။ ပြီးနောက် ပါးကို လှမ်းရိုက်သောအခါ ကြားမှ ဖျန်ဖြေသူများက တားဆီးထား၍ ပါးကို မထိတော့သည့် အချိန်တွင် ထက်ထက်မိုးဦးက “ငါ့ကို သက်သက် စော်ကားတာ။ နင်တို့ စာနယ်ဇင်းတွေရဲ့ နှစ်ပဲတစ်ပြား လစာကို သနားလို့ ငါဖြေနေတာ။ ငါ့ကိုဘာမှတ်နေလဲ။ ငါ့ဘ၀ငါ ထူထောင်ထားတာ။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ သတ်ပစ်လိုက်မယ်။ ပွဲထဲမှာ ဖြစ်နေလို့“ဟု အခြားသတင်းထောက်များ ရှေ့တွင် ပြောဆိုပြီးမှ ခန်းမထဲသို့ ပြန်လည် ၀င်ရောက်သွားခဲ့သည်။ သတင်းထောက် မအေးသူစံ၏ လည်ပင်းကို ထက်ထက်မိုးဦး၏ လက်ဖြင့် ညှစ်ထားစဉ် လက်သည်းရှည်များကြောင့် လည်ပင်းတွင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

မူရင်း http://snapshot-news.com/

Friday, June 4, 2010


Myanmar 'nuclear plans' exposed


Myanmar 'nuclear plans' exposed
Secret files show ruling military building atomic weapons programme, defectors say.

An investigation by an anti-government Myanmar broadcaster has found evidence that it says shows the country's military regime has begun a programme to develop nuclear weapons.Journalists from the Norway-based Democratic Voice of Burma (DVB) have been gathering information about secret military projects in Myanmar for years.
Defectors say Myanmar's military is pushing ahead with efforts to aquire nuclear weapons [EPA]

But they say recent revelations from a former army officer show that the military government is pushing ahead with ambitions to become a nuclear power.

The allegations are contained in a special documentary produced by the DVB being aired by Al Jazeera.

On Thursday evening, shortly before the film was due to be broadcast, US Senator Jim Webb announced he was postponing his scheduled trip to Myanmar in response to allegations in the documentary.

"They really want a bomb, that is their main objective"
Sai Thein Win,
former Myanmar army major

"Until there is further clarification on these matters, I believe it would be unwise and potentially counterproductive for me to visit Burma," Webb, who is the Democratic chairman of the US Senate Foreign Relations Committee Subcommittee on East Asia and Pacific Affairs, told reporters in Bangkok.

Burma is the former name of Myanmar.
Webb had been due to fly to Myanmar late on Thursday for talks with detained pro-democracy leader Aung San Suu Kyi and senior officials in the country's reclusive military junta.

Defector speaks out
The producers of the DVB documentary say evidence of Myanmar's nuclear programme has come from top-secret material smuggled out of the country over several years, including hundreds of files and other evidence provided by Sai Thein Win, a former major in Myanmar's army.

Sai Thein Win says he was deputy commander of a highly classified military factory that was the headquarters of the army's nuclear battalion.

But he says he decided to defect and bring top-secret evidence of the project with him.

"They really want a bomb, that is their main objective," he says in the film.

"They want to have the rockets and nuclear warheads."

His smuggled files were shown to Robert Kelley, the former director of the International Atomic Energy Agency (IAEA), who told the producers they showed clear indications of a programme to build atomic weapons.

"It appears it is a nuclear weapons program because there is no conceivable use for this for nuclear power or anything like that," he says.


Suspicions
However other experts like John Isaacs, executive director of the Washington-based Centre for Arms Control and Non-Proliferation, are not ready to make a definitive conclusion yet.

Photos and other documents show equipment used in the alleged nuclear programme [DVB]more defector testimony, claiming some of the

"I would say there are a lot of suspicions," Adams told the DVB. "But it's hard to say there's actual proof of what Myanmar's trying to do."

Sai Thein Win says he decided to defect after seeing a previous report by the DVB about the Myanmar regime's extensive network of secret underground bunkers and tunnels.

The broadcaster gathered thousands of photos and more defector testimony, claiming some of the tunnels are used as command posts, while others – some are large as two football fields – are used for storing secret weapons and equipment to protect them from aerial bombardment.

The tunnels have allegedly been built with the help of expertise from North Korea – a link that has drawn growing international attention

'Bunker mentality'
Aung Zaw, an exiled Myanmar journalist and editor of the Thailand-based magazine Irrawaddy, told Al Jazeera there was substantial evidence Myanmar had been buying conventional weapons and missiles from North Korea, but the secret nature of the ruling regime makes it very difficult to get at the truth.

A network of tunnels and bunkers is allegedly being built with North Korean help [DVB]

"They live in a bunker mentality," he said of the ruling generals.

"They live in fear of an invasion by the West - that's why they relocated the capital to central Burma."

A recent UN report on the sanctions against North Korea banning nuclear and ballistic missile activities, found what it called "suspicious activity in Myanmar" and experts say that might build up the case for an IAEA inspection.

"In many ways North Korea is a parallel to Burma," the Centre for Arms Control's John Isaacs says in the DVB film.

"It's a poor country with a weak economy and starvation at home, and yet they manage to gather resources to build a nuclear weapon."

The DVB investigation agrees, but also points out it was not that long ago when few people imagined that countries like North Korea, Iran and Pakistan would also become nuclear powers.

ငွေကောက်ကြမ်း၍ ရေတပ် တပ်ကြပ်ကြီး ဓါးထိုးခံရ

ခိုင်သိန်း

ရခိုင်ပြည်နယ် သံတွဲမြို့နယ် သပြုချိုင် အခြေစိုက် ရေတပ်စခန်းမှ တပ်ကြပ်ကြီး တဦးကို ဒေသခံ ပြည်သူများထံမှ မတရား ငွေကောက်ခံသည့် အပေါ် မကျေနပ်၍ လူငယ်တဦးက ဓါးနှင့်ထိုး ကြောင်း သတင်း ရရှိသည်။
အဆိုပါ ဓါးထိုးမှုမှာ သပြုချိုင် ဈေးတွင် ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဓါးထိုး ခံရသည့် ရေတပ်ကြပ်ကြီးမှာ ဌေးဦးဆိုသူ ဖြစ်ပြီး သပြုချိုင် ဈေးတွင် လာရောက်ဈေးဝယ်နေစဉ် ယခုကဲ့သို့ ဓါးထိုးခံရခြင်း ဖြစ်သည်။

ဓါးထိုးသူမှာ သံတွဲမြို့နယ် ဇရပ်တောင်ကျေးရွာနေ အဖ ဦးမောင်ရွှေသား ကိုလုံးမောင်ဖြစ်ပြီး ယခုအခါ ကိုမောင်လုံးမှာ တိမ်းရှောင်နေကြောင်း ဒေသခံများက ပြောသည်။

� အဲဒီ တပ်ကြပ်ကြီး ဈေးဝယ်နေတုန်းမှာ ကိုလုံးမောင်က နောက်ကနေ ဓါးနဲ့ ထိုးတာပါ။ သုံးချက် ထိုးတယ်။ ဒဏ်ရာ ဘယ်လောက် ပြင်းတယ်ဆိုတာတော့ မပြောနိုင်ဘူး။ ဆေးရုံကို ချက်ချင်း ယူသွားတယ်� ဟု ဆင်ခေါင်းကျေး ရွာသား တဦးက ပြောသည်။

ကိုလုံးမောင်ထံမှ လစဉ် အဆိုပါ တပ်ကြပ်ကြီးက ပင်လယ်ပြင်ထဲ ငါးဖမ်းခ အဖြစ် ငွေကောက်ခံသည့် အပေါ် မကျေနပ်၍ ဓါးနှင့် ထိုးခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။


� တပ်ကြပ်ကြီး ဈေးဝယ်စရာရှိတယ်ဆိုပီး ငွေလာတောင်းတယ်။ ကိုလုံးမောင်က ငါးဖမ်း မထွက်နိုင်တဲ့ အတွက် ငွေမရှိသေးဘူးလို့ ပြောတယ်။ အဲသလို မပေးနိုင်တဲ့ အပေါ် မချေမငံ ပြောတော့ ကိုလုံးမောင်လည်း အရှက်ရပီး ဈေးထဲမှာ နောက်ကနေ ဓါးနဲ့ထိုးတာ ဖြစ်ပါတယ်။�

ဒေသအတွင်းရှိ ဆင်ခေါင်းကျေးရွာ၊ ဇရပ်တောင်၊ ခမောင်းတန်း၊ မြိုတောင် ကျေးရွာနှင့် တခြားကျေးရွာ သားများမှာ ရေလုပ်ငန်းဖြင့် အသက်မွေးကြပြီး သူတို့ အနေဖြင့် ပယ်လယ်ပြင်တွင် ထွက်၍ ငါးရှာခွင့် ရရန်အတွက် သပြုချိုင် ရေတပ်ကို ပိုက်ဆံ ပေးရသည်။

အဆိုပါ ဒေသမှ ရေလုပ်ငန်းလုပ်ကိုင်သည့် ငါးဖမ်းစက်လှေပိုင်ရှင်များ အနေဖြင့် စက်လှေတစီးလျှင် ကျပ်ငွေ ၁ သိန်းခွဲနှုန်းဖြင့် သပြုချိုင် အခြေစိုက် ရေတပ်စခန်းမှ ဗိုလ်ကြီး သောင်းရွှေအား ပေးရပြီး မပေးပါက ငါးဖမ်းခွင့် မရှိကြောင်း သိရသည်။

ငွေမပေးဘဲ ငါးဖမ်းသည့် စက်လှေပိုင်ရှင်များကို ရေတပ်စခန်းသို့ ဆင့်ခေါ်ပြီး ထိတ်တုံးခတ်ကာ ငွေပေးမှ ပြန်လွှတ် ပေးလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဓါးထိုးခံရသည့် တပ်ကြပ်ကြီး ဌေးဦးမှာ ယခုအခါ သံတွဲ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသ နေကြောင်း သိရသည်။

Thursday, June 3, 2010

China ties with Myanmar not uniform

-----------------------------------------------------------------------------------------
Wen Jiabao, China's premier, is to make an official visit to Myanmar this month, the first by a senior Chinese leader in nearly 10 years.
China is the closest and most powerful ally of Myanmar's military leaders, but Chinese policy towards Myanmar is not as homogenous as many might expect.
Provinces along the border often take their own decisions with regards to relations with Myanmar.
Al Jazeera's Harry Fawcett reports from the southern province of Yunnan.