Monday, June 7, 2010

ဆုတ်ကပ်ထဲကလုပ်ဇာတ်ပွဲ

ဆုတ်ကပ်ထဲကလုပ်ဇာတ်ပွဲ
(ဆွေနိုင်)

နာဂစ်ကိုအခြေပြု
လူသေအလောင်းတွေထဲကထွက်လာတဲ့
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ
လူတစ်စုရဲ့ခံတုတ်ကျင်းဖြစ်တယ်။

နာဂစ်ကိုအခြေပြု
လူသေအလောင်းတွေထဲကထွက်လာတဲ့
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ
ကျွန်ပြုရေး နည်းစနစ်”ပုဒ်ထီး ပုဒ်မ”တွေနဲ့
ပြည်သူလူထုကို လူလုံးမလှအောင်လုပ်မှာလည်းဖြစ်တယ်။

ပြည်တွင်းဖြစ် ပြည်တွင်းစစ်ကြီးထဲ
သဲလက်တစ်ဆုပ်လောက်နဲ့
ကျတ်မပြည့်သူတွေ
ကျတ်ပြေးမှာ
ငရဲပြည်တည်ဆောက်
တိုင်းပြည်ကြီး ငါးပါးမှောက်
သံဃာစင်ပါပျောက်

မင်းဆိုးမင်းညစ်အုပ်ချုပ်တဲ့တိုင်းပြည်ကြီး
နာဂစ်ကျရောက်
ဧရာဝတီမှာ လူတွေပျောက်
ဒီရေတောတွေပျောက်
သစ်တောတွေလည်းပျောက်
ရှေးဟောင်းပစ္စည်းတွေ မှောင်ခိုဈေးကွက်ရောက်
လူတောတွေလည်း မှောင်ခိုဈေးကွက်ရောက်
ကျွဲ၊နွားတိရိစ္ဆာန်တွေ
ထိုင်းနိုင်ငံက သားသတ်ရုံတွေရောက်
မြစ်ကြီး၊ မြစ်လတ်၊ မြစ်ငယ်၊ အင်းအိုင်တွေ
ရေခမ်းခြောက်
မြို့ကြီး၊ မြို့ငယ်၊ မြို့လက်တက်တွေ
ဗုံးများပေါက်
မီးတွေလည်းဟုန်းဟုန်းတောက်

သဘာဝပတ်ဝန်းကျင် အထိန်းအကွတ်မရှိ
မင်းကျင့်တရားမရှိတဲ့ မင်းတွေ
ပြည်သူတွေ ထမင်းငတ်နေတာသူတို့မသိ
ပြည်သူတွေ မီးငတ်နေတာ သူတို့မသိ
ပြည်သူတွေ ရေငတ်နေတာ သူတို့မသိ

ပြည်သူ့အာဏာကို
အဓမ္မနည်းနဲ့ ရယူထားသူတွေ
ပြည်သူကိုကျေးဇူးကန်းသူတွေ
တိုင်းတစ်ပါးရဲ့
စီးပွားရေးနယ်ချဲ့ခေတ်သစ်ကိုလိုနီတွေ ကို
မျက်နှာချိုသွေး
အမိမြေရဲ့အထွေထွေထွက်ကုံပစ္စည်းမှန်သမျှအကုန်ပေး
သူတို့ချမ်းသာတည်မြဲရေးပဲသိတယ်

ဆုတ်ကပ်ထဲမှာလုပ်ဇာတ်ပွဲ
လူသတ်ဂိုင်း ကြံ့ဖွဲ့ကို ပါတီဖွဲ့
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လို ဗိုလ်ချုပ်ကြီးတွေလူဝတ်လဲ
အာဏာတည်မြဲရေးအတွက်
ရေတို ရေရှည်စီမံကိန်းတွေဆွဲနေလေရဲ့။ ။