Saturday, June 26, 2010

ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ရေး စက်မှုထိပ်သီးတွေတိုက်တွန်း
(ဓာတ်ပုံ AP)စက်မှု ၈ နိုင်ငံခေါင်းဆောင်တွေ ကနေဒါနိုင်ငံ Muskoka အပန်းဖြေစခန်းမှာ ဇွန်လ ၂၆ ရက်နေ့က စည်းဝေးကြစဉ်
G-8 စက်မှု နိုင်ငံခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပရေးနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ တိုက်တွန်းလိုက်ကြပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန် ဆုံး လွှတ်ပေးပါလို့ မနေ့က စနေနေ့ကကျင်းပပြီးစီးခဲ့တဲ့ စက်မှု ၈ နိုင်ငံ G-8 ထိပ်သီးညီလာခံမှာ ခေါင်းဆောင် တွေက တိုက် တွန်းတောင်းဆိုလိုက်ကြတာပါ။ စစ်အစိုးရ အနေနဲ့ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေနဲ့ ကျယ်ကျယ် ပြန့်ပြန့် ထိတွေ့ ဆက်ဆံပြီး အနှစ်သာရပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှု တွေလုပ်ကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။

တောင်ကိုရီးယားရေတပ် ချုံနမ်စစ်သင်္ဘောကို မြောက်ကိုရီးယားက နှစ်မြုပ်ခဲ့တာကို ပြစ်တင်ရှုတ်ချတာကအစ အီရန်က လူ့အခွင့်အရေးလေးစားလိုက်နာရေးနဲ့ တရားဥပဒေစိုးမိုးရေးအဆုံး စက်မှုထိပ်သီးတွေကတောင်းဆိုလိုက်ကြပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မြောက်ဘက် Muskoka အပန်းဖြေစခန်းမှာ ကျင်းပခဲ့တဲ့ စက်မှု ၈ နိုင်ငံထိပ်သီးညီလာခံ ဆုံးဖြတ်ချက်မူကြမ်းမှာ ဖေါ်ပြထားတာဖြစ်ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေဟာ သူတို့ရဲ့ရည်ရွယ်ချက်ကို နားလည်ခံယူထားတဲ့အတိုင်း အခြေခံကျကျ ပိုပြီး စည်းလုံး ညီညွတ်စွာနဲ့ ဆွေးနွေး နိုင်ခဲ့ကြတဲ့ ဒီလိုအစည်းအဝေးမျိုးကို သူဘယ်တုံးက မှ မတက်ရောက်ခဲ့ဘူးကြောင်း အိမ်ရှင် ကနေဒါဝန်ကြီးချုပ် StephenHarperကပြောပါတယ်။ ဒီစည်းလုံးညီညွတ်မှု စိတ်ဓါတ်ကို စနေနေ့ညနေပိုင်းမှာ စတင်မယ့် G-20စက်မှုနိုင်ငံ ၂၀ ထိပ်သီးညီလာခံကို သယ်ဆောင် သွားစေလိုတယ်လို့ Mr. Harper ကအလေးအနက်ပြောဆိုလိုက်ပါတယ်။

---------------------------------------------------------------------------------------------------------
နိုင်ငံရေးပါတီများ ခွဲခြား ကန့်သတ်ခံရ
ဇွန်လ ၂၆ ~ ဇူလိုင် ၀၃ ရက်နေ့ အစီအစဉ်မှာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေးပါတီများအနေနဲ့ စစ်အစိုးရကန့်သတ်ချက်များကို ရင်ဆိုင်နေရတဲ့အကြောင်း ပြည်တွင်းနိုင်ငံရေးပါတီ ခေါင်းဆောင်များရဲ့  ပြောဆိုချက်သတင်း။ စစ်အစိုးရ နျူကလီးယားထုတ်လုပ်ရေး ကြိုးပမ်းလုပ်ကိုင်နေတဲ့အကြောင်း အနုမြူစွမ်းအင်အေဂျင်စီ (Association of International Education Administrators-AIEA)အရာရှိဟောင်းတဦးရဲ့ရှင်းလင်းပြောဆိုချက်သတင်း။မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (UnitedNations Office on Drugs and Crime -UNODC)ပြောဆိုတင်ပြချက်သတင်း။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ရဲ့  မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသမားများ အခြေအနေ တင်ပြထားတဲ့ နယူးရော့ခ်မြို့  အနုပညာပြပွဲအကြောင်း။ ဘန်ကောက်မြို့ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ထိုင်းအနီဝတ်အုပ်စု ဆန္ဒပြပွဲခေါင်းဆောင် ဗိုလ်ချုပ် ခတ္တီရာ (Gen. Khattiya Sawasdiphol) ဇာပန အခမ်းအနားသတင်း။ တရုတ်ပြည် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမှု ဖြစ်ပေါ်နေတဲ့ သတင်း။ တောင်ကိုရီးယား နဲ့ ဂျပန် တက်ကြွသူများရဲ့  မြောက်ကိုရီးယားဆန့်ကျင်ရေး နိုင်ငံရေးဝါဒဖြန့် လုပ်ကိုင်နေမှု။ အမေရိကန်နိုင်ငံ အာဖဂန် ထိပ်တန်း စစ်ရေးဗျူဟာမှုး Gen. Stanley McCrystal တာဝန်မှ နုတ်ထွက်မှုသတင်း စတဲ့ မြန်မာ နဲ့ နိုင်ငံတကာ သတင်း နဲ့ ဆောင်းပါးများကို ဒီတပတ် ဇွန်လ နောက်ဆုံးပတ် တီဗွီမဂ္ဂဇင်း အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ-တီဗွီသတင်း
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)