Tuesday, July 26, 2011

ငြိမ်းချမ်းရေးလမ်းစ ရတော့မည်လော

ငြိမ်းချမ်းရေးလမ်းစ ရတော့မည်လော
(ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံဆွေးနွေးခြင်း)

ရန်ကိုရန်ချင်း မတုံ့နှင်းဘဲ
စိတ်ရင်းဆန္ဒ ရှိသမျှကို
တိကျမြော်တွေး တူဆွေးနွေးရန်
စုဝေးခါတော်မှီ ကြည်နှစ်ကြည်တို့
တူညီဆုံတွေ့ကြလေပြီ။

(ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်။)

ပြည်သူအပြား လူအများတို့
နှစ်ပါးကိုယ်စိတ် ချမ်းသာစိမ့်ငှာ
ချိတ်တွဲမူမကွဲ အတူလက်တွဲမည်။

တရားဥပဒေစိုးမိုးရေး
စိတ်ဝမ်းကွဲမှု ပပျောက်ရေး
အများအကျိုးဖြစ်ထွန်းရေး
အရေးသုံးရေး ထပ်မံဆွေးနွေးပြီး
မနှေးအကောင်ထည်ဖေါ်ပေးမည်။
ဟုတ်တော်ရှိ မဟုတ်တော်ရှိ
ပြည်သူများကတော့ စောင့်လို့ကြည့်။

ကိုကိုအောင်(ဆန်ဖရန်စစ္စကို) ဂျူလိုင် ၂၅ ၂၀၁၁