Saturday, July 16, 2011

သူရဲကောင်းတေး

သူရဲကောင်းတေး
သင်္ချိုင်းမြေက
ငါပြန်ထခဲ့တယ်
ရှုံးနိမ့်သူတွေလည်း
သူရဲကောင်းဖြစ်ခွင့်ရှိတယ်မဟုတ်လား.....။

တိုက်ပွဲမှာမနိုင်မှန်းသိလို့
ဓားလွှတ်ချသူတွေထဲမှာ
ငါမပါခဲ့ဘူး....။

လူမိုက်လို့တံဆိပ်ကပ်ချင်ကပ်
ကြောက်တတ်သူစာရင်းမှာ
ငါ့နာမည်မသွင်းနဲ့....။

သား.........တဲ့
အမေ့ခေါ်သံတစ်လုံးတည်း
ငါ ကုန်းရုန်းထခဲ့ပြီ....။

ဘာဖြစ်ဖြစ်ပေါ့
ကိုယ့်လမ်းကိုယ်ရွေးကြတာပဲ
နောင်တဆိုတာမပါကြေး.....။ ။

မောင်နီ( ဆေးတက္ကသိုလ် )