Wednesday, September 29, 2010

(၂၇-၀၉-၁၀)ရက်က ဗြိတိန် လေဘာပါတီ ညီလာခံမှာ )မဝေနှင်းပွင့်သုန်ရဲ့ Speech မြန်မာဘာသာပြန်.....

ကျွန်မအဖေကို ကျွန်မ ပထမဦးဆုံး မြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားကတဆင့် မြင်တွေ့ရတဲ့ အကျဉ်းထောင်ထဲက အခန်းလေးထဲမှာ ဖြစ်ပါတယ်။ ကျွန်မက ၄ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ သူ့ရဲ့ ၁၉၈၈ ခုမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင် တဲ့ အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့မှုကြောင့် အကျဉ်းကျခဲ့ပါတယ်။ အခုနောက်ထပ်တခါ၂၀၀၇ ခုနှစ် မှာ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့တဲ့ အရေးအခင်းမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် ၆၅ နှစ်နှင့် ၆ လ အကျခံထားရပါတယ်။ သူက ကျန်းမာရေး တော် တော်မကောင်း ဖြစ်နေပါတယ်။ သူ့မှာ နှလုံးရောဂါရှိပါတယ်။ ဒါပေမဲ့ သူဆက်လက် အသက်ရှင်ဖို့အတွက် လိုအပ်နေတဲ့ ဆေးဝါးကုသခွင့်ကို ငြင်းပယ်ခြင်းခံနေရပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အဖေဟာ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ထဲကမှ တဦးသာ ဖြစ်ပါတယ်။ များစွာသော အကျဉ်းသားတွေဟာ နှိပ်စက်ညှင်းပမ်းခြင်းကို ခံနေရပါတယ်။ သူတို့ဟာ ဆိုရွားလှတဲ့ အခြေအနေအောက်မှာ ရှိနေကြပြီး သမရိုးကျ ဆေးဝါးကုသခွင့်ကိုလည်း မရကြပါဘူး။

ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ဦးရေဟာ နှစ်ဆနီးပါး တိုးလာပါတယ်။ ဗိုလ်ချုပ်တွေဟာ ဒီမိုက ရေစီ ပြန်လည်တည်ဆောက်နေပါတယ်လို့ ကမ္ဘာကိုပြောနေပါတယ်။ နိုဝင်ဘာမှာ သူတို့က ရွေးကောက်ပွဲပြုလုပ်ဖို့ ရှိပါ တယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲက မြန်မာပြည်ကို စစ်မှန်တဲ့ ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးမည့် ရွေးကောက်ပွဲ မဟုတ် ပါဘူး။ ဒီရွေးကောက်ပွဲဟာ စစ်အာရှင်စနစ် ဆက်လက်အာဏာ ချုပ်ကိုင်ထားဖို့အတွက် ပုံဖေါ်ထားတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ စစ်သားတချို့ စစ်ယူနီဖေါင်းက နေ အရပ်ဝတ်လဲလိုက်တဲ့ အပြောင်းအလဲသာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဘာမှမကွာခြားသွားတဲ့ အာဏာရှင်တမျိုးတည်းကို အရပ်ဝတ်နဲ့ ပုံစံပြောင်းပြီး ထပ်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူတွေ ခံစားနေရတဲ့ ဝေဒနာတွေက ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်မ ပြောပြချင်တာက ကျွန်မတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဆက်လက်ပြီး အကျဉ်းကျနေပါတယ်။ သူမရဲ့ ပါတီဟာ ဖျက်သိမ်းခြင်း ခံထားရပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်ပြီး ဘယ်သူပဲ ဘာပဲပြောပြော အကျဉ်းချခြင်း ခံရပါတယ်။ ဟာသ လုပ်တာတောင်၊ ကဗျာလေး စပ်တာတောင် အကျဉ်းကျခံကြရတယ်။ မီဒီယာ ဆင်ဆာကလည်း များသထက်များလာနေပါတယ်။ မြန်မာပြည် အရှေ့ပိုင်းက တိုင်းရင်း သားလူအနည်းစု ဧရိယာတွေမှာ အရပ်သားတွေကို ၀င်ရောက်တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေကို ဖျက်ဆီးခံရတာ၊ ရွာတွေမီးရှို့ခံရတာနဲ့ ကလေးတွေ၊ ကလေးငယ်ငယ်လေးတွေပါမကျန် ပစ်သတ်ခံရတဲ့ အစီရင်ခံစာတွေကို Burma Campaign UK က လက်ခံရရှိထားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်း ကျေးရွာပေါင်း ၃၅၀၀ ကို ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ ဒါတွေဟာ စစ် အာဏာရှင်တွေက ကျွန်မတို့နိုင်ငံအတွက် ဒီမိုကရေစီ ဖေါ်ဆောင်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ ဒါတွေဟာ အာဏာကို သူ့အလိုလို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်တဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားတွေရဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ လေဘာပါတီနဲ့ မြန်မာနိုင်ငံအရေးကို ထောက်ခံအားပေးတဲ့ လေဘာအစိုးရကို ကျေးဇူးတင်စကား ပြောကြားချင်ပါတယ်။ လေဘာအစိုးရ (UK) ဟာ ကမ္ဘာပေါ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ အကြောင်း ကြေညာတဲ့ ပထမဦးဆုံး အစိုးရဖြစ်ပါတယ်။ သင်တို့အနေနဲ့ ဒီထက်ပိုမို အရှိန်ပြင်းတဲ့ တွန်းအားတွေနဲ့ ဆက်လက် ဦးဆောင်ပြီး မြန်မာနိုင်ငံအပေါ် EU က စီးပွားရေး ပူပေါင်းဆောင်ရွက်မှု ဖြတ်တောက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းပေးမှု ဖြတ်တောက်ရန် တို့အတွက် ဖိအားပေးလုပ်ဆောင်ပေးပါ။ ကျွန်မအနေနဲ့ လေဘာအစိုးရ ၀န်ကြီးချုပ်ဟောင်း Mr Gordon Brown, နှင့် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Mr David Miliband တို့ကို ကျွန်မတို့ မြန်မာနိုင်ငံ လွတ်မြောက် ရေးအတွက် လုပ်ရှားမှုကို ဘာအကျိုးအမြတ်မှ မရှိဘဲ လှိုက်လှဲစွာ ထောက်ခံအားပေးမှုအတွက် အထူးကို ကျေးဇူးတင် ကြောင်း ကျွန်မ ပြောကြားပါတယ်(လက်ခုပ်သံများ) ။ ဒီအတွက် ကျွန်မတို့ တကယ်ပဲ ၀မ်းမြောက်ရပါတယ်။

ဒါပေမဲ့ ကမ္ဘာကုလသမဂ္ဂကိုတော့ ကျွန်မအနေနဲ့ အခုပြောတဲ့အတိုင်း မပြောနိုင်ပါဘူး။ ကျွန်မတို့မှာ UN အထွေထွေ အတွင်းရေးမှူးဆီက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း message တွေမကြာခဏ လက်ခံရရှိပါတယ်။ ဒါပေမဲ့ ဘာလုပ်ဆောင်ချက်မှ မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်လို့ ထပ်ခါတလဲလဲ ဂတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ဂတိမတည်ဘူး။ UN ကလည်း အခြေအနေ အပြောင်းအလဲကို စောင့်ကြည့်ရအောင်လို့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ သေကြရ မည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရမည့် အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ နောက်ထပ် ရွာတွေထပ်ပြီး မီးရှို့ခံရမည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်ဖို့လိုသေးလဲ။ မျိုးဆက်တခုပြီးတခု ကလေးတွေဟာ ငတ်မွတ်ခေါင်းပါးကာ ကြောက်လန့်တကြားနဲ့ ကြီးပြင်းလာခဲ့ရတယ်။ သူတို့ရဲ့ ကလေးတွေကို ဆုံးရှုံးခဲ့ရတယ်။ UN နဲ့ တခြားတိုင်းပြည်ရဲ့ အစိုးရတွေဟာ ဒါကို လစ်လျူ ရှုကာ ဘာမှမလုပ်ပေးနိုင်ဘဲ နေမြဲတိုင်း နေနိုင်တယ်။ ဒီလို အဖြစ်ဆိုးတွေကို ဆက်လက်ပြီး လက်ခံနေလို့ မဖြစ်ဘူး။

မှန်ကန်တဲ့ ဖိအားမျိုးကို ပေးနိုင်ခြင်း မရှိခဲ့တဲ့အတွက် မြန်မာပြည်က ဗိုလ်ချုပ်တွေဟာ ဖိအားဆိုတာကို လုံးဝဂရုမစိုက်ဘူး။ နိုင်ငံတကာ ဖိအားဆိုတာ တကယ်ပဲ မရှိမဖြစ် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အသုံးပြုလို့ ရသမျှ ဖိအားမှန်သမျှကို ကျွန်မတို့ အသုံးပြုဖို့ လိုပါတယ်။ ဗိုလ်ချုပ်တွေကို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေး ရေး ဖြစ်လာအောင် ဖိအားပေးဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ ပိုမိုပြင်းထန်ပြီး ပိုမိုကောင်းမွန်တဲ့ စီးပွားရေး ပိတ်ဆို့မှုကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စစ်အုပ်စုကို ဒီလို စေ့စပ်ရေးအတွက် ဖိအားပေးဖို့ UN ဦးဆောင်တဲ့ စေ့စပ် ဆောင်ရွက်ရေး အောက်မှာ ကျွန်မတို့ ကမ္ဘာကြီး တခုလုံး ညီညွတ်ဖို့ လိုအပ်ပါတယ်။ UN ကော်မရှင်ကသွားပြီး စစ်အုပ်စုရဲ့ လူသား တွေအပေါ် ကျူးလွန်တဲ့ ကမ္ဘာ့ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကို ဆောင်ရွက်ဖို့ လိုပါတယ်။

ဒီရွေးကောက်ပွဲကြီး ပြီးသွားရင် ကျွန်မအဖေတို့ကို ထောင်ထဲ သွင်းထားတဲ့ ဥပဒေတွေ အပါအ၀င် စစ်အာဏာရှင်စနစ်ကို ထောက်ပံ့ပြီး မတရား ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေ အားလုံး တရားဝင် ဖြစ်သွားလိမ့်မယ်။ တခါတလေ ကျမမှာ မျှော်လင့်ချက်ကင်းမဲ့သလောက်နီးပါး ခံစားရမိပါတယ်။ တခါတလေ ကျမအဖေကို ကျမတသက် ဘယ်တော့မှ ပြန်တွေ့ နိုင်တော့မှာ မဟုတ်တော့ဘူးလို့ ထင်မိတယ်။ ဒါပေမယ့် ကျမဟာ ကျမအဖေရဲ့ ရဲစွမ်းသတ္တိရှိမှုကို အမှတ်ရနေပါတယ်။ သူဟာ ဘယ်လောက်ပဲ ဝေဒနာ ခံစားနေရပါစေ သူဘယ်တော့မှ ယုံကြည်ချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူး ဆိုတာ ကျွန်မ သိနေတယ်။ ကျွန်မတို့ဟာ လွတ်လပ်မှုရဲ့ အောင်ပွဲကို ဆင်နိုင်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီအတွက် သင်တို့ရဲ့ အကူအညီကို လိုအပ်ပါတယ်။ သင်တို့ဟာ တောင်အာဖရိကကို အကူအညီပေးဖို့အတွက် ရောက်ခဲ့ပါတယ်။ ထို့အတူ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုအတွက်လည်း အကူအညီပေးကြပါ။ ကျေးဇူးတင်ပါတယ်။

Sunday, September 26, 2010

ကျွဲရေလိုနှယ် ဒုံးခံတော့မယ်

သူ့အရပ်နဲ့ သူ့ဇာတ်
အောက်သားတွေက အညာသား ပဲစားလို့ ခေါ်ကြတာ မမှားပါဘူ။ စိတ်ဆိုးစရာလည်း အကြောင်း မရှိပါဘူး။ အောက်သားက ငါးပိ စားတယ်။ အညာသားက ပဲစားတယ်။သူ့အရပ်နဲ့ သူ့ဇာတ်ပဲ။ ဘာမှ မထူးဆန်းဘူး။ ဒါကြောင့် ကျွန်တော် ပဲကြိုက်တာကို အထွေအထူး စာဖွဲ့ စရာ မရှိပါဘူး။ ဒါပေမယ့် နည်းနည်း ထူးခြား တာလေး တစ်ခုတော့ ပြောချင်တယ်။ လူတွေရဲ့ ထူးဆန်းတဲ့ သဘာဝကို သိစေချင်လို့ပါ။ အညာ သားဆိုတော့ ကျွန်တော်က ပဲအားလုံးကြိုက် တယ်။ အဲဒီထဲက စားတော်ပဲကိုတော့ ထူးထူး ကဲကဲကို ကြိုက်ပါတယ်။ ပဲပြုတ်နဲ့ ထမင်းဆို ဘယ်တော့မှ ရိုးတယ်၊ အီတယ်ဆိုတာ မရှိဘူး။ နေ့တိုင်း စားနိုင်တယ်။

ပဲပြုတ်ပါရင် အကုန်ကြိုက်
မနက် အိပ်ရာ ထတာနဲ့ ပဲပြုတ်နဲ့ ထမင်း ဒါမှမဟုတ် ဆီထမင်းနဲ့ ပဲပြုတ်၊ ငချိတ်ပေါင်းနဲ့ ပဲပြုတ်၊ ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ် စားရတာ နှစ်ခြိုက်တယ်။ တစ်ခါတလေ အပြောင်းအလဲ အဖြစ် နံပြားနဲ့ ပဲပြုတ်လို ထပ်တစ်ရာနဲ့ ပဲပြုတ်လို စားတဲ့အခါ စားတယ်။ ပဲပြုတ်ကို ဘယ်တော့မှ မုန်းတယ် မရှိဘူး။ နေ့ခင်းနေ့လယ် အပျင်းပြေ အဖြစ် စားတော့လည်း ပဲပြုတ်နဲ့ မုန့်ပြား သလက်၊ ပဲပြုတ်နဲ့ မုန့်ပေါင်း၊ ပဲပြုတ်နဲ့ မုန့်လင်မယား စတဲ့ အညာမုန့်တွေပဲ စားတယ်။ ပေါက်စီတောင်မှ ပဲပေါက်စီပဲ စားတယ်။ ၀က်သားပေါက်စီ မကြိုက်ဘူး။ ငယ်ငယ်ကစားရတဲ့ သကြားပေါက်စီလည်း ကြိုက်တယ်။ ဒါပေမယ့် သကြား ပေါက်စီက ခုခေတ်မှာ မတွေ့ရ တော့ဘူး။

ပဲပြုတ်နဲ့ မျှစ်ကြော်
ထမင်း ပွဲမှာလည်း ဟင်းရံအဖြစ် မျှစ်နဲ့ ပဲပြုတ်ကြော် ပါရင်စားလို့ အင်မတန် မြိန်တယ်။ အထက်မှာ ပြောခဲ့တဲ့ ထူးခြားတာလေး တစ်ခု ပြောချင်တယ် ဆိုတာ မျှစ်နဲ့ ပဲပြုတ်ကြော် အကြောင်း ဖြစ်ပါတယ်။ အခု ဒီတစ်နှစ်လောက် အတွင်း စားရတဲ့ မျှစ်ကြော်တွေက ဖြူဖပ်ဖြူရော်နဲ့မို့ ကြည့်မလှဘူး။ အရင်လို နီနီရဲရဲလေး မဟုတ်တော့ စားရတာတောင် ပေါ့ရွှတ်ရွှတ် ဖြစ်နေတယ်လို့ ထင်မိတယ်။ အရင်ကတော့ မျှစ်တွေကို ဆိုးဆေးနဲ့ ပြုပြင်ထားတော့ နီနီရဲရဲနဲ့ အမြင်လှတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော် နှစ်နှစ်လောက်က စပြီး အစားအသောက်တွေမှာ ဆိုးဆေး ထည့်တာတွေကို ဖမ်းတယ် ဆီးတယ်လုပ်တော့ မျှစ်တွေလည်း ဆေးမဆိုးတော့ဘဲ သဘာဝ အတိုင်းပဲ ရောင်းကြတော့တယ်။

အတုတွေနဲ့ ယဉ်ပါးသွားလို့
လူ့သဘာဝက မထူးဆန်းဘူးလားဗျာ။ ဆိုးဆေး မျိုးစုံနဲ့ ပြုပြင် ဖန်တီးထားတဲ့ အတုတွေကို စားနေကျ ဖြစ်နေတော့ အစစ်အမှန်ကို အစစ်အမှန် သဘာဝ အတိုင်း စားရတာတောင် အတုလို စားလို့ မကောင်းဘူးတဲ့လေ။ ထူးဆန်းတာ မှန်ပေမယ့် လူတွေကို အပြစ် မတင်ပါဘူး။တစ်သက်လုံး အတုတွေနဲ့ ယဉ်ပါး လာခဲ့ကြရတာကိုး။ အတုတွေကိုပဲ အဟုတ် ထင်နေကြမှာပေါ့။ ခုခေတ် ကမ္ဘာ တစ်ခုလုံးမှာ လူသားတွေ ရှက်စရာကို ရှက်စရာမှန်း မသိကြတော့တာ၊ ကြောက်စရာကို ကြောက်စရာမှန်း မသိကြတော့တာတွေကို စိတ်ပျက်လက်ပျက် ဖြစ်မိတဲ့ အခါတိုင်း အတုတွေနဲ့ ယဉ်ပါးသွားတဲ့ သဘောကို ဆင်ခြင် သုံးသပ်ပြီး ခွင့်လွှတ် ပေးလိုက်ကြပါ တော့လို့ပဲ ပြောချင်တယ်။

အနိဋ္ဌာရုံတွေချည်းပဲ
အဲဒီလို နှလုံး မသွင်းတတ်ရင်တော့ ဒီလူ့လောကကြီးက တစ်စက်ကလေးမှ နေလို့ ကောင်းမှာ မဟုတ်ဘူး။နေရာတိုင်း အနိဋ္ဌာရုံတွေချည်းပဲ။ လူသားတွေ ရက်စက်ကြမ်းကြုတ် လိုက်ပုံများကလည်း ပြောလို့ ယုံနိုင်ဖွယ် မရှိဘူး။ခရီးသည် အပြည့်ပါ လာတဲ့ လေယာဉ်ပျံ ကြီးတွေကို အပိုင်စီးပြီး လူတွေထောင် သောင်းချီ ရှိနေတဲ့ မိုးမျှော်တိုက်ကြီးတွေကို ၀င်ဆောင့်ပစ်တဲ့ ကြမ်းကြုတ်မှုမျိုး ဘယ်ခေတ်က ကြားခဲ့ဖူးလို့လဲ။ အရူးကိုယ်မှာ ဗုံးတွေ ချိတ်ပေးလိုက်ပြီး ဈေးထဲမှာ လျှောက်ပြေး ခိုင်းတာမျိုးလည်း ဘယ်တုန်းက ကြားခဲ့ဖူးလို့လဲ။ တကယ့်ကို ပစ္စန္တရာဇ် အရပ်လို့ ပြောရမှာပဲ။

မြင်သူရှက်ခေတ်
ရက်စက် ကြမ်းကြုတ်တဲ့ နေရာမှာသာ ကမ်းကုန်တာ မဟုတ်ဘူး။ အရှက်တို့၊ ဂုဏ်သိက္ခာတို့ ကင်းမဲ့တဲ့ နေရာမှာလည်း ယိုသူ မရှက် မြင်သူရှက် ဆိုတဲ့ စကားအတိုင်း ဖြစ်ချင်တိုင်းကို ဖြစ်နေကြတော့တာ။ မိန်းကလေးတွေ ပေါင်ပေါ် ဒူးပေါ်ချက်ပေါ် ၀တ်တယ် ဆိုတာက ဒီခေတ်မှာ အတော် ယဉ်ကျေးတာလို့ ချီးကျူးရမှာ။ အခုက ကျောတစ်ပြင်လုံးနဲ့ ရင်ဘတ်အထက်ပိုင်း တစ်ခုလုံး ဗလာကျင်းထားတဲ့ ရင်ရှားနဲ့ အလှူမင်္ဂလာ ဆောင်ပွဲနေပွဲထိုင် သွားနေကြတာ။ တချို့က စင်ပေါ်တက်ပြီး ဆတ်ကော့ လတ်ကော့တောင် လုပ်ပြကြသေး တယ်။ဘီကီနီ ၀တ်ပြီး ဓာတ်ပုံ အရိုက်ခံ တာများ ဘာဆန်းလို့လဲလို့ ပြောတဲ့သူက ပြောသေးတယ်။

မျက်နှာမပျက် ပြောထွက်တယ်
ဝတ်စား ဆင်ယင်မှုသာ မြင်သူ ရှက်ဖြစ်တာ မဟုတ်ဘူး။ စိတ်ဓာတ်ရေးရာနဲ့ ဂုဏ်သိက္ခာပိုင်း ဆိုင်ရာတွေမှာလည်း ဘာမှတယ် မထူးဘူး။ ကာယကံ ရှင်တွေက ရှက်ရကောင်းမှန်း မသိဘူး။ဘေးလူကသာ ရှက်နေကြရတာ။မလွှဲ မရှောင်သာတဲ့ အကြောင်းကိစ္စ တစ်ခုခုကြောင့် မဆက်ဆံချင်ဘဲ ဆက်ဆံရ တဲ့ အခါမျိုးတွေမှာ ကိုယ်ကသာ အားတုံ့ အားနာနဲ့ နှုတ်မရဲ လျှာမရဲ ဖြစ်နေကြတာ၊ သူတို့ကတော့ မထူးဆန်းတဲ့ ကိစ္စလိုပဲ၊ ဘယ်လောက်ပေးမှ လုပ်ပေးနိုင်တယ် ဆိုတဲ့စကားကို မျက်နှာတစ်ချက် မပျက် ပြောထွက်ရဲကြတယ်။ ယူတော့လည်း စားပွဲအောက်က ယူတာတို့၊ မုန့်ပုံးထဲ ထည့်ယူခဲ့ ခိုင်းတာတို့ မရှိပါဘူး။ ဗြောင် ပေး ဗြောင်ယူပါပဲ။ ပွင့်လင်း လွတ်လပ်တဲ့ ခေတ်ဆိုတာကြောင့်ပဲလား မသိ တော့ပါဘူး။

သိက္ခာဆိုတာ ဟန်ဆောင်ခြင်းတဲ့
လူ့ဂုဏ်သိက္ခာ ဆိုတာ ဘာမှန်း ညာမှန်း မသိ နေလာခဲ့တာ ကြာပြီဆို တော့ ဆေးဆိုးတဲ့ မျှစ်ကို အကောင်း ထင်နေသလိုမျိုး၊ ဂုဏ်သိက္ခာမဲ့ နေထိုင် ခြင်းမှာ ယဉ်ပါးပြီး နေသား ကျနေကြတာနဲ့ တူပါတယ်။ ဂုဏ်တို့၊ သိက္ခာတို့ ဆိုတဲ့ စကား ဒီခေတ်မှာ ပြောသံဆိုသံတောင် တယ်ပြီး မကြားရတော့ပါဘူး။ သိက္ခာကို ဟန်ဆောင်ခြင်း ဆိုပြီး ကဲ့ရဲ့ချင် သူတွေတောင် ရှိကြတယ်။ ပွင့်လင်းမှု၊ ရိုးသားမှုကို တန်ဖိုးထားတယ်လို့ အသံကောင်း ဟစ်သူတွေက ဟစ်ကြတယ်။

ယိမ်းသမားတွေ ဖြစ်ကုန်ပြီ

ဂုဏ်သိက္ခာတော့ အထိပါး မခံနိုင်ဘူး။လျှာမြက်ပေါက်ချင် ပေါက်ပါ စေဆိုတဲ့ လူမျိုးကို ဒီခေတ်က အရူးလို့ သဘော ထားကြတယ်။ ခေတ်နဲ့အညီ လိုက်လျော ညီထွေဖြစ်အောင် ရောယိမ်းလိုက် ဘသား ယိမ်းလိုက် လုပ်တတ်တာကိုမှ လက်တွေ့ကျတာ၊“ပရတ်မားတစ်”(Pragmatic) ဖြစ်တာလို့ ချီးကျူး ကြတယ်။ဒီလိုနဲ့ပဲ လူတွေ အားလုံး“ယိမ်း သမား”တွေ ဖြစ်ကုန်ကြတော့တယ်။ မူ (Principle)တို့၊ ယုံကြည်ချက် (Conviction) တို့ ဆိုတဲ့ စကားတွေဟာ သိက္ခာဆိုတဲ့ စကားလိုပဲ ကွယ်ပျောက်တော့မလောက် ဖြစ်နေပြီ။ ပြောသံဆိုသံ တယ်မကြားရတော့ဘူး။

စိတ်မကောင်းစရာ မြင်ကွင်း
တစ်ညက ရုပ်မြင်သံကြားမှာ နိုင်ငံခြား သတင်းတွေ ကြည့်နေရင်းနဲ့ ထိုင်းနိုင်ငံမှာ ကွန်တိန် နာကားမှောက်လို့ တရားမ၀င် ခိုးဝင်လာတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေ သုံးဆယ်ကျော် သေတဲ့သတင်း တွေ့ရတယ်။ ပွဲစားက တစ်ဆင့် အလုံပိတ် ကွန်တိန်နာ ကားကြီးနဲ့ ဘန်ကောက်ကို အလာလမ်းမှာ ကားမှောက်တာ ဖြစ်တယ်။ အသက်မသေ ကျန်ရစ်တဲ့ ယောက်ျား၊ မိန်းမ သုံးဆယ်လောက်ကို လမ်းဘေးမှာ ငုတ်တုတ် ထိုင်ခိုင်းပြီး ထိုင်းပုလိပ်တွေက စောင့်ကြပ်နေကြ တယ်။ထိုင်းပုလိပ်တွေ လက်ထဲမှာ ကြိမ်လုံး ကိုယ်စီ ကိုင်ထားပြီး ထိုင်နေသူတွေရဲ့ ခေါင်းတွေကို လိုက်ရိုက်နေတာလည်း တွေ့ရတယ်။ကြည့်ပြီး စိတ်မကောင်း ဖြစ်လိုက်ရတာ။ ဒီသတင်းမျိုးတွေ မကြာခဏ မြင်နေကြားနေရတယ်။

ရေကြည် မြက်နုရာ
တစ်ခါတလေ ကျတော့ တောထဲမှာသတ်ပြီး စွန့်ပစ်ထားတဲ့ မြန်မာတွေ လေးငါးခြောက် ယောက်ရဲ့ အလောင်း တွေ့ရတဲ့ သတင်းတွေ ကြားရမြင်ရတယ်။ မိန်းကလေးများဆို မတော်တရော် ပြုပြီးမှ အသတ် ခံကြရတာ များတယ်။ ဘယ်သူ ဘယ်ဝါတွေမှန်းလည်း မသိကြရဘူး။ ရေကြည်ရာ မြက်နုရာ သွားလာလှုပ် ရှားကြရင်း အသက်စွန့် သွားရှာကြရတာ။ဒီဘက်မှာ ကျန်ရစ် ကြတဲ့ မိဘ ဆွေမျိုးများကတော့ ဘယ်သိ ကြမှာလဲ။ တစ်နေ့ ပြန်လာနိုးနဲ့ လည်ပင်း ညောင်ရေအိုး ဖြစ်နေကြမှာပါ။ ရင်နာစရာ ဘယ်လောက် ကောင်းလိုက်ပါသလဲ။

မလိုလားတဲ့ မျက်နှာတွေ
တရားမ၀င် သွားကြသူတွေသာ ဒီလို အဖြစ်ဆိုးတွေ ကြုံရတာ မဟုတ်ဘူး။ပတ်စ်ပို့ ကိုင်ပြီး တရားဝင် သွားရောက် သူတွေလည်း ထိုင်းလေဆိပ် ရောက်တာနဲ့ ဂုဏ်သိက္ခာ အချိုးအဖဲ့ ခံကြရတာ ဖြစ်ပါတယ်။ လူဝင်မှု ကြီးကြပ်ရေး ရှေ့ရောက်တာနဲ့ မြန်မာ ပတ်စ်ပို့ ကိုင်လာသူတွေ အားလုံးကို ဘေးမှာ ဖယ်ထားပြီး တခြားလူမျိုး တွေကို အရင်စစ်ဆေး သွားခွင့်ပေးတယ်။ လူအား လုံးကုန်မှ မြန်မာတွေကို အိတ်သွန်ဖာမှောက် ရှာဖွေ စစ်ဆေးတယ်။ မျက်နှာထား တွေကလည်း မလိုလားအပ်တဲ့ သူတွေကို ကြည့်တဲ့ မျက်နှာမျိုး။ တို့တိုင်းပြည်ထဲ လာရှုပ်မယ့် လူတွေပဲဆိုတဲ့ အကြည့်မျိုး။

ငါ့ဝမ်းပူ ဆာမနေသာ
ဒါတွေ အားလုံးဟာ လူ့ဂုဏ်သိက္ခာကို ချိုးဖဲ့ နင်းခြေခံရတာတွေပဲ မဟုတ်ဘူးလား။ တရား မ၀င် ၀င်ရောက်လာတာပဲ ဖြစ်စေဦးတော့ ဥပဒေ အရ ဖမ်းဆီး အရေးယူ အပြစ် ပေးနိုင်တာပဲ။ ကြိမ်နဲ့ ရိုက်စရာ မလိုပါဘူး။ ဘယ်နိုင်ငံ ဥပဒေကမှလည်း ရိုက်နှက်ခွင့် ပေးမထားကြပါဘူး။ ဒီလိုနိုင်ထက် စီးနင်း လုပ်တာတွေ ခံနေရတဲ့ ကြားကလည်း သွားတဲ့ လူတွေက သွားနေကြတာပဲ။ ဥပကနဲ့ မဆာဝါ တစ်ခါတလေ ကျတော့လည်း ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး ပမာ လူ့ဂုဏ်သိက္ခာ မှန်သမျှကို အောက်ဆုံး အဆင့်ထိ လျှော့ချ ထားခဲ့တဲ့ ဥပက တက္ကဒွန်းကြီးတောင်မှ မဆာဝါရဲ့ စော်ကားလွန်းမက စော်ကားတာတွေကို ခံရပါများ တဲ့အခါ နောက်ဆုံးကျတော့ မဆာဝါကို စွန့်ပစ် ထွက်ခွာ သွားခဲ့တဲ့ အဖြစ်ကိုသွားပြီး စဉ်းစားမိတယ်။ မဆာဝါရဲ့ စော်ကားပုံကို စလေအညာက ကဝေဆရာ ဦးပုညဖွဲ့ဆို ထားပုံကိုလည်းကြည့်ပါဦး။

မဆာဝါရဲ့ အဆဲ
“ကြိုးလေးမြွာကြိမ် ပုခက်ကယ်နှင့်၊ စက်ပါရော့ သားညို ရွှေတောင်၊ ခက်ပါရော့မောင်။
စက်အောင်လို့ လွှဲပါတယ်ကို၊ သားမောင်ငယ် ပုခက်ထဲက စွဲကျင့်လို့ငို။
မင်းဖေအို မောင်လူထွက်လိုဘဲ အားတက်သလား၊
သားမောင်ရွှေသွယ်၊ မင်းကျင့် ဆိုးလှတယ်။
မကျယ်ပါနှင့် သည်းချာရွှေရိုး၊ မင်းဖအေရ ဟန်းကျိုး။
ရဟန်းကျိုးပီပီ၊ ကျောင်းဆောင်ထဲမှာ ပျော်လည်း မပျော်လို၊
လူလူလိုလို ရှိပါပဲနှင့်၊ လူထဲကို လာပြန် ချင်တယ်၊ ဘိုးလူ ထွက်ကယ်။
မင်းမွေးမေ ငါက ဆဲရင်လ၊ မင်းဖေအို မောင်ခပြဲမှာတဲ့။ မုန်းနိုင်ဘဲ ကျွဲရေလိုနှယ်၊ ဒုံးခံတော့တယ်။
မင်းမွေးမေ သည်လူထွက် ကိုတဲ့၊ ခါခါလေ စေတနာ ပျက်ပါလို့၊ အသက်ကယ် သေပါစေလို့၊ တောင်းတဲ့ဆုကို။ မသေလိုပါနိုင်ဘဲနှင့်၊ သည်မွေး မောင်တေတေး၊ ကြွင်းပြန်ရစ်သေး၊ ဧလည်းယင်ယင်ဧ။
ရွှေစင်ရင်သွေး မယ့်သားလေး၊ ဧလည်း ယင်ယင်ဧ။”

လူတိုင်းမှာ ဂုဏ်သိက္ခာ ရှိတယ်
လူ့ဂုဏ်သိက္ခာကို အဆုံးစွန်ထိ နင်းချေခံ လိုက်ရတဲ့ အခါကျတော့ ကျွဲရေလို ဒုံးပေကပ် သပ်တင်း ခံခဲ့တဲ့ ဥပကကြီးရဲ့ ခံနိုင်ရည် စွမ်းအင် ကျိုးပေါက် သွားခဲ့ရပြီး ဆာဝါကို ကျောခိုင်းစွန့်ပစ် လိုက်တော့တယ်။ ဘယ်လောက်ပဲ ခံနိုင်ရည် ရှိတယ်ဆိုဆို နောက်ဆုံးဆိုတဲ့ အဆင့်တစ်ဆင့် ကတော့ ရှိစမြဲ ဖြစ်တယ်။ ဆာဝါလို နိုင်တိုင်းဖိ ထောင်းတာ မကောင်းဘူး။ ဥပကလို ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးတောင်မှ နာလွန်းမက နာတဲ့ အခါကျတော့ သူ့နည်းနဲ့သူ တုံ့ပြန်တတ်တယ်။ လူဆိုတာ ဘယ်လောက်ပဲ နိမ့်ကျ နေပါစေ။“လူ” ဆိုတဲ့ ဂုဏ်သိက္ခာတော့ ရှိစမြဲဖြစ်တယ်။ ဒီဂုဏ်သိက္ခာ အတွက် အသက်စွန့်ဖို့ ၀န်မလေး တတ်ခြင်းဟာလည်း လူသားတို့ရဲ့ ဂုဏ်အင် လက္ခဏာ တစ်ခုဖြစ်တယ်။ လောကမှာ ဒီလို လူစားတွေ အများကြီးရှိတယ်။

လူထုစိန်ဝင်း
(ပေဖူးလွှာ မဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၁၀)

Saturday, September 25, 2010

ရွှေဝါရောင်တော်လှန်ရေး (၃) နှစ်မြောက်အထိမ်းအမှတ် ရေဒီယိုကမ်ပိန်းပြုလုပ်ခြင်း…

ရွှေဝါရောင်တော်လှန်ရေး (၃) နှစ်မြောက် အထိမ်းအမှတ်
ရေဒီယိုကမ်ပိန်း ပြုလုပ်ခြင်း…
ရက်စွဲ …စက်တင်ဘာလ( ၂၆ )ရက် ၊၂၀၁၀-ခုနှစ်

၂၀၁၀ ပြည့်နှစ် စက်တင်ဘာလသည် ရွှေဝါရောင်တော်လှန်ရေးဟူ၍ ကမ္ဘာတဝှမ်းလုံးမှ သိရှိခဲ့သော ရဟန်းသံဃာတော်များ၏မေတ္တာလက်နက်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး တိုက်ပွဲ၏ (၃) နှစ်မြောက် အခါသမယ ဖြစ်သည်။ စစ်အာ ဏာရှင်အစိုးရမှ၎င်းတို့သက်ဆိုးရှည်စွာဖြင့် တိုင်းပြည်နှင့် လူမျိုးပေါင်းစုံပြည်သူလူထုအပေါ် တရားဝင် အဓမ္မ ဆက်လက်ဖိနှိပ် နိုင်ရန်အတွက် ရေးဆွဲထားသည့်၂၀၀၈-အခြေခံဥပဒေကို အတင်းအကြပ် အတည်ပြုနိုင်ရေးနှင့် စစ်အာဏာရှင်စနစ် ဆက် လက် ရှင်သန်တည်မြဲရေးအတွက်နိုဝင်ဘာ(၇)ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် စီစဉ်ထားပြီဖြစ်သည်။ ဤ ရွေး ကောက်ပွဲသည် ဒီမိုကရေစီစနစ်၊ လူ့အခွင့်အရေးနှင့်တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ဖေါ်ဆောင်ပေးနိုင်မည့် ရွေးကောက်ပွဲ မဟုတ်ပေ။ တိုင်းသူပြည်သားများအား စစ်ကျွန်အဖြစ်သွတ်သွင်းမည့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ် သည့်အတွက် လူမျိုးစုံ ပြည်သူလူထုတရပ်လုံးအနေဖြင့် နအဖစစ်အုပ်စု၏ရွေးကောက်ပွဲအား စွမ်းနိုင်သည့်ဘက်မှ မဲမပေးပဲ ဆန့်ကျင် တိုက်ဖျက်ကြပါရန် သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ တိုက်တွန်းနိုးဆော်လိုက်ပါသည်။

ယမန်နှစ် အမျိုးသားနေ့တွင် ရေဒီယိုများဖြန့်ဝေခဲ့သလို ယခုတဖန် ရွှေဝါရောင်တော်လှန်ရေး (၃)နှစ်မြောက် အထိမ်းအမှတ် အဖြစ်ပြည်သူများအား တိုင်းပြည်အတွင်း ဖြစ်ပျက်နေသော အခြေအနေ သတင်းဖြစ်ရပ်မှန်များနှင့် စစ်အာဏာရှင်များ၏ ပြည်သူများအပေါ်လှည့်ပတ်လိမ်လည် ဖုံးကွယ်ကောက်ကျစ်နေမှုများကို အမှန်အတိုင်း ကြားနိုင်သိနိုင်ပြီး စစ်အာဏာရှင်များ ဖြုတ်ချရေး၊ အစစ်အမှန်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲခေါ်သံများကို ကြားသိနိုင်ရေးအတွက် ရဟန်းရှင်လူ ပြည်သူအပေါင်းအား မိမိတို့သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ရေဒီယိုများဝေငှရန် စီစဉ်ရခြင်းဖြစ်သည်။

စစ်အာဏာရှင်အစိုးရ၏ ရက်စက်ယုတ်မာမှုသည် ယခုလတ်တလောဖြစ်ပျက်ခဲ့သည့် ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက် လူသတ်ပွဲကို ကြည့်မည်ဆိုလျှင်၎င်းတို့၏ သရုပ်အမှန်ကို သိမြင်နိုင်မည်ဖြစ်သည်။ ပဲခူးမြို့နေ ပြည်သူများ ရေကြီး၍ စားဝတ်နေရေး ဒုက္ခ ရောက်နေချိန်တွင် စစ်အစိုးရမှအကူအညီ မပေးသည့်အပြင် မြို့လယ်ခေါင်တွင် ပြည်သူကို ရန်သူသဖွယ် ဆဲဆိုအော်ဟစ် စိန် ခေါ်ရင်း လူသတ် လက်နက်ကို စည်းကမ်းမဲ့အသုံးပြုပြီး လူငယ်(၂)ဦးအား ရက်စက်စွာ ပစ်သတ်သွားခဲ့သည်။ လူသတ် တ ရားခံများအား ဖေါ်ထုတ် အရေးယူရမည့် အစား အသတ်ခံရသူလူငယ်များအား တရားခံများဖြစ်အောင် လိမ်လည်လုပ်ကြံ သတင်းလွှင့်နေသည့် ယုတ်ညံ့သည့် လုပ်ရပ်ကိုလည်း ကန့်ကွက်ရှုတ်ချလိုက်ပါသည်။

စစ်အာဏာရှင်အစိုးရအား ဖြုတ်ချနိုင်ရေး ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးအတွက် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီ အင်အား စုများ အားလုံးစုစည်းညီညွှတ်စွာ ပူးပေါင်းပြီး တိုင်းရင်းသားလူမျိုးစုံ ပြည်သူလူထုနှင့် လက်တွဲကာ ၀ိုင်းဝန်းတိုက်ပွဲဝင်ရမည့် အချိန်ကာလသို့ ရောက်ပြီဖြစ်သည်။နိုင်ငံရေးအင်အားစုများ အကွဲကွဲအပြားပြားဖြင့် ကိုယ်နည်းကိုယ့်ဟန်နှင့် တိုက်ပွဲဝင်နေ၍ မရတော့ချေ။ အတိတ်က မညီညွတ်မှုများကိုသင်ခန်းစာယူပြီး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအဖြစ် တိုက်ပွဲသဏ္ဍာန်နှင့် ဘုံနိုင်ငံရေး လုပ်ငန်းစဉ်များကို စနစ်တကျ ချမှတ်၍တော်လှန်တိုက်ပွဲဝင်ကြပါရန် တိုင်းပြည်နှင့် ပြည်သူအကျိုး မျှော်ကိုး၍ တိုက်တွန်းနိုးဆော်လိုက်ပါသည်။

-၂၀၁၀ ရွေးကောက်ပွဲအား ကန့်ကွက် ဆန့်ကျင်တိုက်ဖျက်ကြ ၊ မဲမပေးပဲ သပိတ်မှောက်ကြ။
-၂၀၀၈- ဖ့စွဲ ည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဖျက်သိမ်းရန်- ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများ
အားလုံး စုစည်း တိုက်ပွဲဝင်ကြ။
- စစ်အုပ်စု ၊ စစ်အာဏာရှင်အစိုးရအား တိုက်ဖျက်ကြ ။ ဒီမိုကရေစီအစိုးရကို ထူထောင်ကြ။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး

Wednesday, September 22, 2010

Tuesday, September 21, 2010

Thursday, September 16, 2010

နိုဝင်ဘာရွေးကောက်ပွဲကို သပိတ်မှောက်လို့အောင်ပွဲရ

ဟွန်ဒျူးရပ်စ်နိုင်ငံတွင် ငြိမ်းချမ်းတဲ့တော်လှန်ရေးလှုပ်ရှားမှုဟာ (၂၀၀၉ ခုနိုဝင်ဘာ ၂၉) ရွေးကောက်ပွဲကို မဲမပေးပဲ အောင်မြင်စွာ သပိတ်မှောက်နိုင်ခဲ့ပါတယ်။ “ပြည်သူတို့ရဲ့ မတရားတဲ့အမိန့် မနာခံခြင်း စီမံကိန်း” အရ ဟွန်ဒျူးရပ်စ် ပြည်သူများစွာက ရော်ဘတ်တို မစ်ချဲလက်တီရဲ့ အာဏာသိမ်းအစိုးရကို ဆန့်ကျင်တဲ့ အနေနဲ့ မဲမပေးပဲနေခဲ့ကြပါတယ်။

၂၀၀၉ ခုဇွန်လ ၂၈ ရက်နေ့ အာဏာသိမ်းခဲ့ချိန်မှစကာ “ငြိမ်းချမ်းတဲ့တော်လှန်ရေး အမျိုးသားတပ်ဦး” ကို ဟွန်ဒျူးရပ်စ်အတိုက်အခံများကဖွဲ့စည်းခဲ့ပါတယ်။ ထိုတပ်ဦးက မတရားအမိန့်များမနာခံမှု နည်းမျိုးစုံဖြင့် ရွေးကောက်ပွဲကို သိပိတ်မှောက်ခဲ့ကြပါတယ်။ ထိုရွေးကောက်ပွဲကို အမေရိကတိုက်နိုင်ငံများစွာက အသိ အမှတ်မပြုကြပါဘူး။ ထိုရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ရန် အများတောင်းဆိုထား ကြတဲ့ မဲဆန္ဒများကိုလျစ်လျူရှုထားလျက် အာဏာသိမ်းအုပ်ချုပ်သူများရဲ့ အရာရှိများသာပါဝင်စေခဲ့တာပါ။

ရွေးကောက်ပွဲကျင်းပစဉ်မှာ လွတ်လပ်တဲ့တသီးပုဂ္ဂလလေ့လာသူများက အင်တာနက်များမှတဆင့် သတင်းများ မျှဝေပေးခဲ့ပါတယ်။

သမ္မတ မဲန်နျူရယ် ဖယ်လာယာ က “ယနေ့ရွေးကောက်ပွဲတွင် အချို့နေရာများမှာ မဲလာမပေးသူ ၈၀% အထိ ရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲ မအောင်မြင်ကြောင်း” ကြေညာခဲ့ပါတယ်။(မဲလာမပေးသူ ပျမ်းမျှ ၆၀% ရှိခဲ့ပါတယ်။) အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ အမေရိကန်အခြေစိုက်လှုပ်ရှားသူများက ဟွန်ဒျူးရပ်စ်နိုင်ငံ ရွေးကောက်ပွဲ ဟာ မျှတတဲ့အခြေအနေများမရှိကြောင်းသတိပေးခဲ့ပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့ရွေးကောက်ပွဲမှာ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲအတွက် အခြေခံလိုအပ်ချက်များ ဖြစ်ပေါ်နိုင်ခြေမရှိကြောင်း ကျွန်မပြောနိုင်ပါတယ်လို့ ဟွန်ဒျူးရပ်စ်မှလေ့လာပြီးပြန်လာတဲ့ လက်တင်အမေရိကဆောင်ရွက်ရေးအဖွဲ့မှ လစ္စာ ဟောင်းဂတ် က ဆိုပါ တယ်။

ဟွန်ဒျူးရပ်စ်မှာ အာဏာသိမ်းအုပ်ချုပ်မှုကို တော်လှန်ကြတဲ့ လူငယ်များ၊ အမျိုးသမီးများ၊ အနုပညာသမားများ၊ ရှေ့နေများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ကဲန်ပိန်းလှုပ်ရှားသူများစတဲ့ အလွှာစုံမှပြည်သူများက ကောင်းမွန်တဲ့ အကြောင်းပြချက်များနဲ့ ရွေးကောက်ပွဲကိုသပိတ်မှောက်ကြပါတယ်။

ဟွန်ဒျူးရပ်စ်တော်လှန်ရေးခေါင်းဆောင်များဖြစ်ကြတဲ့ ဘာသာ အိုလစ်ဗား နဲ့ အရာမီတာ ပယ်ရဲယီးရားတို့က ရွေးကောက်ပွဲမတိုင်မီမှာ အမေရိကကိုလာရောက်ပြီး အမေရိကန်ကွန်ဂရက်အဖွဲ့ဝင်များအား ဟွန်ဒျူးရပ်စ်မှ အခြေအနေများကိုရှင်းလင်းတင်ပြကြပါတယ်။ ဟွန်ဒျူးရပ်စ်မှ အာဏာသိမ်းအုပ်ချုပ်ရေးအဖွဲ့ဝင်များဖန်တီးတဲ့ လူသားများဆိုင်ရာပဋိပက္ခများ၊ အကြမ်းဖက်ဖိနှိပ်နှိမ်နင်းမှုများ၊ စစ်တပ်ရဲ့ဝင်ရောက်စီးနင်းမှုများ၊ အဓမ္မဖျောက် ဖျက်မှုများ၊ အတိုက်အခံခေါင်းဆောင်များနဲ့အဖွဲ့ဝင်များ နေ့စဉ်ကြုံတွေ့နေရတဲ့ ညှင်းပန်းနှိပ်စက်မှုများကို ရှင်း လင်းတင်ပြခဲ့ကြပါတယ်။ ဟွန်ဒျူးရပ်စ်အမျိုးသမီးအပေါ် အနိုင်ကျင့်ဆက်ဆံမှုများနဲ့ အမျိုးသမီး ၃၅၀ ကျော်ကို မုဒိန်းကျင့်သတ်ဖြတ်မှု အစီရင်ခံစာများကို တင်ပြခဲ့ကြပါတယ်။

အာဏာဆက်လက်ရယူသွားဘို့အတွက် မစ်ချဲလက်တီအစိုးရရဲ့ အလွဲသုံးပြုမူမှုများ၊ မတရားသတ်ဖြတ်ခြင်းများ၊ မုဒိန်းကျင့်မှုများ၊ အကျင့်ပျက်လာဘ်ယူခြစားခြင်းများ၊ တရားဥပဒေမဲ့ပြုမူမှုများရဲ့ ဖြစ်ရပ်များကိုလဲ တင်ပြခဲ့ကြပါ တယ်။

“ရွေးကောက်ပွဲကိုသပိတ်မှောက်တာဟာ ပြည်သူတို့ရဲ့ဆန့်ကျင်မှုအမှတ်အသားဖြစ်တယ်”လို့ သူတို့ကကြေညာ ခဲ့ကြပါတယ်။

“မဲမပေးကြပါနဲ့။ အကြမ်းဖက်နေတဲ့အခြေအနေအောက်ကဟွန်ဒျူးရပ်စ်ရဲ့ရွေးကောက်ပွဲ အလိုမရှိလို့ပြောကြ” ဆိုတဲ့ ဆောင်ပုဒ်ကိုင်ဆွဲလျက် လူထုတော်လှန်ရေးကို အပြည်ပြည်ဆိုင်ရာထောက်ခံမှု ပိုမိုပေးကြရန် လှုပ်ရှားသူ များက တောင်းဆိုကြပါတယ်။

အာဏာသိမ်းခေါင်းဆောင် မစ်ချဲလက်တီရဲ့အုပ်ချုပ်မှု ၅ လ ခန့်(၂၀၀၉ ဇွန်လမှ နိုဝင်ဘာလ) အတွင်းမှာ ပြည်သူ လူထုအပေါ် အကြမ်းဖက်မှုများစွာရှိခဲ့တယ်လို့ဆိုပါတယ်။ အလုပ်သမားများ၊ ကျောင်းသားများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနဲ့ ကလေးများအပေါ် အကြမ်းဖက်မှုများပါဝင်ပါတယ်။ အုပ်ချုပ်သူဘက်က လူ ၂၇ ယောက်သာ သေဆုံးခဲ့တယ်ဆိုပါတယ်။ အတိုက်အခံများကတော့ လူရာပေါင်းများစွာ ပျောက်ဆုံးနေခဲ့တယ်လို့ ဆိုကြပါတယ်။ အတိုက်အခံတို့ရဲ့ မီဒီယာနဲ့စာနယ်ဇင်းများအပိတ်ခံရ၊ ဆင်ဆာအထိခံရ၊ ခြိမ်းခြောက်ခံရမှုများ ရှိခဲ့ပါတယ်။ ထိုအချိန်ကထွက်ပေါ်လာတဲ့သတင်းများကတော့ အာဏာသိမ်းအုပ်စုကို ထောက်ခံတဲ့သူများရဲ့ ဖန်တီးသတင်းများသာ ဖြစ်ကြပါတယ်။

(Jelena ရေးသားတဲ့ Failed Elections in Honduras: Peaceful Resistance Boycotted Coup efforts while Repression causes one Dead and Dozens Tortured and Detained သတင်းဆောင်းပါးကို မှီးငြမ်း ပါတယ်)
ဆောင်းပါးပေးပို့လာသောဆရာ မောင်မောင်လှကြိုင်အားကျေးဇူးတင်ပါသည်။ 

Tuesday, September 14, 2010

ပဲခူးမြို့ ပေါက်ကွဲလု နီးနီးဖြစ်နေ

ပြည်သူတို့ က ၎င်းတို့ ဘ၀ မလုံခြုံတော့ ဘူးဟု ခံစားနေရ၍ ပဲခူးမြို့ ပေါက်ကွဲလု နီးနီးဖြစ်နေ
စက်တင်ဘာလ ၄ ရက်နေ့ ညကစစ်တပ် အရာရှိ မှ အမိန့် ပေးသဖြင့်စစ်သား များ ကပစ်သတ်၍ သေဆုံးပြီးနောက် ပဲခူးမြို့ တွင် လုံခြုံရေး တင်းကျပ်
ထားသော် လည်း နိုင်ငံရေး နှင့်လူထု အုံကြွမှု ဖြစ်ပေါ် ရေး အတွက်လှုံဆော်စာ များ နေ့ စဉ် ဝေငှမှု ရှိသည် ဟု သတင်းရရှိသည်။
ယနေ့ နေ့ လည် ၁၂ နာရီခန့် က ပဲခူးမြို့ နာရီ စင် အနီး တွင် ကပ်ထားသည့် လှုံဆော်စာများကို ပြည်သူ အများအပြား က လာရောက် ကြည့်ရှု ရာ မှ ရဲတပ်ဖွဲ့ ကစစ်တပ် ကို အကြောင်းကြား၍ ခွာယူရသည်။စစ်တပ်က ပစ်သတ်မှု ဖြစ်ပွားပြီး နောက်ပိုင်း တွင် ပဲခူးဒေသခံ တို့ မှာ ၎င်းတို့ အိမ်များတွင် တူမီး၊ဒူလေး ၊မျှား၊လှံ ၊မှိန်း၊ ငှက်ကြီးတောင် စသည့် ရရာ လက် နက်များ ကို စုဆောင်းလာကြသည်။
ပဲခူးမြို့ ရွေှ့မော်ဓော ဘုရား အနီးတွင် နေသည့် မီးရထား ၀န်ထမ်းဟောင်း တစ်ဦးက မူ အဘ တို့ အိမ်မှာ ရှိ တဲ့ ဒူးလေး ကို ထုတ်မသုံးတာ ကြာပြီ အမဲ လဲ မပစ်တော့ ဘူးဆိုတော့ အခု တော့ဆောင်ထားရပြီ နောက်တစ်ခါ ဒီလို ကိစ္စမျိုးဖြစ်ရင် တော့ သူသေ ကိုယ်သေ ပဲ ဟု နာကျဉ်းစွာဖြင့်Freedom News Group သို့ ပြောသည်။
စက်တင်ဘာ ၄ ရက် အိပ်မက်ဆိုး ကြောင့် ပဲခူးမြို့ ခံ တို့ မှာ မိမိတို့ ဘ၀ လုံခြုံမှု မရှိ ဟု ခံစားနေရသဖြင့် အထက်တန်းပြ ဆရာမ သည် ပင်လျှင် အိပ်ထဲဉ် ဓားမြှောင် ဆောင်ထားသည် ဟုသိရသည်။
ပဲခူးမြို့ ခံ တို့ အား စစ်တပ်မှ ဆော်ကားပြီး နောက်တွင် ရှေးဟောင်း ကိုယ်လုံ ပညာ ဂိုဏ်းများဖြစ်သည့် ဥဿာရာမ နှင့် ရွှေဟင်္သာ ဂိုဏ်းများ မှာ ပြည်သူကို ကာကွယ်စောင့် ရှောက်ရန် အတွက်ပြန်လည် ဖွဲ့ စည်း လိုက်သည် ဟု သိရသည်။
နိုဝင်ဘာ လ ၇ ရက်နေ့ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပဲခူး ဒေသခံ အများစု မှာ မဲပေးကြမည် မဟုတ် သည့် ပြင် ၎င်းတို့ ၏ ဆန္ဒ ကို လည်း ထုတ်ဖော်မည် ဟု သိရသည်။

ဆိတ်ကွယ်ရာအရပ်ဆီကကျမျက်ရည်

 ဆိတ်ကွယ်ရာအရပ်ဆီကကျမျက်ရည
(အမေ့သား)

အလင်းမဲ့အခန်းကျင်းလေးဆီက
ငါ့ရဲ့စိတ်အစဉ်တွေဟာ
ကျေးလက်မိခင်ရှိရာအရပ်ဆီ
ရောက်ခဲ့ညချိန်တွေဆိုလေ
ငါ့ရဲ့မျက်လုံးအိမ်ထဲမှာ
တပြိုက်ပြိုက်ချွေးရယ်နဲ့
နွားနှစ်ကောင်နဲ့ဖခင်။

ဦးခေါင်းထက်နွမ်းပုဆိုးရယ်နဲ့
ကဇဉ်းရိုးနဘေး
ကညွှတ်ချိုးတဲ့ရုပ်လွှာမိခင်။

ပြီးတော့...ပလိုင်းတလုံးရယ်နဲ့
ဂဏန်းလုံးရှာတဲ့
ပါးကွက်ကြားနဲ့ညီမငယ်လေး
ပြန်မြင်ခဲ့ညတွေဆိုလေ
ဆိတ်ကွယ်ရာအရပ်ထဲမှာ
တိတ်တခိုးလေး
ရွှေရင်ဆို့လို့ငိုမိတယ်။ ။

Monday, September 13, 2010

Saturday, September 11, 2010

တရားခံရှာဖွေတွေ့ရှိခြင်း

တရားခံရှာဖွေတွေ့ရှိခြင်း
(အမေ့သား)

ဝင်းဝါ၀ါရွှေအဆင်းရှိပေမယ့်
ဖျင်းချာချာခေါင်းဆောင်တုကြောင့်ထင်ပ
ပြည်မြန်မာမွဲ။ ။

ဒဂုံမြို့သစ်တောင်ပိုင်း၊ စက်မှုဇုန်(၂) အတွင်းရှိစက်ရုံတစ်ရုံမီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန်(၂)အတွင်းရှိ စက်ရုံတစ်ရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် တစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုကို စက်တင်ဘာလ (၁၂)ရက်နေ့ နံနက် (၃) နာရီ (၃၅) မိနစ်အချိန်တွင် စတင်လောင်ကျွမ်းခဲ့ပြီး နံနက် (၄) နာရီ (၂၀)မိနစ်တွင် မီးညွန့်အားထိန်းနိုင်ခဲ့ရာ (၄)နာရီ (၄၀) မိနစ်၌ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန်(၂)အတွင်း မေခလမ်းနှင့် လသာ(၂)လမ်းထောင့်ရှိ ငါးစာမှုန့်ကြိတ်စက်ရုံမှ မီးသွေးမီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် စတင်ကာ လောင်ကျွမ်းခဲ့ပြီး အဆိုပါ စက်ရုံတစ်ခုလုံးနီးပါး ဆုံးရှုံးမှုဖြစ်ခဲ့ကြောင်း သိရှိရသည်။

ယင်းမီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် (၁၆)စီးနှင့် အုပ်ချုပ်မှု ယာဉ်(၃)စီးတို့ လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။
http://www.news-eleven.com/ မှ

Thursday, September 9, 2010

၈၈နဲ့မတ်လ၁၃ကိုတိုင်တည်ခြင်း

၈၈နဲ့မတ်လ၁၃ကိုတိုင်တည်ခြင်း
(အမေ့သား)

မတ်လ၁၃မှာငါတို့ရှုံးခဲ့ပေမယ့်
ရှစ်လေးလုံးအရေးတော်ပုံထဲ
အမှန်တရားကိုကြွေးကြော်
အဲဒီတုန်းက
ငါတို့အားလုံးပြုံးပျော်ခဲ့ကြတယ်။

ဒို့...အရေး ဒို့...အရေး
သွေးမြေကျခဲ့တဲ့ကြွေးကြော်သံတွေ
ဒို့...အရေး ဒို့...အရေး
ဒီမိုကရေစီရဲ့တောင်းဆိုသံတွေ
ဒို့...အရေး ဒို့...အရေး
လူ့အခွင့်အရေးတွက်တိုက်ပွဲခေါ်သံတွေ
အဲဒီ...ယုံကြည်ချက်နဲ့အားမာန်ပြည့်တဲ့
ကြွေးကြော်သံတွေကြောင့်ပဲ
ဆယ်စုနှစ်တွေဘယ်လိုပြောင်းပြောင်း
အဲဒီကအားမာန်တွေနဲ့
အဲဒီကပေးတဲ့သမိုင်းရဲ့တာဝန်
ငါတို့အားလုံးထမ်းရွက်ကြမယ်။

အမှန်တရားကိုမြတ်နိုူးတဲ့
ပေးဆပ်ခြင်းအတွေးထဲ
ယုံကြည်ချက်တွေအတောင်ပံ့ခတ်ရင်
တနေ့...ငါတို့ရဲ့ရည်ရွယ်ချက်
ငါတို့ရဲ့ခံယူချက်
အဲဒီကလာတဲ့သမိုင်းရဲ့တာဝန်
ငါတို့အားလုံးကြေပြွန်တယ်။ ။

ဤကဗျာအား၈၈နဲ့မတ်လ၁၃ရက်နေ့ကိုဂုဏ်ပြူအပ်ပါသည်။

သူရဦးရွှေမန်းနှင့် သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ ကိုလုံခြုံရေးအရ ခေါ်သွားခြင်းသာဖြစ်

၂၀၀၈ ခုနှစ်က တရုတ်ပြည်သွားစဉ်က စစ်ဝတ်စုံဖြင့် တွေ့ ရ ကာ တရုတ်ခေါင်းဆောင် အချို့ နှင့် အတူတွေ့ ရသည့် သူရ ရွှေမန်း ယခု တစ်ခေါက် တွင် မူ အပြင် မထွက်ရဘဲ တရုတ် ရှိ မြန်မာ သံရုံး တွင် အစောင့်အကျပ် များ နှင့် နေရသည် ဟု ဆိုသည်။


ဗိုလ်ချုပ်မှုး ကြီးသန်းရွှေ၏ ငါးရက်ကြာ တရုတ် နိုင်ငံ ခရီးစဉ် အတွင်း ယခင် တပ်မတော်ကြည်း ရေ လေ ညှို နှိုင်း ရေး မှု ဟောင်း ဖြစ်သည့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း နှင့် ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့် ဦး တို့ ကို ခေါ် သွား ခြင်းမှာ လက်ရှိ နေပြည်တော် ၏ အခြေအနေ အများ အရသူတို့ နှစ်ယောက် ကို ထားခဲ့ရန် မဖြစ်သည့် အတွက် အပါခေါ်သွား ရခြင်း ဖြစ်သည် ဟု သိရသည်။

မြန်မာ စစ်တပ်၏ ထိပ်တန်း ခေါင်းဆောင် နှစ်ဦး ဖြစ်သည့် သူတို့ နှစ်ဦးမှာ စစ်တပ် အပေါ်တွင် ထိုက်သင့်သလောက် သြဇာရှိ သောကြောင့် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ နေပြည်တော်တွင် မရှိ ခိုက် ပုန်ကန် အာဏာသိမ်း ရန် ကြံစည် ခြင်း ကို ကြောက်လန့် ၍ ခေါ်သွား ရခြင်း ဖြစ်သည် ဟု သံချပ်ကာ ယန္တယား တပ်မှအရာရှိ တစ်ဦး က Freedom News Group သို့ ပြောသည်။

နေပြည်တော်ရှိ ၀န်ကြီးဌာန များ တွင် ဗိုလ်သန်းရွှေ ၏ တရုတ်ခရီးစဉ် နှင့် ပတ်သက် ၍ ဝေဖန် ပြောဆိုနေကြမှု ကို သိရသည့် ဌာနမှုး တစ်ဦး က ‘ကျွန်တော်တို့ ဌာန မှာ တော့ ဗိုလ်ချုပ် ရွှေမန်း နဲ့ တင်အောင်မြင့်ဦး တို့ အာဏာသိမ်း မှာ ကြောက် လို့ ခေါ် သွား တာ ဦးရွှေမန်း ကို အိမ် ကို သိမ်းလိုက်ပြီ သူ့ မိသားစု တွေ ဘယ်မှာနေ လဲ မသိဘူး ၊ ဒီမှာ ပြောကြတာက တော့ သူတို့ နှစ်ယောက် စလုံး ကိုယ် မှာ ဗုံးတွေ ချဉ်ပေးထားတယ် တဲ့ တရုတ် ပြည်မှ ထွက်ပြေး မယ် မကြံနဲ့  သူ တို့ အစောင့် နဲ့  ကိုက်ငါးဆယ် ကျော်တာ နဲ့ ဗုံး က ပေါက်ပြီး ရွှေမန်း တို့ သေမှာ ပဲ ဟု ပြောဆို နေကြာသည် ဟု ဆိုသည်။

မြန်မာ စစ်ခေါင်းဆောင် သည် အသက်အရွယ် ကြီးရင့် လှပြီ ဖြစ်သော် လည်း မမောမပန်း ခရီးသွား နိုင်သည့်စစ်သား အိုကြီး တစ်ယောက် ဖြစ်သည် ဟု မော်စကို တွင် ပညာ သင်ယူနေသည့် မြန်မာ စစ်အရာရှိ များ၏ဘလောက် များ တွင် ရေးသား ထားသည်။ မော်စကို တွင် ပညာသင်ယူနေသည့် မြန်မာ စစ်အရာရှိ ငယ်များမှ ဗိုလ်သန်းရွှေ တရုတ်ပြည် သို့ သွားခြင်း ကို သဘောမကျ ဟု လည်း ရေးသား ထားသည်။ထိုသို့သဘောမကျခြင်းမှာ ရုရှား စစ်ဗိုလ် သင်တန်း ဆရာများ က ရှရုား မှ ရုရှား ဆို သည့် အတွေးအခေါ် ရိုက်ထည့်ပြီး ဦးဏှောက်ဆေး ထားသောကြာင့် ဖြစ် သည် ဟု သိရသည်။

Monday, September 6, 2010

မူဆယ်-မန္တလေး ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက်မှုဖြစ်ပွား

မူဆယ်-မန္တလေး ခရီးသည်တင် မှန်လုံယာဉ်တစ်စီးသည် စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ရွာအနီးတွင် လမ်းချော်၍ လမ်းဘေး ပေ ၃၀ ခန့်ရှိ ချောက်ထဲသို့ထိုးကျ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါခရီးသည် ၃၁ ဦးအနက် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်းသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်မှန်လုံယာဉ်သည် မူဆယ်မြို့မှ မန္တလေးမြို့သို့အဆင်း နမ့်ကွတ်ရွာ မိုင်တိုင်အမှတ် ၂၂၇/၂ အနီးတွင် မျက်နှာချင်းဆိုင်မောင်းနှင်လာသောယာဉ်အား ရှောင်တိမ်းစဉ် လမ်းချော်၍ လမ်းဘေးရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်သုံးဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၁ ဦးကို ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။ ယာဉ်မောင်း ---- (၂၅ နှစ်၊ လားရှိုးမြို့နေသူ)အား ကွတ်ခိုင်ရဲစခန်း၌ (ပ) ၆၅/၂၀၁၀ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Sunday, September 5, 2010

Myanmar refugees' search for hope

An estimated 150,000 refugees from Myanmar are currently in camps across the border in Thailand.
Many live in grinding poverty but it is an improvement from life in their home country, even for one community living in a garbage dump.
Families scrape together an income from other people's rubbish, with many children missing school to scavenge alongside the adults.
-------------------------------------------------------------------------------------------------------------
Migrants caught in vicious cycle
Thousands of Myanmar migrants deported from Thailand end up in trafficking camps.
Thailand has begun deporting tens of thousands of migrants from neighbouring Myanmar.
Most had fled persecution or simply crossed the border in search of a better life, but landed in a cycle of corruption and crime instead.

As Al Jazeera discovered, many end up in camps run by traffickers on the Myanmar side of the border region, and have to bribe officials to get back into Thailand.
-----------------------------------------------------------------------------------------------------
Thailand's border drug problem
Focus of narcotics traffickers shifts from
heroin to production of amphetamine pills.
Along the border between Thailand and Myanmar, authorities are battling an old problem that has taken on a new face.
For years, the border area known as the "golden triangle "was the most prolific heroin-producing area in the world.
But now, the focus of illegal drug traffickers in that area has shifted to the production of millions of amphetamine pills. 
-----------------------------------------------------------------------------------------------
Thai troops 'harassing' refugees
Refugees from Myanmar say Thai troops frequently threaten and harass them.
There are more than 100,000 registered refugees from Myanmar living in neighbouring Thailand. Another two million could be living there illegally.
They escaped harsh conditions in Myanmar and the Thai government has promised not to send them back home.
But many of the refugees say they are being harrassed by Thai troops who frequently threaten to force them out of the country.
Aela Callan reports from the border between Thailand and Myanmar, where the number of refugees appears to be suspiciously dropping.