Thursday, September 9, 2010

၈၈နဲ့မတ်လ၁၃ကိုတိုင်တည်ခြင်း

၈၈နဲ့မတ်လ၁၃ကိုတိုင်တည်ခြင်း
(အမေ့သား)

မတ်လ၁၃မှာငါတို့ရှုံးခဲ့ပေမယ့်
ရှစ်လေးလုံးအရေးတော်ပုံထဲ
အမှန်တရားကိုကြွေးကြော်
အဲဒီတုန်းက
ငါတို့အားလုံးပြုံးပျော်ခဲ့ကြတယ်။

ဒို့...အရေး ဒို့...အရေး
သွေးမြေကျခဲ့တဲ့ကြွေးကြော်သံတွေ
ဒို့...အရေး ဒို့...အရေး
ဒီမိုကရေစီရဲ့တောင်းဆိုသံတွေ
ဒို့...အရေး ဒို့...အရေး
လူ့အခွင့်အရေးတွက်တိုက်ပွဲခေါ်သံတွေ
အဲဒီ...ယုံကြည်ချက်နဲ့အားမာန်ပြည့်တဲ့
ကြွေးကြော်သံတွေကြောင့်ပဲ
ဆယ်စုနှစ်တွေဘယ်လိုပြောင်းပြောင်း
အဲဒီကအားမာန်တွေနဲ့
အဲဒီကပေးတဲ့သမိုင်းရဲ့တာဝန်
ငါတို့အားလုံးထမ်းရွက်ကြမယ်။

အမှန်တရားကိုမြတ်နိုူးတဲ့
ပေးဆပ်ခြင်းအတွေးထဲ
ယုံကြည်ချက်တွေအတောင်ပံ့ခတ်ရင်
တနေ့...ငါတို့ရဲ့ရည်ရွယ်ချက်
ငါတို့ရဲ့ခံယူချက်
အဲဒီကလာတဲ့သမိုင်းရဲ့တာဝန်
ငါတို့အားလုံးကြေပြွန်တယ်။ ။

ဤကဗျာအား၈၈နဲ့မတ်လ၁၃ရက်နေ့ကိုဂုဏ်ပြူအပ်ပါသည်။