Saturday, September 11, 2010

ဒဂုံမြို့သစ်တောင်ပိုင်း၊ စက်မှုဇုန်(၂) အတွင်းရှိစက်ရုံတစ်ရုံမီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန်(၂)အတွင်းရှိ စက်ရုံတစ်ရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် တစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုကို စက်တင်ဘာလ (၁၂)ရက်နေ့ နံနက် (၃) နာရီ (၃၅) မိနစ်အချိန်တွင် စတင်လောင်ကျွမ်းခဲ့ပြီး နံနက် (၄) နာရီ (၂၀)မိနစ်တွင် မီးညွန့်အားထိန်းနိုင်ခဲ့ရာ (၄)နာရီ (၄၀) မိနစ်၌ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန်(၂)အတွင်း မေခလမ်းနှင့် လသာ(၂)လမ်းထောင့်ရှိ ငါးစာမှုန့်ကြိတ်စက်ရုံမှ မီးသွေးမီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် စတင်ကာ လောင်ကျွမ်းခဲ့ပြီး အဆိုပါ စက်ရုံတစ်ခုလုံးနီးပါး ဆုံးရှုံးမှုဖြစ်ခဲ့ကြောင်း သိရှိရသည်။

ယင်းမီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် (၁၆)စီးနှင့် အုပ်ချုပ်မှု ယာဉ်(၃)စီးတို့ လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။
http://www.news-eleven.com/ မှ